Monday, January 31, 2011

AUN-Japan နှင့် JAR တို့မှကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား(တိုကျို)။

၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။








Japan Association for Refugees နှင့် Association of United Nationalitirs in Japan တို့၏ ၂၀၁၁ ခုနှစ် အတွက် ပူးပေါင်းဆောင်ရွက်မှု အစီစဉ်တခုဖြစ်သော Leadership Workshop on Business Manner နှင့်Leadership Workshop on the Mass Media တို့အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ ဇန္န၀ါရီ(၃၀)ရက်နေ့ တိုကျို Shinjuku-ku, Okubo,Okubo Chiiki Center 3F တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


ှယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။ သင်းတန်းဆရာများအဖြစ် အဆိုပါ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ပညာရှင်များမှ ဦးဆောင်သင်တန်း ပို့ချပြီး အနာဂတ် ခေါင်းဆောင်များ လက်တွေ့ကျင့်သုံးရမည့် နည်းနာများနှင့် သတင်းမီဒီယာအတွက် လိုအပ်ချက်များတို့ကိုပါ လက်တွေ့ သင်တန်းပို့ချခဲ့ပါသည်။


ဆက်လက်ပြီး AUN-Japan နှင့် JAR တို့မှ မြန်မာနိုင်ငံသားများအတွက် လက်တွေ့အကျိုးပြုမည့် သင်တန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments: