Monday, November 29, 2010

ယနေ့ သတင်း (၂၉ ရက် နိုဝင်ဘာလ ၂၀၁၀)

သတင်း
နံနက် (၁၁ နာရီ ၃၀) ယမန်နေ့က ဖြစ်ပေါ်ခဲ့သော နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ တိုက်ပွဲများကြောင့် နအဖ စစ်သား ၁၇ ယောက်ကျဆုံးပြီး၊ ၂ ယောက်မှာ အပြင်းအထန် ဒဏ်ရာရသောကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင် ကုသနေတယ်လို့ သိရှိရသည်။ ဒီကေဘီအေ ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

နံနက် (၁၀) မြန်မာဘက်ခြမ်း မြ၀တီနဲ့ ကီလိုမီတာ ၂၀ အကွာ ဖလူးကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ ဒုက္ခသည် ၄၀၀၀ ကျော်ခန့် လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ လောလောဆယ် စစ်ပြေးဒုက္ခသည်များကို မယ့်ကူကေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ထားရှိကြောင်း သိရှိရသည်။

No comments: