Wednesday, January 5, 2011

UNHCR Mae Sod 04.01.201ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ (UNHCR) ရှေ့တွင် ဒီကေဘီအေနယ်ခြားစောင့်အသွင်ပြောင်းတပ်မှ ရဲဘော်တဦးဖြစ်သူ စောသံမဏိမှ ဆန္ဒပြမှု ပြု

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကုလသမဂ္ဂ(UN)ရုံးရှေ့၌ ယနေ့မနက်တွင် ဆိုင်ကယ်အငှားသမားတဦးကို ဓားစာခံလုပ်ပြီး လက်ပစ်ဗုံး ကိုင်ဆောင်ကာ လာရောက်ဆန္ဒပြသည့် DKBA တပ်ဖွဲ့ဝင်တဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
ယနေ့မနက်၈နာရီအချိန်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (၉၉၉)တပ်မဟာ တပ်ရင်း(၄)မှ စောသံမဏိ ၃၆နှစ်သည် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် UN အနေဖြင့် အသွင်ကူးပြောင်းပေးရန် ရည်ရွယ်၍ မြန်မာပြည်ဘက်ခြမ်း မြ၀ တီမှတဆင့် လာရောက်ဆန္ဒပြရာ အခြေအနေမဟန်၍ မော်တော်ဆိုင်ကယ်အငှားမောင်းသမားကို ဓားစားခံပြုလုပ်ပြီး လက်ပစ်ဗုံး စနက်တံကလစ်များကို ဖြုတ်၍ တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ စောသံမဏိက ၂၀၁၀ရွေးကောက်ပွဲအား လက်မခံနိုင်ကြောင်း၊ ၂၀၁၀ရွေးကောက်ပွဲသည် မြန်မာပြည်ဒီမိုကရေစီ အသွင် ကူးပြောင်းနိုင်မည် မဟုတ်ကြောင်းနှင့် UN အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းလဲပေးရန် စသည့်အချက်များ အပါ အ၀င် အချက် ၄ချက်ဖြင့် UN ရုံးသို့ တောင်းဆိုခဲ့သည်။
သို့သော် စောသံမဏိ၏ တောင်းဆိုချက်များကို မဲဆောက် UN ရုံးတာဝန်ရှိသူများက လက်ခံဆွေးနွေးခြင်းမရှိဘဲ မဲဆောက်မြို့ပိုင် နိုင်ကီတီဆတ်တိုမိုဆတ်မှ ၁နာရီခန့် သွားရောက်စေ့စပ် ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် ၎င်းအား မြန်မာပြည်သို့ ပြန်မပို့ရန်နှင့် ဒီကေဘီ အေတပ်ဖွဲ့ဝင်များထံသို့ လွှဲပြောင်းခြင်းမပြုရန် တောင်းဆိုချက်ကို မြို့ပိုင်က သဘောတူညီခဲ့သည့်အတွက် စောသံမဏိက လက် နက်ချလိုက်ခြင်းဖြစ်သည်။

ယင်းသို့ သဘောတူညီချက်ရရှိပြီးနောက် စောသံမဏိအား တရားမ၀င် လက်နက်ကိုင်ဆောင်မှုတခုဖြင့်သာ အရေးယူသွားမည်ဖြစ် ကြောင်း မြို့ပိုင်က မဲဆောက်မြို့ရှိ ဒေသခံသတင်းထောက်များကို ပြောကြားခဲ့သည်။ မဲဆောက်ရဲများက စောသံမဏိထံမှ ဒီကေ ဘီအေ သင်တန်းဆင်းလက်မှတ် ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် မဲဆောက်မြို့ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

စောသံမဏိသည် DKBA တပ်ဖွဲ့ဝင်တဦးမဟုတ်တော့ကြောင်း လက်ရှိအချိန်တွင် တပ်မဟာ(၉၉၉)သည် နအဖ စစ်အစိုးရ၏ နယ် ခြားစောင့်တပ်ကို ပြောင်းသွားခဲ့သည့် နအဖ လက်ကိုင်တုတ်တပ်တခုဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ(၅)မှ G2 ဗိုလ်မှူးစော ဆန်းအောင်က တုန့်ပြန်ပြောဆိုခဲ့သည်။

DKBA Soldier Surrenders after Hostage Drama
A soldier from the Democratic Karen Buddhist Army surrendered on Monday after briefly seizing a hostage in the Thai border town of Mae Sot. The soldier, identified as Sorta Mini, seized motorcycle-taxi driver Rote Laowan on the Mae Sot-Mae Tao road in front of a branch office of the UNHCR. Holding two hand grenades with pins already removed, he demanded that the Burmese regime return Burma to a democratic nation. He reportedly asked for refugee status from the UNHCR after his surrender.

——
TAK, 4 January 2011 (NNT)-The Karen soldier who held a Thai national hostage during his attempt to seek the United Nations’ help to restore democracy in Burma has already surrendered to the Thai police in Tak province.

The 36 years old soldier who claims to be a member of the Democratic Karen Buddhist Army has been charged with illegal trespassing into the Thai territory and possession of war weapon.

The report stated that the Karen soldier had held hostage a 58-year old Thai man in front of the UN Office in Mae-Sod district and had threatened to kill the hostage, Mr. Saroj Laowan (สาโรจน์ เหล่าวัน), with an M26 grenade before he turned himself in. The soldier confessed that he had done that in his desperate attempt to get the UN to take actions against the Burmese junta government.

————————————–

ယနေ့ မနက် (၇) နာရီခွဲအချိန်ခန့်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဒီကေဘီအေနယ်ခြားစောင့်အသွင်ပြောင်းတပ်မှ ရဲဘော်တဦးဖြစ်သူ စောသံမဏိမှ ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့  UN ရုံးအရောက်မှာ ငှားရမ်းစီးလာတဲ့ ဆိုင်ကယ်တက္ကစီနောက်ကနေ ထိုင်လျက် ပါလာတဲ့ လက်ပစ်ဗုံးတွေရဲ့  စနက်တံတွေဖြုတ်ပြီး သူလိုလားတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ပါလာသော လက်ထိပ်တစုံကို ထိုင်းလူမျိုးဆိုင်ကယ်တက္ကစီသမားရဲ့ လက်နဲ့ သူ့ လက် အတူ တွဲခတ်ပြီး စနက်တန်ဖြုတ်ထားတဲ့ လက်ပစ်ဗုံး နှစ်လုံးကိုင်ဆောင်ကာ သူရဲ့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ်တက္ကစီသမားနောက်တွင် ဖောက်ခွဲရန် အသင့်အနေအထားဖြင့် အဖမ်းမခံပဲ ရှိနေချိန်မှာ မဲဆောက် ထိုင်းအရာရှိများ လုံခြုံရေးများကနေ သူ့ ကို ၀န်းရံထားခဲ့ပြီး စနိုက်ပါနဲ့  ဖမ်းပစ်ဖို့ အထိ ဖြစ်ခဲ့တယ်လို့  သိရှိရပါတယ်။



မြန်မာနိုင်ငံသား ကရင်လူမျိုးဖြစ်သူ စောသံမဏိဟာ ဒီကေဘီအေနယ်ခြားစောင့်အသွင်ပြောင်းတပ်မှ ရဲဘော်တဦးဖြစ်ပြီး မြန်မာနိုင်ငံရေးနှင့် ပတ်သက်သော တောင်းဆိုချက် အချက် (၄) ချက်အား ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။

နအဖတို့ ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တရားမျှတမှု မရှိတာကြောင့် အသိအမှတ် မပြုရန်၊ နအဖမှ နယ်ခြားစောင့်တပ်များအဖြစ် အတင်းအကြပ် ဖိအားပေး လုပ်ခိုင်းမှုများအား တားမြစ်ပေးရန်၊ မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂမှ ထိထိရောက်ရောက် လုပ်ဆောင်ပေးရန်နှင့် ၄င်းအား ယခုဆန္ဒပြခြင်းနှင့် ပတ်သက်၍ အရေးယူပါက ကမ္ဘာ့တရားရုံးသို့  တင်ရန်တို့  တောင်းဆိုခဲ့ပါတယ်။



နောက်ဆုံးမှာ မဲဆောက် UNHCR မှ တာဝန်ရှိသူများနဲ့  မဲဆောက်မြို့ပိုင် ကစ်တိဆတ်သိုးမွန်းဆတ်တို့  ရောက်ရှိလာပြီး မြန်မာပြည်အရေးဆန္ဒပြသူ စောသံမဏိနဲ့  ညှိနှိုင်းပြောဆိုကာ စောသံမဏိမှ သူကိုင်ဆောင်ထားသော လက်ပစ်ဗုံးကို ထိုင်းအထူးရဲတပ်ဖွဲ့အား ပေးအပ်ပြီး အေးဆေးစွာ အဖမ်းခံခဲ့ပါတယ်။



ယခုလို သူ ဆန္ဒပြရခြင်းရဲ့  အဓိက ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားပြည်သူလူထုကို အနိုင်ကျင့် အုပ်ချူပ်နေတဲ့ နအဖအာဏာရူးတွေရဲ့  မတရားလုပ်ဆောင်မှုတွေကို ဖေါ်ထုတ်ပြသလိုက်ခြင်းသာ ဖြစ်ပါတယ်။

(ဆန္ဒပြမှုဖြစ်ပွားနေချိန်တွင် သတင်းပေးပို့ လာခဲ့ကြသော မိတ်ဆွေများနှင့် ဓါတ်ပုံမှတ်တမ်းပေးပို့ လာသော ကိုဗိုက်ပူအား ကျေးဇူးတင်ရှိပါသည်)

No comments: