Tuesday, November 22, 2011

မုံရွာမြို့မှ အင်တာနက်သားကောင်ဖြစ်သွားသူလေး .

   မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်နေ မ . . . . အသက် (၁၉) နှစ်သည် နိုဝင်ဘာ (၆)ရက် ညနေ ၄နာရီက မိဘများအား အင်တာနက်ဆိုင်သွားရောက် လေ့ကျင့်မည်ဟု ပြောဆိုကာ နေအိမ်မှ ၈ယ/ ----- လော်ဂျားဆိုင်ကယ်နှင့်ထွက်ခွာသွားရာ အချိန်လွန်သည်အထိ ပြန်လည်ရောက်ရှိခြင်း မရှိသဖြင့် ဖခင်ဖြစ်သူမှ မုံရွာမြို့တွင်လိုက်လံရှာဖွေသော်လည်း မတွေ့ရှိ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံ တွေ့ရှိက အကြောင်းကြားပေးရန် ဆက်သွယ်မှာကြားခဲ့သည်။
   နိုဝင်ဘာ ၁၁ရက် မွန်းလွဲ ၁နာရီခွဲတွင် ရန်ကုန်မြို့နေ ဆွေမျိုးတော်စပ်သူများမှ မ . . . . အား မင်္ဂလာတောင်ညွန်မြို့နယ်ရှိ ရွှေမြို့တော်တည်းခိုခန်း၌ တွေ့ရှိ၍ နေအိမ်သို့ပြန်လည်ခေါ်ယူထားခဲ့သည်။
   မ . . . . ၏ပြောပြချက်အရ လွန်ခဲ့သောသုံးလခန့်တွင် အင်တာနက်မှ (၁၅) ကြိမ်ခန့်ဆက်သွယ်ပြောဆိုသိကျွမ်းခဲ့သူ မျိုးလေး (ခ) ကျော်ထက်ထွန်း (ခ) သက်ပိုင်စိုး (စိစပ်ဆဲ)သည် နိုဝင်ဘာ (၆) ရက်က မုံရွာမြို့သို့ ရောက်ရှိလာပြီး မ . . . .အားရန်ကုန်မြို့သို့ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သွားကာ မင်္ဂလာတောင်ညွန်မြို့နယ်ရှိ ရွှေမြို့တော်တည်းခိုခန်း၌ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ပြီး မ . . . . ထံတွင်ပါရှိသည့် ဆွဲကြိုး၊ လက်ကောက်၊ နားကပ်နှင့်ဆိုင်ကယ်တို့ကို လိမ်လည်ရယူသွားသဖြင့် မုံရွာမြို့၊ အမှတ်(၁) ရဲစခန်းမှ မျိုးလေး (ခ) ကျော်ထက်ထွန်း (ခ) သက်ပိုင်စိုးအား  (ပ)အမှတ် ၆၃၇/ ၂၀၁၁ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆/၄၂၀ အရ အမှုဖွင့် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments: