Monday, February 7, 2011

ရက်စက်၊ယုတ်မာ၊ကြမ်းကြုတ်သော စစ်အစိုးရ၏ လုပ်ရပ်များ

ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်သည် ကရင်ပြည်နယ်ကို အပြင်းအထန်
ထိုးစစ်ဆင်နေချိန်တွင် ရွာသူရွာသားများကို အကြောင်းမဲ့သတ်ဖြတ်ပြီး မုဒိမ်းမှု၊ ခိုးမှုများ
ကိုလည်း လူမဆန်စွာ လူ့အခွင့်အရေးချိုးဖေါက် ကျူးလွန်ခဲ့ကြောင်းကို ပြီးခဲ့သောသတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

ဇန်န၀ါရီလ(၂၈)ရက်နေ့တွင်လည်း ဖလူးဒေသရှိ ပလောတပိုရွာမှ ရွာသူ/သား(၃၂)ယောက်ကို
သတ်ဖြတ်ခဲ့ကြောင်း နယ်စပ်ကွယ်ကလူသတင်းဌာနမှ ဖေါ်ပြခဲ့သည်။

အကြောင်းမဲ့ အသတ်ခံရသော ရွာသူရွာသား(၃၂)ယောက်၏ အလောင်းကို ပြန်လည်တွေ့ရှိချိန်တွင်
အမျိုးသား/အမျိုးသမီးကို ခွဲခြားမရအောင် ပုပ်ပွပျက်စီးနေပြီး ထိုအထဲတွင်
ကလေး(၄)ဦးပါဝင်ကြောင်း သိရှိရပါသည်။

ထိုသို့ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ကို ကျူးလွန်ဖေါက်ပြားသောအဖွဲ့သည်
၎င်းနယ်မြေတွင် လှုပ်ရှားနေသော နအဖစစ်ကြောင်း(၂၂)မှ ဖြစ်ကြောင်း
KNU တပ်ရင်း(၂၀၁)မှ အတည်ပြုဖေါ်ပြခဲ့သည်။

ထို့ပြင်ဇန်န၀ါရီလ(၃)ရက်၊ ညနေ(၃)နာရီအချိန်တွင် ဖါပွန်ခရိုင် ဘူးသိုမြို့နယ် ဘွားဒဲကျေးရွာအုပ်စု
သူမွဲထာ့ရှိ ကျို့လို့နေရာတွင် ဆေးခန်းအပါအ၀င် ဆိုင်၊တဲ၊အိမ် စသည့်အဆောက်အဦးများ
စုစုပေါင်း၃၀ခန့်ကို နအဖ တပ်မ(၁၁)လက်အောက်ခံ တပ်ရင်းနှစ်ရင်းက
သွားရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းKIC ကရင်သတင်းဌာနမှတဆင့် သတင်းရရှိပါသည်။

No comments: