Friday, July 27, 2012

သြစတြေးလျား ကရင်အစည်းအရုံး(AKO) အစည်းအဝေးကြီး ပြီးဆုံး

at 6:35 PM
အဲခေါင်သောင့်၊ ဇူလိုင် ၂၆ရက်၊ ၂၀၁၂ခုနှစ်

နှစ်နှစ် တကြိမ် ပြုလုပ်သည့် သြစတြေးလျား ကရင်အစည်းအရုံး (AKO)၏ အစည်းအဝေးကြီးကို လွန်ခဲ့သည့် ဇူလိုင် ၂၀ရက်ကနေ ၂၂ရက်နေ့အထိ သြစတြေးလျား မြို့တော် ကမ်ဘာရာမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ အစည်းအဝေးကြီးသို့ သက်ဆိုင်ရာ ပြည်နယ်အလိုက် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လာမည့် ၂၀၁၂-၁၄အတွက် ကော်မတီသစ်တွေကိုလည်း ပြန်လည် ရွေးကောက်တင်မြောက်ခဲ့သည်ဟု သိရသည်။

ဥက္ကဌ စောလွင်ဦး၊ ဒု ဥက္ကဌ-၁မန်းအော်လန်းဒို၊ ဒု ဥက္ကဌ ၂-စောထိုလွီးဝါး၊ အတွင်းရေးမှူး စောဒန်းနရယ်ဇူး အပါအ၀င်  ၂၀၁၂-၂၀၁၄ အတွက် AKO ကော်မတီသစ်များကို ရွေးချယ်ခဲ့ကြသည်ဟု သိရှိရသည်။

အစည်းအဝေး မှတ်တမ်း ဓါတ်ပုံများ။ ဓါတ်ပုံ -Might Dar








No comments: