မန်းရောဘတ်ဇံကိုစောကျော်ခွီးမှ ဆက်သွယ်မေးမြန်းချက်
ကျနော့်နာမည် (မန်းရောဘတ် ဘဇန်)ပါ၊ အသက်ကတော့ (ရ၀)၀န်းကျင်ပါ၊ အမေရိကန်ပြည်ထောင်စု မီနီဆိုးတားပြည်နယ်၊ စိန်ပေါမြို့မှာ မိသားစုနဲ့အတူနေပါတယ်။ တာဝန်ကတော့ (ကရင်ကွန်မြူနီတီ မီနီဆိုးတား)(KCM)(Karen Community of Minnesota)ရဲ့ (Advisory Board)(အကြံပေး)အဖွဲ့ဝင်တဦးပါ။
(KNU)အစည်းအရုံးရဲ့ စတုထ္ထဥက္ကဌ(မန်းဘဇန်)ရဲ့သားဦး(အမျိုးသားလွတ်မြောက်ရေးနဲ့ဒီမိုကရေစီရေး)တိုက်ပွဲဝင်ရဲဘော်တဦးပါ၊
မေးခွန်း(၁)။ ပြည်တွင်းစီးပွားရေးကြပ်တည်းမှု၊ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ လယ်ယာ၊ ခြံမြေများ မတရားသိမ်းဆည်းခံရမှုတွေကြောင့် ပြည်သူတွေ အင်မတန် ဆင်းရဲ့ပင်ပန်းကြပြီး လူထုအုံကြွမှုတွေ ဟိုတစ၊ ဒီတစဖြစ်ပေါ်လာလိုက်စစ်အစိုးရက လက်နက်အင်အားသုံးပြီး မညှာမတာနှိမ်နင်းလိုက်ရင် ပျောက်လိုက်နဲ့ဖြစ်နေတော့ တိုင်းပြည်အေးချမ်းမှုတွေက လုံးဝကို ဆိတ်သုဉ်းနေပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလည်း။
ပဌမအချက်အနေနဲ့-
ကျနော်တို့တိုင်းပြည်ကို လက်နက်အားကိုးပြီး ပြည်သူ့ဆန္ဒမပါဘဲထင်
ရာစိုင်း၊တရားလက်လွတ်အုပ်ချုပ်နေတဲ့အုပ်ချုပ်သူအဆက်ဆက်ရဲ့
ဖေါက်ပြန်တဲ့ စီးပွားရေးပေါ်လစီကြောင့်ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့-
နိုင်ငံတော်မှာဖြစ်ရှိနေတဲ့ ပကတိအခြေအနေကိုမသုံးသပ်နိုင်လို့၊
လူမျိုးစုံနေထိုင်တဲ့ ဒီတိုင်းပြည်မှာလူမျိုးများရဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်
ပြဌာန်းခွင့်ကို အသိအမှတ်မပြုလို့် ပြည်ထောင်စုစိတ်ဓါတ်နဲ့မှန်မှန်
ကန်ကန်အဖြေရှင်းကြလို့၊ မဟာလူမျိုးကြီးဝါဒကိုတန်းတန်းစွဲဆုတ်ကိုင်
ထားကြလို့၊ လူမျိုးစုံသွေးစည်းချစ်ကြည်ရေးစိတ်ဓါတ်ကိုမတည်
ဆောက်နိုင်လို့ နှစ်ပေါင်း(၆၀)ကျော်ပြည်တွင်းစစ်ကြောင့်ဖြစ်ရတယ်
လို့--မြင်တယ်
မေးခွန်း(၂)။ ဗိုလ်သန်းရွှေတို့စစ်အုပ်စုက (၆၂)နှစ်မြောက် ကရင်တော်လှန်ရေးနေ့နဲ့ တနေ့ထဲ သူတို့ရဲ့ ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပမယ်လို့ ကြေညာလိုက်တဲ့အပေါ် ရှုမြင်ပုံလေး ပြောပြပေးပါ။
နအဖ (ဖက်ဆစ်)စစ်အုပ်စုဟာ ပြသနာတရပ်ကိုကိုင်တွယ်ဖြေ
ရှင်းရာမှာ (ရုပ်)ကျကျ မချည်းကပ်ဘူး၊ မစဉ်းစားကြဘူးဗျ။ ဗေဒင်ဆရာ
တွေရဲ့ လမ်းညွန် လမ်းပြ ရှေ့ဆောင်မှုအတိုင်းလုပ်နေကြတယ်။ကိုယ်
ပိုင်ဦးဏှောက်နဲ့လုပ်နေကြသူတွေမဟုတ်ဘူး။
ဇန်န၀ါရီလ(၃၁)ရက်နေ့ ကရင့်တော်လှန်ရေးနေ့မှာဘဲ ပဌမဆုံး
အကြိမ်(စစ်သားတမတ်သား)လွတ်တော်ခေါ်ခေါ်၊ သြဂုတ်လ(၁၂)ရက်
နေ့ ကရင့်အာဇာနည်များနေ့မှာဘဲ လွတ်တော်ခေါ်ခေါ်၊ ဒီကောင်တွေ တွက်ထားသလို ထင်သလိုဖြစ်မလာနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့-နအဖ(ဖက်ဆစ်)တွေ ရွေးကောက်ပွဲစလုပ်တဲ့ နိုင်ဝင်ဘာလ(ရ)ရက် နေ့မှာဘဲ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့၊နယ်ခြားစောင့်တပ်ဖွဲ့တာကို
ဆန့်ကျင်တဲ့၊ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော်လှန်တဲ့ (ဒဿန)
(တော်လှန်တဲ့)သစ္စာတရား(၄)ပါးကို ဆုတ်ကိုင်ထားတဲကျနော်တို့ရဲ့ ညီ
နှောင် (DKBA)က တော်လှန်တဲ့ ဒုတိယမီးရှူးမီးပန်းကိုထွန်းညှိလိုက်
တာဖြစ်တယ်။
နအဖ(ဖက်ဆစ်)တွေလုပ်မဲ့ပဌမဆုံးလွတ်တော်ခေါ်ယူမဲ့နေ့မှာ-ဒုတိယ အထွေထွေပြည်သူ့တော်လှန်ရေးကြီးစတင်မဲ့ (ရ) ရက်ဖြစ်
လာမဲ့ရက်ဖြစ်မယ်လို့မြင်တယ်၊ နအဖ(ဖက်ဆစ်)တွေရဲ့ (မသာ)
ခေါင်းလောင်းထိုးတဲ့နေ့ဖြစ်တယ်လို့--မြင်တယ်၊
မေးခွန်း (၃)။
ဒီနအဖ(ဖက်ဆစ်)တွေရဲ့ စစ်မှုထမ်းဥပဒေသစ်ဟာ (သူ့သေတွင်း သူတူး)တဲ့ ဥပဒေဖြစ်တယ်၊ ကြံ့ဖွံ့တွေကလွဲရင် လူမျိုးစုံပြည်သူ(၉၉)
ရာခိုင်နှုံးကဆန့်ကျင်တဲ့၊ ဗမာတပ်မတော် ကြည်း၊ရေ၊ လေ၊ ပြည်သူရဲ
တပ်ဖွဲ့ဝင်တွေရဲ့ မိဘဆွေမျိုး သားမယားတွေက အစ ဆန့်ကျင်တဲ့ဒီ
စစ်အုပ်စုဟာ ဒီဥပဒေထုတ်ပြီး မကြာခင် သန်းရွှေ။မောင်အေး တို့ရဲ့အ
ဖေကြီး ဗိုလ်နေ၀င်းဇာတ်သိမ်းသွားတာထက် အဆ(၁၀၀)ဆိုးတဲ့ဇာတ်
သိမ်းခမ်းမျိုးနဲ့ ဇာတ်သိမ်းသွားမယ်လို့မြင်တယ်၊ (ကိုယ့်ကို ဆန့်ကျင်တဲ့ အုပ်စုတွေလက်ထဲ လက်နက်ထိုးအပ်ပြီးဆိုတာနဲ့ပြည်သူ့တော်လှန်ရေး
ရဲဘော်တွေလက်ထဲသေနတ်ရောက်သွားသလိုဖြစ်လာမယ်။ ကမ္ဘာ့သ
မိုင်းမှာ စစ်အာဏာရှင်တွေဇာတ်သိမ်းသွားသလိုဇာတ်သိမ်းသွားကြ
လိမ့်မယ်--လို့မြင်တယ်။
မေးခွန်း (၃)။ စစ်အစိုးရက အသက်၁၈ ပြည့်သူတိုင်း စစ်မှုထမ်းရမယ်လို့ ဥပဒေသစ် ပြဌာန်းလိုက်တဲ့အပေါ် ဘယ်လိုသုံးသပ်မိပါသလည်း။
နအဖ(ဖက်ဆစ်)ဆန့်ကျင်ရေး ဒုတိယပြည်သူ့ဒီမိုကရေစီတော်
လှန်ရေးအစပိုင်းလို့မြင်တယ်။ ဒီပွဲဦးထွက်တိုက်ပွဲတွေမှာ(KNLA)
(DKBA)နဲ့ (ABSDF)က တိုက်ပွဲဝင် သူရဲကောင်းတွေတက်ညီလက်ညီ နဲ့တိုက်ပွဲဝင်နေကြတယ်။ ကရင်နီတပ်မတော် (KA)။ ရှမ်းပြည်တပ်
မတော် (SSA)၊ရခိုင်ပြည်တပ်မတော် (ALA)၊ ချင်းအမျိုးသားတပ်မ
တော် (CNA) တွေကလဲ ပြည်နယ်အလိုက်တိုက်ပွဲဝင်နေကြတယ်၊
ပြည်တွင်း နဲ့ နိုင်ငံတကာ တော်လှန်ရေးမိသားစုကြီးက တစတစ
ဝိုင်းဝန်းထောက်ခံ အားပေးပံ့ပိုးလာကြတယ်၊ (MNLA)မွန်အမျိုးသား
လွတ်မြောက်ရေးတပ်မတော်(KIA)ကချင်လွတ်လပ်ရေးတပ်မတော်
နဲ့ (UWSA)တပ်မတော်တွေကိုတော့(ပျားရည်နဲ့ ၀မ်းချ)ထားတယ်၊
စီးပွားရေးလုပ်ပိုင်ခိုင်ခွင့်ပေးပြီး (သေနတ်)ပြောင်းပိတ်ခိုင်းထားတယ်၊
ဒါဟာ ယာယီဘဲငြိမ်နေမှာဖြစ်တယ်၊တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်း
ခွင့်ကိုအပေးနိုင်။ မဖြေရှင်းနိုင်ရင်၂၀၁၁ ကစတင်ပြီး ဗမာ့တပ်မတော်
တပ်ရင်း တပ်ဖွဲ့တွေ ပါ ပူးပေါက်းပါဝင်မှုဖြင့်တပြည်လုံးသေနတ်သံ
တွေဆူညံလာမှာဖြစ်တယ်လို့--မြင်တယ်၊
မေးခွန်း(၄)။အခုလို နယ်စပ်တွေမှာDKBA၊ KNU၊ ကျောင်းသားစတဲ့တော်လှန်ရေးတပ်တွေကို နအဖက လက်နက်အင်အား အလုံးအရင်း၊ ကလေးစစ်သားများစွာ၊ ထောင်သားများကို ပေါ်တာအဖြစ်သုံးပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတဲ့အပေါ် ဘယ်လို တုံ့ပြန်ပြောဆိုချင်ပါသလည်း။
(UNHCR)လက်မှတ်နဲ့ နိုင်ငံတကာကိုရောက်နေတဲ့သူတွေဘဲ
ဖြစ်ဖြစ်၊ (Burmese Passport )နဲ့လာသူတွေဘဲဖြစ်ဖြစ်အမိမြန်မာပြည်
မှာ စားရမဲ့ သောက်ရမဲ့ ကုန်းကောက်စရာမရှိလောက်အောင် ဒုက္ခပင်
လယ်ထဲ လက်ပစ်ကူးခဲ့ဘူးတဲ့ သူတွေဖြစ်တယ်။ စစ်ကျွန်တွေဖြစ်နေ
တယ်။ ဒီဘ၀ကလွတ်မြောက်ဘို့ နိုင်ငံတကာရောက် လူမျိုးစုံပြည်သူ
တိုင်းရဲ့ (အမျိုးသားရေး)တာဝန်ဖြစ်တဲ့ နအဖ(ဖက်ဆစ်)ဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးဆင်နွဲကြဘို့ဖြစ်တယ်၊သေနတ်ပြန်
ကိုင်တိုက်ဘို့ မဖြစ်နိုင်တော့ပေမဲ့ တော်လှန်တဲ့အင်အားစုတွေကို့
(ကာယ၊ ဥာဏ နဲ့ ဓန) အင်အားတွေနဲ့ဟန်ချက်ညီ ၀ိုင်းဝန်းပံ့ပိုးကြ
ပါလို့--မှာကြားလိုပါတယ်။
မေးခွန်း(၅)။တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ မြန်မာပြည်လွတ်မြောက်ရေးတို့အတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုများနဲ့ စစ်ဘေး စစ်ဒဏ်ကြောင့်ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ပြေး ဒုက္ခသည်များကို ဝိုင်းဝန်း ထောက်ခံ အကူအညီပေးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ပြည်သူများကို ဘာတွေမှာကြားချင်ပါသလည်း။
နောက်ဆုံး ကရင်တမျိုးသားလုံးကိုပြောချင်တာက-ကရင့်ခုခံတော်လှန်စစ် နှစ်ပေါင်း(၆၀)ကျော်အတွင်း ကရင့်သမိုင်းကို သွေးနဲ့ရေးခဲ့တဲ့ ကရင့်အာဇာနည်အပေါင်းရဲ့ သစ္စာတရားကို စောင့်သိရိုသေကြပါ။
ကရင်အမျိုးသားများအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခကို မိတ်ဘက်ပဋိပက္ခဖြေရှင်းနည်းတွေနဲ့ဖြေရှင်းကြပါ။ စိတ်ရှည်ကြပါ၊ သီးခံကြပါ၊ စိတ်နှိမ့်ချကြပါ၊ သဘောထားကြီးကြပါ၊
လူမျိုးစုံပြည်သူတွေကိုပြောချင်တာက-စစ်အာဏာရှင်စနစ်ကို အမြစ်ပါ
မကျန်တူးထုတ်ကြပါ၊ ဒေါ်စုနဲ့ ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မ
တီ(CRPP)ကို ၀ိုင်းရံကြပါ၊ ဗိုလ်ချုပ်အောင်းဆန်းတည်ထောင်ခဲ့တဲ့ ဗမာ့
တပ်မတော် က ကြည်း၊ရေ၊ လေ၊ ပြည်သူ့ရဲတပ်ဖွဲ့တို့မှမျိုးချစ်လက်
နက်ကိုင်စစ်သည်တော်အားလုံး ဗိုလ်ချုပ်ရဲ့ မျိုးဆက်သစ် ဒေါ်စုနဲ့ခိုင်
မာစွာလက်တွဲပြီး ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်ကိုတည်
ဆောက်ကြပါလို့--ပြောကြားလိုပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျား။
No comments:
Post a Comment