Saturday, October 16, 2010

ဒေါက်တာတီသံပြာ

ဒေါက်တာတီသံပြာ
ဒေါက်တာတီသံပြာ

စောတီသံပြာကို (၁၄၈၂)ခုနှစ် ပုသိမ်မြို့အပိုင်း ကျုံလာရွာတွင် မွေးဖွားသည်။ (၆)နှစ်သားအရွယ်တွင် ဖခင်သေဆုံး၍ မိခင်၏ ကျွေးမွေးစောင့်ရှောက်မူ့ဖြင့် ကြီးပြင်းလာခဲ့ရသည်။ စောတီသံပြာသည် ငယ်စဉ်က မိခင်၏ သွန်သင်မူ့ကို တသွေမတိမ်းနာခံတတ်သော သားလိမ္မာတစ်ဦးဖြစ်သည်။ ငယ်စဉ်ကလေးအရွယ်ကပင် ကျွဲကျောင်းပြီး ဝမ်းစာရှာဖွေပြီး မိခင်၏ဝန်ထုပ်ကို ကူညီထမ်းရွက်ခဲ့သည်။
စောတီသံပြာ (၈)နှစ်သားအရွယ်တွင် ကျုံလာရွာကို ဓါးပြများဝင်ရောက်မီးရှို့သဖြင့် တစ်ရွာလုံးပြာကျခဲ့လေသည်။ ထိုကြောင့် ကျုံလာရွာထက် ပိုမိုလုံခြုံသည့် ကျုံတာရွာသို့ တစ်ရွာလုံးပြောင်းရွေ့နေထိုင်ရလေသည်။ ငယ်စဉ်ကပင် ကြည့်တတ်၊ မှတ်တတ် လေ့လာစူးစမ်းတတ်ခြင်းနှင့် နားလည်လွယ်ကူတတ်သော မွေးရာပါ ပင်ကိုယ်အရည်အခြင်းများရှိသောကြောင့် ဦးလေးတော်သူ ဦးရွှေငုံက သူ၏ ဆေးပညာ အရိပ်အရာကိုခံယူစေရန် ရည်ရွယ်ခဲ့သည်။ ဦးလေးဦးရွေငုံက ဆေးမြစ်များကို တူး၍ မှတ်သားစေလေသည်။ စောတီသံပြာလည်း ဦးလေးခိုင်းသမျှကို ဂရုတစိုက် ကြိုးစားလုပ်ကိုင်ကာ မှတ်သားစေလေသည်။ အင်္ဂလိမ်မြန်မာ ပထမစစ်ပွဲးအပြီး၌ ရခိုင်နှင့် တနင်္သာရီတိုင်းကို အင်္ဂလိပ်လက်သို့ ပေးအပ်လိုက်ရသည်။ ယခုလည်း အောက်မြန်မာပြည်သည် မင်းနေပြည်တော်၏ အုပ်ချုပ်မှု့မှ ကင်းလွတ်နေသည်။ ထိုကြောင့် တောမီးလောင်တောကြောင်လက်ခမှောင်းခတ် ဆိုသကဲ့သို့ လူဆိုးသူခိုး ဓါးပြများ အလွန်ပေါများ၏။ မီးရှို့လုယက်တိုက်ခိုက်ကြသည်။ ထို့ကြောင့် အောက်မြန်မာပြည်သူများဟာ မရှုနိုင်မရှိုက်နိုင် ဖြစ်နေကြရသည်။
စောတီသံပြာ (၁၀)နှစ်သားအရွယ်တွင် ဒုတိယစစ်ပွဲဖြစ်လာသဖြင့် သူတို့သားအမိမှာ ကျုံတာရွာတွင် ဆက်လက်မနေနိုင်တော့ပဲ ပုသိမ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရလေသည်။
ပုသိမ်တွင် အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့မှ ဖွင့်လှစ်သော သာသနာကြောင်း၌ သူပညာ
သင်ကြားခွင့်ရခဲ့သည်။ ထိုသာသနာကျောင်း ကရင်စာကို အဓိက ထားသင်ကြားပြီး ပထဝီ၊
သင်္ချာ စသော ကျောင်းစာများအပြင် တောင်း၊ ပလုံးယက်ခြင်း၊ လက်သမားလုပ်ငန်းစသည့် လက်တွေ့အသက်မွေးဝမ်ကျောင်း ပညာများကိုလည်း တွဲဘက်သင်ကြားပေးသည့် ကျောင်းလည်း ဖြစ်လေသည်။ ထိုကျောင်းသည် နောက်တွင် ကိုးဆူ အကယ်ဒမီကျောင်း ဖြစ်လာလေသည်။ ထိုစဉ်က သူသင်ကြားရသော ကရင့်စာများမှာ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့မှ ဒေါက်တာဂျော်နသန်ဝိတ် (၁၈၃၀)ခုနှစ်တွင် တီထွင်သောစကောကရင်စာနှင့် (၁၈၄၀)ခုနှစ်က ဘုန်းတော်ကြီးဘရေတန် တီထွင်သော ပိုးကရင်စာတို့ဖြစ်သည်။ ပိုး၊ စကောစာနှစ်မျိုးလုံးမှာ မြန်မာ၊ မွန်ဗျည်းအက္ခရာအပေါ် အခြေခံထားခြင်းဖြစ်သည်။ အင်္ဂလိမ်မြန်မာ ဒုတိယစစ်ပွဲအပြီး မွန်နှင့် မြန်မာနယ်များကို အင်္ဂလိမ်စစ်တပ်က သိမ်းပိုက်လိုက်သည့်အခါတွင် မော်လမြိုင်၌ အခြေပြုနေသော အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့သည် ရန်ကုန်သို့ပြောင်းရွေ့ အခြေချလိုက်တော့သည်။ ထို့နောက် အောက်မြန်မာပြည်ရှိ ပုသိမ်၊ ပြည်၊ ပဲခူးစသော ဒေသများ၌ သာသနာပြုလုပ်ငန်း စတင်ဆောင်ရွက်နေတော့သည်။ သာသနာပြုလုပ်ငန်းများမှာ သာသနာပြုလုပ်ငန်းသက်သက် မဟုတ်ဘဲ စာပေသင်ကြားမှု့နှင့် ဆေးဝါးကုသမှု့များကိုလည်း ပူးတွဲဆောင်ရွက်သဖြင့် ဒေသခံလူမျိုးများမှာ စာပေများတတ်မြောက်လာကြပြီး သာသနာပြုလုပ်ငန်းအဖို့လည်း ပိုမို၍ အခြေခိုင်မြဲလာခဲ့သည်။
(၁၈၅၄)ခုနှစ်တွင် ပုသိမ်နှင့် ဟင်္သာတသို့ သာသနာပြုမူ့ စတင်ဆောင်ရွက်ခဲ့သည်။ ဓနုဖြူမြို့တွင် ဘုန်းတော်ကြီး ဒီအယ်လ်ဘရေတန် တည်ထောင်သော သာသနာပြုကျောင်းဖွင့်ပွဲတွင် စောတီသံပြာတို့သားအမိ တက်ရောက်ခဲ့ကြသည်။ စောတီသံပြာတို့သားအမိနှင့် ရန်ကုန်မြို့တွင် ရောက်ရှိလာသော သာသနာပြုဆရာ မစ္စတာဗင်တန်ဇနီးတို့နှင့် ပထမဦးဆုံးတွေ့ဆုံခဲ့ပါသည်။ သာသနာပြုဆရာ မစ္စတာဗင်တန်တို့ ဇနီးမောင်နှံသည် စောတီသံပြာ၏ ဖျတ်လတ်မှု့ကို သဘောကျသည်။ ထို့ကြောင့် ဓနုဖြူမှ အစည်းအဝေးပွဲပြီးသည့်အခါ စောတီသံပြာကို ရန်ကုန်သို့ခေါ်ဆောင်ခဲ့သည်။ ရန်ကုန်မှ တဆင့် အမေရိကန်သို့ ပညာသင်ခေါ်ဆောင်သွားရန်ဖြစ်သည်။ သို့သော် မစ္စတာဗင်တန်သည် သာသနလုပ်ငန်းတွင် မနားမနေ ပင်ပန်းမှုဒါဏ်များကြောင့် (၁၈၅၈) ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ စောတီသံပြာ၏ အမေရိကန်သို့ ပညာသင်သွားရန် အစီအစဉ်မှာ ယာယီရပ်ဆိုင်းသွားခဲ့ရသည်။ သို့သော် အကြပ်အတည်းကြားထဲကပင် ဆက်လက်သင်ကြားသည့် စောတီသံပြာသည် လုံ့လဝီရိယရှိပြီး မှတ်ဥာဏ်ကောင်းသူဖြစ်သည်။ ထိုသို့ ရှိစဉ်သာသနာပြုဆရာ မစ္စတာအင်ဂေါင်၏ ဇနီးမစ္စတာအင်ဂေါင်၏ကျေးဇူးဖြင့် တီသံပြာအမေရိကန်သို့သွားရန် အကြောင်းတိုက်ဆိုင်လာပြန်သည်။ မစ္စတာအင်ဂေါင်လ်တို့၏ ဇနီးမောင်နှံမှာ မော်လမြိုင် ရန်ကုန် နှင့်ရခိုင်တို့တွင် အတူတကွ သာသနာပြုဆောင်ရွက်ခဲ့ သူများဖြစ်သည်။ သာသနာပြုနေစဉ်မှာပင် မစ္စတာအင်ဂေါင်လ် (၁၈၅၆)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ (၁၈၆၅)ခုနှစ်တွင် မစ္စတာအင်ဂေါင်လ်၏ဇနီး မစ္စက်အင်ဂေါင် အမေရိကန်သို့ ပြန်လည်အနားယူမည်ဖြစ်ရာ တီသံပြာလည်း လိုက်ပါခွင့်ရခဲ့လေသည်။ ထိုအချိန်တွင် တီသံပြာသည် (၂၃)နှစ်သာရှိသေးသည်။ ဖြစ်သည့်နည်းနှင့် အမေရိကန်သို့ လိုက်လာခဲ့ရသဖြင့် ပထမဦးဆုံးရင်ဆိုင်ရသော အခက်အခဲ၊ စားရေးသောက်ရေးပင် ဖြစ်လေသည်။ (၁၈၆၀)ခုနှစ် ရန်ကုန်မြို့မြန်မာအသင်းတော် ဖွဲ့စည်းရာတွင်လည်းကောင်း ထင်းရှားအောင်မြင်သူတစ်ဦးဖြစ်သည်။ ဒုတိယအခက်အခဲမှာပညာသင်ကြားခွင့်ရရေးပင် ဖြစ်လေသည်။ တီသံပြာ အမေရိကန်သို့ရောက်ပြီးနောက် ပထမဦးဆုံးနယူးယောက်တွင် အခြေချဖြစ်သည်။ ထို့နောက် ဘောစတွန်းသို့ ရောက်လာသည်။
သူပထမ ဦးဆုံးလုပ်ရသောအလုပ်မှာ သတင်းစာရောင်းသော လုပ်ငန်းဖြစ်သည်။ ကျောင်းနေရန်အတွက် သတင်းစာရောင်းရင်းငွေကြေးစုစောင်းသည်။ ထို့နောက် မီးရထား ကမ္မဏီတခု၌ မီးရထားလမ်း ဖေါက်လုပ်သည့်လုပ်ငန်းတွင် မြေတိုင်းစာရေးအဖြစ် အလုပ်ရသည်။ မီးရထားလမ်းပြီးသောအခါ မီးရထားလမ်းပေါ် ကျော်ဖြတ်သွားတတ်သော ကျွဲရိုင်းများကို ပစ်ခတ်ရသောအလုပ် ရပြန်သည်။ ဤနည်းဖြင့် စောတီသံပြာ မိမိကျောင်းစရိတ်ကို မိမိရှာကာ ပညာသင်ကြားခဲ့ရာမှ မန်းချက်စတာ တက္ကသိုလ်၌ တက်ရောက်နိုင်ခဲ့လေသည်။ အလုပ်လုပ်ရင်းမှ ပညာကိုဆက်လက်သင်ကြားခဲ့ရာ (၆)နှစ်အကြာ (၁၈၇၁)ခုနှစ်တွင် ဝိဇ္ဖာဘွဲ့ကိုဆွတ်ခူး ရရှိခဲ့သည်။ နောက်ထပ်နှစ် နှစ်ဆက်လက်သင်ကြားခဲ့ပြီး မဟာဝိဇ္ဖာဘွဲ့ကို ဆက်လက်ရရှိပြန်သည်။ ဘွဲ့ရပြီးသောအခါ သူ့အားအလုပ်ခန့်ရန် လိုသူများ အများအပြားရှိသော်လည်း မိမိအမျိုးသားကို ပြန်လည်အလုပ်အကျွေးပြုရန် ဆုံးဖြတ်ချက်ချထားသော တီသံပြာသည် မည်သည့်နိုင်ငံသား၏ အလုပ်ကိုမှ လက်ခံခြင်းမပြုခဲ့တော့ ဘာသာရေးဆိုင်ရာစာပေများကို
လေ့လာဆည်းပူးခဲ့သည်။
မြန်မာပြည်သို့ ပြန်ရောက်သောအခါ ဗြိတိသျှအစိုးရ၏အုပ်ချုပ်ရေး ယန္တရားတွင် သူအနေဖြင့်ရာထူးရာခံများ ရရှိနိုင်သော်လည်း မိမိအမျိုးသားအတွက် သာသနာအလုပ်ဖြင့်အကျိုးပြုရန်သာ စိတ်ဆုံးဖြတ်ထားသည်။ မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် ဦးစွာပထမ ပဲခူးကရင်အထက်တန်းကျောင်း ယခု အထက (၁)အလုံတွင် ကျောင်းဆရာဝင်လုပ်သည်။ ထိုနောက် မိမိအမျိုးသားအတွက် စာအုပ်များကို ပြုစုရေးသားခဲ့ရာစုစုပေါင်း (၂၅)ပြုစုနိုင်ခဲ့သည်။ ဤသို့ မိမိအမျိုးသားအတွက် ပြန်လည်အကျိုးပြုနိုင်ခဲ့သော အကျိုးထူးကြီးမှာ သူအားပညာရေးလမ်းကြောင်းပေါ်သို့ ပထမဆုံးတက်ပို့ပေးခဲ့သော သာသနာပြုဆရာ ဗင်တန်၏ ကျေးဇူးကြောင့်သာဖြစ်ကြောင်း ဒေါက်တာတီသံပြာ မမေ့ခဲ့ချေ။ ထိုကြောင့် ကျေးဇူးရှင်အတွက် သူကိုယ်တိုင်ဦးဆောင်ပြီး ဗင်တန်ခန်းမဆောင်ကို ဆောက်လုပ်ခဲ့လေသည်။ ဘာသာရေးကိုဆောင်ရွက်ရင်း တဘက်တလမ်းမှ အမျိုးသားရေးလုပ်ကိုင်ရန် (၁၈၈၁)ခုနှစ်တွင် ဒေါကလူအသင်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ခရစ်ယာန်သာသနာပြန့်ပွားရေးနှင့် စာပေပို့ချမှု့လုပ်ငန်းများကို လုပ်ဆောင်ခဲ့သော ဒေါက်တာတီသံပြာအား ဂိုချက်စလားတက္ကသိုလ်မှ ဘာသာတရားနှင့်ဆိုင်သော ဂုဏ်ထူးပါရဂူ (D-D)ဘွဲ့ကို ထပ်မံချီးမြင့်ခဲ့လေသည်။ ဒေါက်တာတီသံပြာ၏ နာမည်အပြည့်အစုံမှာ (Thesdine Tha Bya)ဖြစ်သည်။

ကရင့်နိုင်ငံရေးအစ ဒေါက်တာ တီသံပြာက(၄)
ပထမဆုံး မဟာဝိဇ္ဖာဘွဲ့ 
ထင်ပေါ်ကျော်ကြားသော ကရင်အမျိုးသားခေါင်ဆောင်များအနက် ဒေါက်တာတီသံပြာသည် တစ်ယောက်ဖြစ်သည်။ ထိုခေတ်ထိုအခါက အမေရိကန်လိုနိုင်ငံမျိုးတွင် မြန်မာနိုင်ငံသားများအနက် ပထမဆုံး မဟာဝိဇ္ဖာဘွဲ့ကို ဆွတ်ခူးရရှိသူမှာလည်း သူပဲဖြစ်သည်။ ဒေါက်တာတီသံပြာသည် အရပ်အမောင်း ၆ပေလောက်ရှိသည်။ မျက်နှာမှာ (၄)ထောင့်ပုံသဏ္ဍာန်ရှိသည်။ သူသည် တဘက်တွင် ကျောင်းဆရာဖြစ်၍ တဘက်တွင် သာသနာအကျိုးဆောင်တစ်ဦး ဖြစ်သည်။ အလွန်တည်ကြည်ခန့်ညားသည်။ အမေရိကန်ပြည်ထောင်စုမှ မဟာဝိဇ္ဇာဘွဲ့ ဖြင့်ပြန်လာသူဖြစ်၍ ထိုစဉ်က ဗြတိသျှအုပ်ချုပ်ရေးယန္တရားက ဌာနဆိုင်ရာ ရာထူးဖြင့် ဆွဲဆောင်ခဲ့သော်လည်း သူသည် အလုံရပ် ပဲခူးကရင်ကျေင်း၏ ကျောင်းဆရာအဖြစ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ခြင်းအသင်းတော်ကြီး၏ အကျိုးဆောင်းအတွင်းရေးမူး အဖြစ်သာ အမှုတော်ကိုထမ်းခဲ့သည်။
ယင်းသို့ ကျောင်းအုပ်အဖြစ်အမှု့ထမ်းရင်း တဘက်မှာလည်း ခရစ်ယာန်အကျိုးကို လုပ်ဆောင်နေစဉ် ဆရာကြီးသည် ခရစ်ယာန်ဘာသာစာပေကို ပြုစုခဲ့သည်။ သူသည် ခရစ်ယာန်ဘာသာ စာပေပြုစုမှုအတွက် ခရစ်ယာန်စာပေဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိသည် ဆရာကြီး၏ဘွဲ့အပြည့်အစုံမှာ (MADD) ဖြစ်သည်။ သူသည် ပညာရေးနှင့် ခရစ်ယာန်ဘာသာရေးအကျိုးကို ထမ်းဆောင်နေရာမှာ အမျိုးသားရေးကိုလည်းမမေ့မလျှော့ (၁၈၈၁)ခုနှစ်၌ သူဦးဆောင်ဦးရွက်ပြု လျှက် ဒေါကလူခေါ် ကရင်အမျိုးသားအစည်းအရုံးကို ပထမဆုံး တည်ထောင်ခဲ့သူဖြစ်သည်။ ဒေါကလုဟူသည့် ကရင်ဘာသာ၏ စကားအသံထွက်မှာ တစ်ပေါင်းတစ်စည်းတည်း တစ်ညီတစ်ညွှတ်ဟူ၍ ဖြစ်သည်။ ယင်းနှင့်ပါတ်သက်၍ တက္ကသိုလ်များ သမိုင်းသုတေသနမှ ထုတ်ဝေသော ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓါန်စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြထာသည်။ ကေအဲန်အေ (၁၈၈၁)ကေအဲန်အေဆိုသည်မှာ ကရင့်အမျိုးသားအစည်းအရုံး၏ အတိုကောက်အခေါ်ဖြစ်သည်။ ကေအဲန်အေကို ကရင်လူမျိုးတို့ က ဒေါကလုဟု ခေါ်သည်။ ကေအဲန်အေကို (၁၈၈၁)ခုနှစ်တွင် ဖွဲစည်းခဲ့သည်။ ပထမဆုံးဥက္ကဌမှာ ဒေါက်တာတီသံပြာဖြစ်သည်။ ယင်းဒေါကလု ကရင့်အမျိုးသား အစည်းအရုံးသည် အိန္ဒိယပြည် ကွန်ဂရက်ဖွဲ့စည်းခြင်းထက် (၂)နှစ်စောသည်။ အိန္ဒယပြည်အမျိုးသား ကွန်ဂရက်ကို (၁၈၈၃)ခုနှစ်တွင် ဖွဲ့စည်းထားသည်။

မုဆိုးမသား ကျွဲကျောင်းသား
ဒေါက်တာတီသံပြာ၏ ငယ်စဉ်ဘဝနှင့် ကြီးစွာဘဝများစွာ ခြားနာမူ့ကြီးမားသော အိမ်မက်တခု ဖြစ်ခဲ့သည်။ တီသံပြာကို ပုသိမ်မြို့ကျုံလာရွာတွင်မွေးဖွားသည်။ မိဘနှစ်ပါးစလုံး စကောကရင်များ ဖြစ်ကြသည်။ သံပြာ (၆)နှစ်သားအရွယ်တွင် သူ၏အဖေ ကွယ်လွန်သွားခဲ့သည်။ မုဆိုးမမိခင်ကြီးက မုဆိုမသားလေးကို စောင့်ရှောက်ခဲ့ ရသည်။ သို့ရာတွင် သံပြာတို့မိခင်သည် မည်သည့်အရာကိုပင်လုပ်ဆောင်စေ စည်းကမ်းဖြင့် စနစ်တကျလုပ်ဆောင်တတ်သည်။ သံပြာသည် မုဆိုးမသားဖြစ်သော်ငြားလည်း အစစအရာရာ စနစ်တကျနေလာခဲ့ရသူဖြစ်သည်။ သံပြာအရွယ်ရောက်သော ဦးလေးတော်သူ ဆေးဆရာဝန်က တစ်နေ့တွင် တူဖြစ်သူ မိမိကဲ့သို့ ဆေးဆရာဖြစ်လာစေရန် ဆေးဘက်ဝင် ဘယဆေးပင်များကို တစ်နေ့တစ်ပင်စီ မှတ်သားစေခဲ့သည်။ သံပြာ (၈)နှစ်သားအရောက်တွင် သူတို့ကျုံလာရွာ တစ်ရွာလုံးကိုပိတ်ပြီး ဓါးပြအတိုက်ခံရသည်။ သိုဖြင့်၍ သံပြာတို့ သားအမိမှာလည်း ကျုံလာရွာမှာ မနေရဲတော့ပဲ အထုပ်လေးပိုက်ကာ ကျုံတာရွာသို့ ပြောင်းရွေ့ခဲ့ရသည်။ ကျုံတာရွာသည် ရွာသားတွေညီညွတ်ကြ၍ ကျုံလာရွာထက် အထိုက်အလျောက် ယုံကြည်မှုရှိသည်။ ယင်းသို့ဖြင့် (၁၈၅၂)ခုနှစ် တီသံပြာ (၁၀)နှစ်အရွယ်အရောက်တွင် အင်္ဂလိမ်မြန်မာ ဒုတိယစစ်ပွဲ ဖြစ်လာသဖြင့် ဓါးပြတောသူပုန်ရန်က ပိုမိုဆိုရွားလာရာ သံပြာတို့ ကျုံတာရွာတွင် ဆက်လက်မနေရဲတော့ဘဲ ပုသိမ်မြို့ပေါ်သို့ အပြီးအပိုင်ပြောင်းရွေ့သွားခဲ့ရသည်။ သူ့အတွက်ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ နေ့စဉ် ဘယဆေးပင်ကိုရှာဖွေရင်း ကျွဲကျောင်းနေခဲ့ရသော တီသံပြာသည် ယခု ကျောင်းနေခွင့်ရလိုက်တော့သည်။ သံပြာနေရသော ကျောင်းအမည်မှာ အမေရိကန်နှစ်ခြင်းသာသနာမှ ဖွင့်လှစ်ထားသောကျောင်း ဖြစ်သည်။ ယင်းကျောင်း၏အမည်မှာ ကိုဆူအကယ်ဒမီပင်ဖြစ်သည်။ သံပြာတို့ ပုသိမ်မြို့ပေါ်သို့ ရောက်ရှိပြီး မကြာမီမှာပင် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲက ပြီးဆုံးသွာခဲ့သည်။ ဤတွင် မော်လမြိုင်တွင် အခြေစိုက်နေသော အမေရိကန်နှစ်ခြင်းသာသနာအဖွဲ့သည် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ရန်ကုန်၊ ပုသိမ်၊ ပြည်နှင့် ပဲခူးဒေသသို့ ချီတက်ရောက်ရှိလာသည်။ အမေရိကန်နှစ်ခြင်းသာသနာအဖွဲ့သည် မူလခရစ်ယာန်စာပေဖြန့်ချီခြင်း၊ ဟောပြောပို့ချခြင်း နှစ်ခြင်းမင်္ဂလာပေးခြင်း လုပ်ငန်းများကိုကျော်၍ ယခုအခါ စာပေသင်ကြားခြင်း၊ ဆေးဝါကုသခြင်း လုပ်ငန်းများကို သာသနာပြုလုပ်ငန်းနှင့် ဆက်စပ်၍တိုးချဲ့ လုပ်ဆောင်လာသည်။ သံပြာ ပထမဦးဆုံးတက်ရသော ကိုဆူအကယ်ဒမီကျောင်းသည် ရာသီအလိုက်ကျောင်းဖြစ်သည်။ တောသူတောင်သားကလေးများ အလုပ်မရှိသော နွေရာသီတွင် ဖွင့်လှစ်သောကျောင်းမျိုး ဖြစ်သည်။ ယင်းကျောင်းတွင် သင်္ချာ၊ ပထဝီ ဘာသာရပ်တို့အပြင် ပန်းရံလုပ်ငန်း၊ ခြင်းတောင်းနှင့် ပလုံးယက်လုပ်ငန်းကိုပါ သင်ကြားပေသည်။ ကရင်စာကိုလည်း မသင်မနေရသင်ကြားပေးသည်။

ဘဝအလှည့်အပြောင်း
(၁၈၅၅)ခုနှစ်အရောက်တွင် ဧရာဝတီ၌ အမေရိကန်နှစ်ခြင်း သာသနာပြုလုပ်ငန်းသည် အထူးတလည် စည်ပင်လာလေသည်။ ယခင်က မြစ်ဝကျွန်းပေါ်ဒေသ၏ သာသနာပြုလုပ်ငန်းကို ပုသိမ်တခုထဲတွင်သာ အခြေစိုက်ကာ ယခုအခါ ဟသာင်္တနှင့် ဓနုဖြူတို့ တွင် တိုးချဲ့သာသနာနယ်မြေအဖြစ် အခြေစိုက်လိုက်သည် ဓနုဖြုဒေသရှိ ကရင်လူးမျိုးများအတွက် တိုးချဲ့သာသနာပြုလုပ်ငန်းတာဝန်ခံမှာ မစ္စတာ ဘရေတန် (အလုံရပ်ရှိဘရေတန်ဘုရားကျောင်းဖြစ်သည်)။
ထိုအချိန်မှ အစပု၍ နှစ်ခြင်းသာသနာ၏ လုပ်ငန်းများကို ဝေဖန်ဆန်းစစ်သောအားဖြင့်
အလှည့်ကျဒေသအသီးသီးတွင် တစ်နှစ်တစ်ခါ အစည်းအဝေးပွဲးကျင်းပသည်။ ယခုနှစ်အဖို့ ဓနုဖြူမြို့တွင်အလှည့်ကျနေသည်။ ဤတွင် ရန်ကုန် ဟင်္သာတ ဓနုဖြုဒေသအသီးသီးမှ သာသ
နာပြုခေါင်းဆောင်းများနှင့် ဓနုဖြူအစည်းအဝေးကို တက်ရောက်လာကြသည်။ ဤဓနုဖြူ နှစ်ခြင်းခရစ်ယာန် အစည်းအဝေးကြီးသည်ပင် တီသံပြာ၏ဘဝကိုအလှည့်အပြောင်း ဖြစ်စေခဲ့လေသည်။

No comments: