Monday, April 18, 2011

Fruit of Education

Fruit of Education

ကျနော်တို့ ကရင်လူမျိုးများရဲ့ ကျေးရွာတွေကို ဗမာပြည်စစ်အစိုးရက မီးရှီူ့ ဖျက်ဆီးခဲ့ဒါ မှတ်တမ်းများအရ ၁၅ နှစ်အတွင်းမှာ ရွာပေါင်း ၁၆၀၀ ကျော်သွားပါပြီ။

ဒါပေမယ့် ကျနော်တို့ ကရင်အမျိုးသားတွေရဲ့ ကျေးရွာတွေမရှိတော့သည့်တိုင်အောင် သစ်ပင်ဝါးပင် အောက်မှာ ရှိဒါနဲ့  ကျောင်းတွေကို တည်ပြီး ပညာတွေကို သင်ယူဆည်းပူးနေဒါ IDP ဓါတ်ပုံမှတ်တမ်းတွေမှာ တွေ့ ကြရမှာပါ။ အခက်ခဲတွေကြားမှာ ပညာရေးကို မစွန့် လွတ်တဲ့ ကျနော်တို့ လူမျိုးတွေရဲ့ ယုံကြည်ချက် ခံယူချက်တွေ အဲဒီအချက်တွေက ကျနော်တို့ အမျိုးသားရဲ့ အပေါင်းလက္ခာတစ်ရပ်ပဲ ဆိုတာ ပြောချင်ပါတယ်။ ဒီအတွက် ကြိုးစားအားထုတ်အကောင်အထည်ဖေါ်နေတဲ့ KNU ပညာရေးဌာနဲ့ တာဝန်ရှိသူတွေ၊ ပူးပေါင်းပါဝင် ပေးဆပ်သူတွေ အာလုံးကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ယခုတင်ဆက်တဲ့ ဗီဒီယိုဖိုင်လေးက ဗမာပြည်အစိုးရက ကရင် ရွာတွေမီးရှို့  ကျောင်းတွေ မီးရှို့ ဖျက်ဆီးပြီး အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးကြရသူ လူငယ်တွေရဲ့ လွတ်မြောက်နယ်မြေမှ Junior College Graduation ပွဲလေးတစ်ခုပါ။ ဗီဒီယိုဖိုင်ပို့ ပေးလာတဲ့ Doo Plo Soe အား အထူးကျေးဇူးတင်ပါတယ်။

Junior College တွေမှ University of Karen “အမျိုးသားတက္ကသိုလ်” အဆင့် သို့ ရောက်အောင် ကြိုးစားအားထုတ်ကြပါစို့ …… နိုင်ငံတကာရောက် ကရင်အမျိုးသားများ နောင်လာနောက်သားများအတွက် ဒီအချက်ကို အလေးအနက် ထည့်တွက် ပြီး ရောက်ရာအရာမှာ ကြိုးစားအားထုတ် ပြင်ဆင် ထားကြပါလို့  တိုက်တွန်းလိုပါသည်။

No comments: