Thursday, June 21, 2012

“ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်။”




ဗမာပြည်မှာ စစ်တပ်ကအာဏာယူထားတာ အနှစ်ငါးဆယ်တင်းတင်း ပြည့်ပါတော့မယ်။ ဒါ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရ အာဏာသိမ်းထားတဲ့ ၂နှစ် ကျော်ကာလ မပါသေးပါဘူး။ ဗမာပြည်သားတွေအဖို့တော့ ၅၈ ခုနှစ်တုန်းက စည်းကမ်းရှိရေး နဲ့ ငြိမ်ဝပ်ပိပြားရေး အလေးထားတဲ့အစိုးရ၊ ၁၉၆၂ ခုနှစ်တုန်းက ဆိုရှယ်လစ်လောက တည်ဆောက်မယ့်အစိုးရ၊ ၁၉၈၈ ခုနှစ်တုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို အလေးထားတဲ့ အစိုးရ၊ အခုအခါမှာ လွှတ်တော်ဒီမိုကရေစီ တည်ထောင် မယ့် အစိုးရ စသဖြင့် ဗိုလ်နေဝင်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီးတို့ကစလို့ ဒီကနေ့ ဗိုလ်သိန်းစိန်-ဗိုလ်မင်းအောင်လှိုင် စသူတို့အထိ စစ်အုပ်စုအသီးသီးရဲ့ စစ်အစိုးရမျိုးစုံကိုတွေ့ခဲ့ရပါတယ်။ ကြွေးကြော်သံ အမျိုးစုံကိုလည်း ကြားခဲ့ရပါတယ်။ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရနဲ့ ၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီ စတာတွေတုန်းက သတင်းစာအဖုံးတွေမှာ မျက်နှာ ထားတင်းတင်းနဲ့ စစ်ယူနီဖောင်း ဝတ်ထားသူတွေကိုတွေ့ခဲ့ရပြီး မဆလခေတ်နဲ့ ဒီနေ့ကာလမှာတော့ ဟန်ဆောင်အပြုံး တွေနဲ့ တိုက်ပုံဝတ်၊ ခေါင်းပေါင်း ဆောင်းထားတဲ့ ဗိုလ်ချုပ်တွေကိုတွေ့ရပါတယ်။

ဗမာပြည်မှာ စစ်အစိုးရတွေတခုကနေ နောက်တခုကိုပြောင်းတာဟာ သူတို့ချင်း ကွဲပြဲပြီးဖယ်ရှားပစ်တာ၊ ဖြုတ်ပစ်တာ မ ဟုတ်ဘူးဆိုတာ သတိပြုသင့်ပါတယ်။ ကိုယ်ဆက်အုပ်ချုပ်လို့မဖြစ်တော့လို့ ကိုယ်ယုံကြည်ရာတဦးကိုလွှဲပြောင်းပေး ခဲ့ တာချည်း ဖြစ်ပါတယ်။ ဒီတော့ဒီလို စစ်အုပ်စုမင်းဆက်တခုနဲ့တခု အစားထိုးရာမှာ နောက်တက်လာသူဟာ ကိုယ့်ရှေ့က လူလုပ်ခဲ့တာတွေထဲက ကိုယ့်အာဏာတည်မြဲရေးအတွက် အသုံးမတည့်တော့တဲ့၊ ဒါမှမဟုတ်အတားအဆီး အနှောက်အ ယှက်ဖြစ်မယ့် အရာတွေကို ဖယ်ရှားပြီး အသုံးကျမယ့်အရာတွေကိုထိန်းသိမ်းခဲ့ပါတယ်။ ဥပမာဆိုရင် နဝတ နဝတ နဝတ -နအဖ နအဖ နအဖ စစ်အုပ်စုဟာ ဗိုလ်နေဝင်းရဲ့ မဆလဆိုင်းဘုတ်ကို အမှိုက်ပုံးထဲလွှင့်ပစ်ပြီး ဗိုလ်နေဝင်းရဲ့ တပ်မ တော်သာ အမိ၊ တပ်မတော်သာ အဖဆိုတာကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။

အခုဗိုလ်သိန်းစိန်တို့ရဲ့ ကြံ့ဖွတ်စစ်အုပ်စုကတော့ ဗိုလ်သန်းရွှေ ရွှ လုပ်ခဲ့တဲ့ စနစ်တွေကိုစွန့်ပစ်လိုက်ပြီလို့ပြောပြီး ဗိုလ် သန်းရွှေတို့ ချမှတ်ခဲ့တဲ့ “တပ်မတော်ရဲ့ ဦးဆောင်မှုအခန်း”၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတာတွေကိုတော့ ဆက်ခံ ထိန်းသိမ်းခဲ့ပါတယ်။ တပါတည်းမှာ စကားလုံးအသုံးအနှုန်း အပြောင်းအလဲလေးတွေတချို့ကိုလည်း သကာလူးသလို လုပ်ပေးခဲ့ပါတယ်။

အလားတူပဲ နောက်တက်တဲ့စစ်အုပ်စုဟာ ရှေ့ကဆင်းသွားတဲ့စစ်အုပ်စုတည်ထောင်ခဲ့တဲ့၊ ဒါမှမဟုတ်ပိုင်ဆိုင်ခဲ့တဲ့ ဥစ္စာဓ န တွေကို လက်ဖျားနဲ့မတို့ဘဲ တည်ရှိခွင့်ပေးရပါတယ်။ စစ်ဗိုလ်ချင်းအားဏာလွှဲတာမပြောနဲ့ ၁၉၅၈ ခုနှစ် ကြားဖြတ် အ စိုးရကနေ ဦးနုရဲ့ပထစအစိုးရကို အာဏာလွှဲပေးတဲ့အခါမှာ ကြားဖြတ်အစိုးရကာလမှာ တည်ထောင်ခဲ့တဲ့ ဒီအက်စ်အိုင် (D.S.I.) ဘီအီးဒီစီ (B.E.D.C) စတဲ့ စီးပွားရေး အဆောက်အအုံကြီးတွေနဲ့ အဲဒါတွေရဲ့ အစွယ်အပွားတွေကို နောက်အစိုးရက လက်ဖျားနဲ့တောင် မတို့ဝံ့ပါဘူး။ ဦးနုရဲ့အစိုးရဟာ ကတိပေးအာမခံထားသလား အောက်မေ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်နေ ဝင်း က ဆိုရှယ်လစ်စကားလုံးနဲ့ ရိုက်စားလုပ်တဲ့အခါကျတော့ D.S.I., B.E.D.C ပိသုကာတွေဖြစ်တဲ့ ဗိုလ်အောင်ကြီးတို့နဲ့ ကွဲပါတော့တယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းတို့ မဆလခေတ်ထိပ်သီးတွေက တခြားသူတို့နည်း သူတို့ဟန် တွေနဲ့ သူတို့ဓနကို တဖြည်းဖြည်း ပြန်တည်ထောင်ပါတယ်။ နဝတ နအဖ လက်ထက်ကျတော့ ဦးပိုင်ကုမ္ပဏီကအစချီပြီး တည်ထောင်လိုက်၊ ပွားများလိုက်တာ တတိုင်းပြည်လုံး ရေပြင်၊ မြေပြင်၊ ဝေဟင်၊ သူတို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း တွေဟာ လက်ညှိုးထိုးမလွဲဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ဗမာပြည်မှာ စစ်အာဏာရှင်စနစ်သက်တမ်းရှည်လာတာနဲ့အမျှ ဒီစနစ်အပေါ်မှီပြီးပေါ်ပေါက်လာတဲ့ စစ်တပ်နဲ့ စစ်တပ်အသိုင်းအဝိုင်းတွေပိုင်ဆိုင်တဲ့ ဓနအဆောက်အအုံကြီးဟာလည်း ကြီးမားသထက်ကြီးမားလာတယ်လို့ ပြောရ ပါမ ပါမပါမ ယ်။ အခုဆိုရင် ဗမာနိုင်ငံစီးပွားရေးရဲ့ ဓနဥစ္စာရာခိုင်နှုန်း ရှစ် ဆယ် လောက်ကိုစစ်တပ်နဲ့ပတ်သက်သူ၊ ပတ်သက်ဖူးသူ၊ နီးစပ်သူတွေက ပိုင်ဆိုင်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဦးပိုင်ကုမ္ပဏီတခုတည်းရဲ့ဓနဟာ အရင် D.S.I., B.E.D.C တို့ထက် အဆပေါင်းများစွာကြီးနေပါပြီ။ ဒီလိုဖြစ်လာတာရဲ့ အဓိက အကြောင်းရင်းကတော့ စစ်အာဏာရှင်တွေရဲ့ သက်တမ်းရှည်လာလို့ ဖြစ်ပါတယ်။

ဒါပေမဲ့ အရင်းအနှီးဆိုတာ အမြဲတိုးချဲ့နေမှရေရှည်တည်တံ့နိုင်တာပါ။ ဒီတော့စစ်အုပ်စုရဲ့အရင်းအနှီးတွေတိုးချဲ့ဖို့ စဉ်း စားရပါတယ်။ ပြည်တွင်းမှာထပ်မြှုပ်နှံဖို့ မလွယ်တော့ပါဘူး။ ပြည်ပကိုသွားမြှုပ်နှံမှ၊ ပြည်တွင်းမှာလည်း ပြည်ပနဲ့ပူးပေါင်း မြှုပ်နှံမှဆိုတဲ့အခြေအနေရောက်လာပါတယ်။ ဒီအခါမှာ အနောက်နိုင်ငံတွေကပိတ်ဆို့မှုတွေ ဖွင့်ပေးဖို့ဟာသူတို့အတွက် သေရေးရှင်ရေးလိုအရေးကြီးလာပါတော့တယ်။

တကယ်တော့ တိုင်းပြည်တပြည်ကို ရာစုနှစ်တဝက်ဆက်တိုက်အုပ်စိုးတဲ့ မင်းဆက်ဆိုတာ သမိုင်းမှာနှယ်နှယ်ရရ မဟုတ် ပါဘူး။ ပြောရရင် ဒုတိယကုန်းဘောင်မင်းဆက်ထက် နှစ်ဆကြာပါတယ်။ ဒီလောက်အကြာကြီး အုပ်စိုးလာတော့ စစ်တပ် က အထက်မှာနေတယ်ဆိုတာဟာ အစဉ်အလာတခုလို ဖြစ်လာယုံမက ခေါင်းထဲမှာအရိုးစွဲသွားတဲ့ စဉ်းစားနည်းတခု လည်း ဖြစ်လာပါတယ်။ တပါတည်းမှာ ဒီစစ်အာဏာရှင်တွေအဖို့ ကိုယ့်ရဲ့အထက်အဆက်ဆက်က စစ်အာဏာရှင်များ ကို လေးစားကိုးကွယ်ရတာ၊ သူတို့ ရဲ့ဂုဏ်နဲ့သစ္စာကိုစောင့်ထိန်းရတာတွေပေါ်လာပါတယ်။ စစ်အာဏာရှင်တွေ တ ယောက်ပြီးတယောက် ပြောင်းခဲ့ပေမဲ့ သူတို့အနေနဲ့ သူတို့အရင်က စစ်အာဏာရှင်တွေကို ဘယ်တော့မှမကောင်း မပြော ကြောင်း သတိထားမိကြမယ်ထင်ပါတယ်။ “ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ
ရိုသေပါမည်” ဆိုတာဟာ တပ်မတော်ကိုအာဏာကိုင်ထားသူများဖြစ်အောင် ဖန်တီးခဲ့သူများအပေါ် သစ္စာစောင့်သိရိုသေ
ပါမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

တဖက်ကပြန်ပြောရင်တော့ သူတို့ဟာ အထက်အဆက်ဆက်က စစ်အုပ်စုများရဲ့ အစဉ်အလာတွေကို ထိန်းသိမ်းတာ၊
ကာကွယ်တာဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ယူဆလာကြပါတယ်။ ဒီလိုနဲ့အယူသည်း ဘာသာရေးဂိုဏ်းတွေရဲ့ အစွဲအလမ်း မျိုးလို ဖြစ်လာကြပါတယ်။ သူတို့ရဲ့ စဉ်စားမှုအားလုံးအခြေပြုတဲ့ အစပြုတဲ့ အခြေခံတခု (mindset)တခုဖြစ်လာပါတယ်။ စစ်တပ်ဟာ နတ်ဘုရားလို ဖြစ်လာပါတယ်။ဒီနေ့အခါမှာ ဗိုလ်ချုပ်ဦးသိန်းစိန်ကို အမိန့်ပေးနေတာဟာ ဗိုလ်သန်းရွှေ ဖြစ် တယ်လို့ အတိအကျမပြောနိုင်ပေမဲ့ အခုပြောခဲ့တဲ့ စစ်တပ်နတ်ဘုရားရဲ့သစ္စာကိုတော့ သူတို့မလွန်ဆန်နိုင်၊ မလွန်ဆန် ဝံ့ပါဘူး။ ဒါဟာသူတို့အသွေးအသားထဲထိ စိမ့်ဝင်နေတဲ့ယုံကြည်မှုတရပ် ဖြစ်နေပြီး တချို့ဆိုရင် ဒီဟာကို ရိုးရိုးသားသား ယုံကြည်နေတာလို့တောင် ပြောလို့ရမယ်ထင်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ အောက်ခြေတပ်သားတွေ၊ အရာရှိငယ်တွေမှာ ဒီလိုအတွေးအခေါ်၊ အယူအစွဲမျိုး မရှိဘူးဆိုတာ
ထောက်ပြဖို့ လိုပါတယ်။ သူတို့ဟာ ဘာမသိ ညာမသိနဲ့ပဲ အထက်က စစ်အုပ်စုအစဉ်အလာဆက်ခံသူတွေကို ကုန်းပိုး
ထားကြရတာပါ။ ဒီလို စစ်အုပ်စုအဆက်ဆက် ပြောင်းလဲအုပ်စိုးနေလို့ သူတို့ဘဝဟာ ဘာမှထူးမလာပါဘူး။ သေစရာရှိရင်
သေပေးရတဲ့နေရာမှာသာ ရှိမြဲရှိနေပါတယ်။

No comments: