လေးစားအပ်ပါသော မိခင် ကေအဲန်ယူ ကရင်အမျိုးသားအစည်းရုံးကြီး သို့ 
ကရင်တမျိုးသားလုံး၏
ကံကြမ္မာသည် အသင်၏လက်ထက်မှာရှိသည်ဆိုတာ မမေ့စေချင်။
ဗမာပြည်တော်လှန်ရေးတစ်ခုလုံး အထူးသဖြင့် ဘ၀တူ တိုင်းရင်းသားတို့ ၏
အဖိနိုပ်ခံဘ၀မှ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသော
တိုင်းရင်းသားတို့ ၏ တော်လှန်ရေး ကျောရိုးသည်လည်း
အသင်ဖြစ်နေသည်ဆိုတာကိုလည်း မမေ့ပါနဲ့ ။ ခြေလှမ်းတလှမ်းချင်း၏ရွေ့ လျားမှု
ကောင်းကျိုး ဆိုးကျိုး ရလဒ်များသည် ကျနော်တို့ ၏
သားစဉ်မြေးဆက်များခံစားကြရမည်ဖြစ်သလို ဘ၀တူ တိုင်းရင်းသားများလည်း
ဝေမျှခံစားကြရပေမည်။ သို့ ဖြစ်ပါ၍ အရာရာအားလုံး သတိရှိပါ။
No comments:
Post a Comment