Monday, November 28, 2011

တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော် ရာထူး မှ


Khin-Zaw

FNG၊          ၊လာဘ်စားမှု ၊ မဿမာ မှု စသည့် နာမည် ဆိုးများ ဖြင့် ကျော်ကြား နေသည့်
တနင်္သာရီ ဒေသတိုင်းဝန်ကြီးချုပ် ဦးခင်ဇော် သည် နိုဝင်ဘာလ ၂၅ ရက်နေ့ က ပြည်ထောင်
စု အစိုးရ အဖွဲ့  သမ္မတ ဦးသိန်းစိန် ၏ အမိန့် အရ ရာထူး နှင့် ၎င်း လက်ရှိ ထမ်းဆောင် နေ
ဆဲ တာဝန် တို့  မှ ရပ် နား ခြင်းခံလိုက် ရသည် ဟု FNG မှ စုံစမ်း သိရှိ ရသည်။
ဝန်ကြီးချုပ် ဦးခင်ဇော် သည် တင်္နသာရီ တိုင်း အတွင်း ဆန်စပါး ရောင်းချမှု  အား ဆန်ဈေးတည်
ငြိမ် မှုကို အကြောင်း ပြ ပြီး မန္တလေး မြို့  အခြေစိုက် အောင်မြင် သူ ကုမ္ပဏီ ကို သာ တစ်ဦးတည်း
တင်သွင်း ခွင့် ပေး သဖြင့် ဒေသခံ များ ၏ အကြီး အကျယ် ကန့် ကွက် ဝေဖန် ခြင်း ကို ခံခဲ့ ရသည်။
ဝန်ကြီးချုပ် ဦးခင်ဇော် သည် မြန်မာ စစ်တပ် တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး ဖြင့် စစ်ရေး ချုပ်တာ
ဝန် ကို ထမ်းဆောင် ခဲ့ ဖူး သူ တစ်ဦး ဖြစ်ပြီး ၂၀၁၀ ခုနှစ် တွင် တပ်မှ ပထမ ဦးဆုံး အနားယူသည့်
အသုတ် တွင် ပါဝင်ကာ ကြံ့ဖွံ့  ပါတီ မှ နေ၍ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ် ပြိုင်ခဲ့သည်။
လယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင် စဉ် က သူ နှင့် ရင်း နှီး ခဲ့ ပြီး ယခု
တနင်္သာရီ တိုင်း တွင် ဆန် တင်သွင်း ခွင့် ရရှိ နေသည့် အောင်မြင်သူ ကုမ္ပဏီ မှ ဦးလှမျိုး ကိုလည်း
သက် ဆိုင်ရာ မှ စစ်ဆေး မေးမြန်း နေ သည် ဟု သိရသည်။
ဦးခင်ဇော် ၏ အဂတိ လိုက်စား မှု ကြောင့် တနင်္သာရီ တိုင်း တွင် မက ကျန် ပြည်နယ် နှင့် တိုင်းများ
တွင် ပါ ဆန်ဈေး မတည်ငြိမ် မှု ဖြစ်ခဲ့ ရသည်။
ဦးခင်ဇော် သည် ဒေသအတွင်း ရှိ ဆောက် လုပ် ရေး လုပ်ငန်း များ ကို ၎င်း နှင့် နီးစပ် သူ များ ကိုသာ
ချထား ပေး သည်။
ဦးခင်ဇော် ရာထူး မှ ရပ်နား ခံရ မှု သည် ရှစ်လ သက်တမ်း ရှိ မြန်မာ အစိုးရ အဖွဲ့  အတွင်း ပထမ
ဦး ဆုံး သော အဆင့် မြင့် ပုဂ္ဂိုလ် တစ်ဦး တာဝန် မှ အနား ပေး ခံရခြင်း ဖြစ်သည်။

No comments: