Monday, December 13, 2010

ယနေ့ သတင်း (၁၁ ရက် ဒီဇင်ဘာလ ၂၀၁၀)

Saturday, December 11, 2010

ဆုံဆည်းရာ၊ ၁၁ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ည (၈ နာရီ ၃၀ မိနစ်) ဒီဇင်ဘာလ ၉ ရက်နေ့မနက်ပိုင်း ၁၀ နာရီတွင် နအဖ စစ်တပ်များ စခန်းထိုင်ထားသော မြ၀တီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုးတောင်တန်း ဒီကေဘီအေမှ သိမ်းယူလိုက်သည်။ နအဖ စစ်ကူလာသည့် တပ်များကို ဒီကေဘီအေက ဖြတ်တိုက်နေသည့်အတွက် ဝေါ်လေစခန်းထိုင် တပ်များအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာဆေးဝါးများမရှိသည့်အတွက် အထိအခိုက် အကျအဆုံးများကြောင်း သိရှိရသည်။ ဒီကေဘီအေတပ်များ တိုက်ခိုက်မှုများကြောင့် နအဖ တပ်ရင်း(၅၄၇) ၊ (၂၃၀) တပ်များ ထိခိုက်ဒဏ်ရာများရရှိသောကြောင့် ဆုတ်ခွာသွားပြီး မြ၀တီမြို့တောင်ဘက် ဖလူးကြီးရွာကို ရောက် ရှိနေသည့် တပ်မ(၄၄)လက်အောက်ခံ စစ်ကြောင်းများနှင့် သွားရောက် ပူးပေါင်းကြောင်း သိရှိရသည်။(ကိုးကား - ကောင်းဝါ)
ည (၈ နာရီ ၂၀ မိနစ်) ယနေ့မနက်ပိုင်းတွင် မြ၀တီမြို့တွင် နအဖ စစ်တပ်မှ စစ်ကားများ သေနတ်ဖောက်အလေးပြုပြီး နအဖ စစ်သားအလောင်းများကို မြ၀တီမှ အဆင်းကားလမ်းအတိုင်း သယ်ဆောင်သွားကြောင်း မြ၀တီမြို့ခံတဦးမှ ပြောဆိုသည်။

ညနေ (၁၀ နာရီ ၃၀ မိနစ်) နအဖ စစ်တပ် တပ်ရင်း ၂၃၀ မှ စစ်သားတွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ဖလူးကျေးရွာ ပြောင်းဖူးဂိတ်အနီးတွင် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ က ရဲဘော် ၆ ဦးရဲ့အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ နအဖ စစ်တပ်မှ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ ရဲဘော် ၆ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ယူဆပါတယ်။

No comments: