Saturday, November 6, 2010

ကရင်လူမျိုးအပေါ် ဗိုလ်ကျစိုးမိုးသော နအဖတို့၏လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

သထုံခရိုင်၊ တပ်မဟာ(၁)

2-11-2010နေ့တွင် နအဖစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF) တို့သည် ကမမောင်းအထိတက်လာမည့်ရိက္ခာတင် ကားတန်း ကြီးလုံခြုံရေးအတွက် မီးပုံး၊ ကုန်းတန်းကြီး၊ မယ်ရယ်၊ သေလာဘော၊ ကမမောင်း ကားလမ်းတစ်လျှောက်တွင် လုံခြုံရေးယူထားပြီ
ဖြစ်ကြောင်းနှင့်၎င်းရိက္ခာပို့ ကားများလည်း တစ်ချို့တက်လာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

နအဖစစ်တပ်နှင့် နယ်ခြားစောင့်တပ်ဦးစီးဦးဆောင်သူ မိုးညိုက နောင်ဖါဒူးကျေးရွာမှ ရွာသူကြီးကို ဆင့်ခေါ်ပြီး ပြည်သူ့စစ်ဖွဲ့ရန် အတင်းအဓမ္မ ညွန်ကြားခဲ့သည်။ သို့သော် ထိုတော့ရွာက လုံးဝလက်မခံခဲ့ပေ။
1-11-2010နေ့တွင် ၄င်းပြည်သူစစ်ကို မလုပ်ချင်သော နွံဖိုးမူရွာသားတစ်ယောက်၊ တော်တလေရွာသားတစ်ယောက်နှင့် နွံမကွီ ရွာသားတစ်ယောက် တို့က ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရပါသည်။

ဒူးပလာယာ(နဘူး)ခရိုင်၊ တပ်မဟာ(၆)

1-11-2010နေ့၊ ညနေ ၃း၅၀ အချိန်တွင် ရန်သူ စကခ(၁၂)၊ခမရ(၅၄၀)စ်ကြောင်း(၁)မှ စစ်ကြောင်းမှူးနိုင

်ဝင်းအေးနှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး အင်အား(၄၀)ခန့် မြို့ဟောင်းရွာသို့ရောက်ရှိလာကာ ရွာသားကြက်များနှင့်ဆန်နှစ်တင်းကို အတင်းတောင်းစားခဲ့သည်။

ထို့ပြင် ထိုအရပ်မှာပင် 2-11-2010နေ့မနက်၆နာရီအချိန်တွင် ရောက်ရှိလှုပ်ရှားနေသော ရန်သူစကခ(၁၂)၊ ခမရ(၅၄၀/၅၄၈)၊ ခလရ(၂၃၀/၂၃၁)တပ်ဖွဲ့သည် ညနေ၅နာရီအချိန်တွင် ကော့ကရိတ်မြို့သို့ ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိပါသည်။


မူရင်း သတင်း(ကရင်ဘာသာ)

4.11

No comments: