Monday, April 4, 2011

“မာနယ်ပလော ခရီးသည်” ကြော်ငြာပါဗျာ ၊ ကြော်ငြာပါ

ကြော်ငြာပါဗျာ ၊ ကြော်ငြာပါ
ကဲ လာဖတ်တယ်ဆိုမှတော့ ကြော်ငြာဖတ်ချင်တာမို့လို့ဆိုပြီး သဘောထားလိုက်တော့မယ်နော ။
ဆရာကြီးဦးစင်ကြယ်(မန်းညွှန့်မောင်)ရဲ့ စာအုပ်နှစ်အုပ်ထွက်လာလို့ပါဗျာ ။ ဒါပေမယ့် ရောက်တာ
ကနှစ်ပတ်လောက်တောင်ရှိတော့မယ် ၊ ဒီကနေ့မှ ကြိုးစားပြီးဓါတ်ပုံရိုက်တင်လိုက်ရတာပါ ။

ပထမတစ်အုပ်ကတော့ အချို့သိထားပြီးတဲ့အတိုင်း “မာနယ်ပလော ခရီးသည်” ပါ ။
စာမျက်နှာ ၂၇၀ ကျော်ပါပြီး ရှင်လိင် ၃ ခါမပြန်ပေမယ့် ထောင်ထဲက ၃ ခါပြန်ထွက်ခဲ့တဲ့ဆရာကြီးရဲ့
နောက်ဆုံးထောင်ကထွက်ခဲ့ပြီးတဲ့နောက်ပိုင်း တွေ့ကြုံခဲ့ရသမျှတွေကို သာမန်ထက်ထူးခြားတဲ့အမှတ်
သညာနဲ့ ရေးသားမှတ်တမ်းတင်ထားတာဖြစ်ပါတယ် ။



ဒါက ရှေ့မျက်နှာဖုံး ၊



ဒါက နောက်မျက်နှာဖုံးပါ ၊

စာမြည်းပြီးသူတစ်ယောက်ကတော့ ဒီလိုပြောပါတယ် ။
“ဟာ .. စာထဲက ကရင်လူကြီးတွေကို ကျနော်သိတာပဲ ၊ အတော်များများပါတာပဲဗျ ၊ ကဲ ဝယ်မယ်ဗျာ ။”

နောက်တစ်ယောက်ကတော့ အစအဆုံးဖတ်ပြီး “အင်း .. ရေးဟန်ကတော့တစ်မျိုးပဲ ၊ နောက်ပြီး ပါတဲ့
အကြောင်းတွေက အတော်စုံတာပဲ ။ အဝေးရောက်အစိုးရအဖွဲ့ဝင်တွေအကြောင်းလည်း ပါတယ်နော်” ။

ကျနော်ကိုယ်တိုင် မဖတ်ရသေးလို့ ဘာထင်မြင်ချက်မှတော့ မပေးချင်သေးပါဘူး ။
လှန်လှောကြည့်သမျှတော့ စိတ်ဝင်စားစရာဓါတ်ပုံအချို့တော့ တွေ့မိပါတယ် ။ အဲဒီထဲကတစ်ပုံက
တော့ ဦးနုနဲ့ စောဘဦးကြီးတို့ တွဲရိုက်ထားတဲ့ပုံပါ ။ ကျန်တာကိုတော့ (မဖတ်မိတဲ့သူတွေကို) နောင်များ
မှပါပဲ ။


မမျှော်လင့်ပဲ တွဲလျက်ပါလာတဲ့ စာအုပ်တစ်အုပ်ကတော့ အောက်မှာပုံထည့်ပြထားတဲ့အတိုင်းပါ ။
ထပ်ထွက်မယ့်စာအုပ်တွေကိုလည်း အနောက်မျက်နှာဖုံးမှာ သတိထားကြည့်မိကြလိမ့်မယ်ထင်ပါ
တယ် ။
ဒါက နောက်တစ်အုပ်ရဲ့ ရှေ့မျက်နှာဖုံး ၊


ဒုတိယစာအုပ်ရဲ့ နောက်မျက်နှာဖုံးပါ ။

ဒီဒုတိယစာအုပ်မှာပါတဲ့ မာတိကာအရ အချို့ကိုရေးပြရရင် - ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ သခင်
နု ၊ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တွေကစပြီး မြဝတီရဲခေါင်နဲ့ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေတို့နဲ့ အဆုံး
သတ်ထားပါတယ် ။ Voice of Burma စာစောင်မှာ ဖေါ်ပြဖူးခဲ့တာတွေကို ကျောရိုးခံထားတဲ့စာအုပ်ဖြစ်ပြီး
စိတ်ဝင်စားရင်တော့ ဗိုလ်ချုပ်ကျော်ဇော ၊ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်းနဲ့ ဘိန်းဘုရင်ခွန်ဆာအ
ကြောင်းတွေ တစေ့တစောင်းပါတယ်လို့ ပြောထားချင်ပါတယ် ။

ဒီစာအုပ်တွေကို တာဝန်ယူဖြန့်သူနဲ့ စုံစမ်းလို့ရမယ့်သူတွေစာရင်းကို အောက်မှာရေးပေးလိုက်ပါတယ် ။

စောတင်ထွန်း
(ကရင်လူငယ် စာပေလေ့လာရေးအဖွဲ့)
Bangkok - (02) 2921169

Saw Han Nyunt
Netherland

Soe Wynn Shein
Japan

Minori Yakiniku ဆိုင် - ၀၃ ၃၂၀၉ ၀၃၂၉
မိုးသောက်ကြယ်စာကြည့်တိုက် - ၀၃ ၃၃၆၄ ၅၁၆၃
ကိုဟန်ဝင်းထွန်း - ၀၈၀ ၆၇၉၁ ၈၄၀၂
စောဘလှသိန်း - ၀၉၀ ၄၂၄၆ ၃၃၇၉
စောကစ်စင်ဂျာ - ၀၉၀ ၁၇၃၃ ၉၄၄၆
စောသစ်လွင် - ၀၉၀ ၆၃၀၇ ၃၁၁၆
စအောင်ဇော်ခိုင် - ၀၉၀ ၂၈၀၃ ၂၄၁၃
နော်သန္တာလွင် - ၀၈၀ ၅၀၀၄ ၁၃၁၃
(ဂျပန် မိုးသောက်ကြယ်ဂျာနယ်မှာ ပါတဲ့အတိုင်းပါ) ။

ဘန်ကောက်မှာ TACTB က ကိုမြင့်ငွေကိုမေးမြန်းပြီးတော့လည်း ဝယ်ယူနိုင်မယ်လို့ထင်ပါတယ် ။
မဲဆောက်မှာလည်း စာအုပ်ဆိုင်မှာတင်ဖို့ ပို့ထားတာရှိပါတယ် ။

အမေရိကန်ကိုတော့ သီးသန့်ပို့ထားတာမရှိပဲ သြစတျေးလျကနေမှာယူလို့ ရပါတယ် ။ ဈေးနှုန်းသက်
သာမယ့်နေရာတွေက ရှာဖွေမှာယူလို့လည်း ရနိုင်ကောင်းပါတယ် ။ မဲလ်ဘုန်းမြို့တွင်းဆိုရင်တော့ လူကြုံ
နဲ့ဈေးသက်သာနိုင်ပေမယ့် အခြားနေရာတွေအတွက်ကတော့ ဈေးနှုန်းကိုအောက်မှာ ဖေါ်ပြပေးထားပါ
တယ် ။ လိုချင်သူရှိရင်တော့ ကျနော့်စီပုံးထဲဖြစ်ဖြစ် အီးမေးလ်နဲ့ဖြစ်ဖြစ် စုံစမ်းကြလို့ရပါတယ် ။

နှုန်းထား - သြစတြေးလျားအတွက် ဒေါ်လာ ၂၀ နဲ့ ပြည်တွင်းစာပို့ခ ၆.၅ ဒေါ်လာ ကျသင့်ပါမယ် ။
အမေရိကန်တို့လိုပြည်ပဆိုရင်တော့ ၂၀ + ၁၃ ဒေါ်လာ ဖြစ်ပါတယ် ။
(မှတ်ချက် - စီးပွားဖြစ်မဟုတ်ပါ ၊ ကူညီဝန်းရံပေးခြင်းမျှသာ) ။

No comments: