Tuesday, June 12, 2012

လန်ဒန်ကြေငြာစာတမ်း

အားလုံးသောမြန်မာနိုင်ငံသားများသွေးစည်းကြဖို့အချိန်တန်ပြီ


                                                                                                         ၁-၆-၂၀၁၂ 
မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၊ ပညာရှင်များ၊ ကျောင်းသားများ၊ အလုပ်သမားများ နှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊လူမှုရေးအသင်းဖွဲ့များ၊ နိုင်ငံရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများပါဝင်သောအစုအဖွဲ့မှ  နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံတော်တွင်းမှီတင်း နေထိုင်လျှက်ရှိကြကုန် သော တိုင်းရင်း သားလူမျိုးများ၏ ပျံ့နှံ့နေထိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု လွတ်လပ်စွာ မှီတင်းနေထိုင် မှုတို့အားကာကွယ် စောင့်ရှောက်ရန်အလို့ငှာ ပြည်ပမှ ၀င်ရောက် လာသော ဘင်္ဂါလီ (ရိုဟင်ဂျာအမည်ခံ) တို့နှင့်ပတ်သက်သော အောက်ဖေါ်ပြပါ ကြေငြာချက် ကိုထုတ်ပြန်သည်။


၁။ ဘင်္ဂါလီ(ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့သည် မြန်မာနိုင်ငံအ တွင်းမူလဘူတ ပြန့်နှံ့ နေထိုင်သော တိုင်းရင်း သားလူမျိုး တစ်မျိုး မဟုတ်ကြောင်းကြေငြာသည်။


၂။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအ မှတ်ပြု သော၊ အမှတ်အသားပြုလက်ခံသော UNHCR အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် နိုင်ငံတကာ အစိုးရတို့အား ကျွန်ုပ်တို့၏ အမျိုး သားရေး ကိစ္စရပ်များ တွင် ၀င်ရောက်စွက်ဖက်မှုအဖြစ် သတ်မှတ်သည်။


၃။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့သည် မြန်မာနိုင်ငံ ၏ တိုင်းရင်း သားလူမျိုး တစ်မျိုးဖြစ် ကြောင်း ကြိုးပမ်းမှုအား ငွေကြေးထောက်ပံ့ခြင်း၊ လူမှုရေး အရထောက်ပံ့ခြင်း၊ မီဒီယာများဖြင့် ထောက်ခံရေးသားခြင်း၊ သံခင်းတမန်ခင်းအရ လက်ခံခြင်း သည် ကျွန်ုပ် တို့၏ အမျိုးသားရေး ကိစ္စရပ်များတွင် ၀င်ရောက် စွက်ဖက် မှုအဖြစ် သတ်မှတ်သည်။


၎။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့ သုံးစွဲသော ဘာသာစကား နှင့် စာပေတို့သည် မြန်မာ နိုင်ငံ တိုင်းရင်းသား လူမျိုးစုများ၏ ဘာသာစကား နှင့် စာပေ မဟုတ်ကြောင်း ကြေငြာသည်။


၅။ မြန်မာပြည်တွင်း နှင့် နိုင်ငံတကာရှိမြန်မာ့အရေးဆောင်ရွက်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုး သားကောင်စီ ( NATIONAL COUNCIL UNION OF BURMA) အပါအ၀င် ဒီမိုကရေစီအရေး နှင့် တိုင်း ရင်း သားလူမျိုး များ၏ အခွင့်အရေး များတောင်းဆို တိုက်ပွဲဝင်နေသော မြန်မာ တိုင်းရင်း သား တပ်ပေါင်းစုများ၊ တိုင်းရင်းသားပေါင်းစုံအဖွဲ့ အစည်း များတွင် ဘင်္ဂါလီ ( ရိုဟင်ဂျာအမည်ခံ) လူမျိုးများ အား အဖွဲ့ အစည်း တစ်ခုအဖြစ်သော်၎င်း၊ အဖွဲ့ဝင် အဖြစ်သော်၎င်း အသိအမှတ်ပြုလက်ခံဖွဲ့စည်းခြင်း မရှိ ကြောင်း သိစေ အပ်သည်။


၆။ ပညာရှင်ဟု အမည်ခံ၍ တင်ပြလာသူ နိုင်ငံခြားသား များ၏ စာတန်းများ သည် ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) တို့၏ ဖန်တီးထားသော ဖြစ်စဉ် အား စူးစမ်းလေ့လာမှု အဆင့်သာလျှင်ဖြစ်ပြီး။ အကယ်စင်စစ် ထိုပညာ ရှင်များသည် မြန်မာ ပြည် အကြောင်းကို သော်၎င်း မြန်မာပြည်၏ လူမျိုးများပြန်.နှံ့ နေထိုင်မှုကိုသော်၎င်း ရေရာစွာသိရှိသူ များမဟုတ်ကြောင်း ကြေငြာသည်။


၇။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို သိမ်းပိုက်ခဲ့သော အင်္ဂလိပ်လူမျိုးများသည် အိန္နိယမှ အလုပ်သမား များကို မြန်မာနိုင်ငံတွင်းသို့ ကိုယ်တိုင်သွင်းယူခဲ့၍ ၎င်း အိန္နိယ နှင့် ဘင်္ဂါလီလူမျိုးများသည် မြန်မာ တိုင်းရင်း သား များ မည်သို့မျှ မဟုတ်ခဲ့သည်ကို သမိုင်းစဉ်နှင့် ချီ၍ သေချာစွာသိရှိခဲ့သော်လည်း။ အင်္ဂလန် နိုင်ငံအပါအ၀င် ၎င်း အင်္ဂလိပ် မျိုးနွယ်စု နိုင်ငံများဖြစ်သည့် အမေရိကန်၊ သြစတြေးလျှ နှင့် ကနေဒါ နိုင်ငံများသည် ၎င်းတို့ မြန်မာနိုင်ငံတွင်းသို့ ခေါ်ယူလာ ခဲ့သော နိုင်ငံခြားသားများအား မြန်မာတို့၏ တိုင်းရင်း သားအဖြစ် ကျော ထောက် နောက်ခံပေး နေခြင်းအား ကန့်ကွက်ကြောင်း သိစေအပ်သည်။


၈။ လူကုန်ကူးသူများနှင့် ဒီမိုကရေစီနိုင်ငံကြီးများတွင် အခြေချနေထိုင်လိုသူများ ၏ ပုဂ္ဂိုလ်ရေး ရည်မှန်း ချက် များဖြင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) များအား ဖေါ်ထုတ်တင်ပြသွားမည်။


၉။ ပိုမို၍ ကြီးမားကျယ်ပြန့်သော မြန်မာပြည်သူများ၏ သဘောထား ကိုဆက်လက်ကောက်ခံ၍ အပြည်ပြည် ဆိုင်ရာအသိုင်းအ၀ိုင်း သို့တင်ပြသွားမည်။

No comments: