Sunday, April 24, 2011

နအဖအရာရှိ(၁၇)ဦး ပိတ်မိနေပြီး(၈)ဦးအရေးပေါ်ကုသမှု လုပ်ဆောင်ရသော ဥမင်လှိုဏ်ခေါင်း မြေပြိုမှု

Friday, April 22, 2011နအဖအရာရှိ(၁၇)ဦး ပိတ်မိနေပြီး(၈)ဦးအရေးပေါ်ကုသမှု လုပ်ဆောင်ရသော ဥမင်လှိုဏ်ခေါင်း မြေပြိုမှု
နအဖစစ်အစိုးရ၏ နျူးကလီးယားတည်ဆောက်မှုစီမံကန်းသည် ဘယ်အခြေအနေထိ ရောက်ရှိနေမှန်း
အတိအကျမသိရှိရသော်လည်း လျှို့ဝှက်ပေါက်ကြားလာသော သတင်းများအရ ယမန်နေ့ ၂၁-၄-၂၀၁၁၊
နေ့လည်(၂)နာရီခွဲအချိန်တွင် နျူးကလီးယားပြုလုပ်ပြင်ဆင်ထားသည့် မြေအောက်လှိုဏ်ခေါင်းမှာ
မြေပြိုကျမှုဖြစ်ပွားခဲ့ပါသည်။


၎င်းဥမင်လှိုဏ်ခေါင်း မြေပြိုမှုကြောင့် (၈)ဦးဒဏ်ရာရရှိခဲ့ပြီး နအဖအရာရှိ(၁၇)ဦးမှာ လှိုင်ခေါင်းထဲတွင်
ပိတ်မိနေပြီး ဒဏ်ရာရသူ(၈)ဦး အရေးပေါ်ကုသမှုပြုလုပ်နေရကြောင်း သတင်းရရှိပါသည်။


လက်ရှိပိတ်မိနေသော အရာရှိ(၁၇)ဦးကို ဆက်သွယ်၍မရဖြစ်နေပြီး ၄င်းတို့အခြေအနေကို
မသိရှိရသေးသောကြောင့် အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နေကြောင်းလည်း သိရပါသည်။


နေပြည်တော်အစိုးရက လက်ရှိပိတ်မိနေသော (၁၇)ယောက်ကို အမြန်ဆုံးကယ်တင်ရန် ညွန်ကြား
ထားပြီး အပြင်ကို မပေါက်ကြားနိုင်အောင် လုပ်ဆောင်ဖို့လည်း ညွန်ကြားထားကြောင်း သိရပါသည်။


နျူးကလီးယားနှင့် တာဝေးပစ်ဒုံးကျဉ်တည်ဆောက်မည့် လုပ်ငန်းဆိုင်ရာအတွင်း ယခုလိုဖြစ်ပွား
ခဲ့ရသောအခြေအနေနှင့်စပ်လျဉ်း၍ သေချာစီစဉ်လုပ်ဆောင်နိုင်ရန်၊ ဒီကိစ္စနှင့်ပတ်သက်၍
နိုင်ငံတကာအထိ ပေါက်ကြားမှုမရှိစေရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်
အမြန်ဆုံး လုပ်ဆောင်နိုင်ရန် ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုယ်တိုင်က တာဝန်ယူ ကိုင်တွယ်
သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

No comments: