Monday, December 10, 2012

ဖထီးကနဲမီ ပြန်လည်သက်သာလာ


မဲဆောက်ဆေးရုံမှာ တက်ရောက်ကုသနေစဉ်

သြစတြေးလျကနေ ကေအဲန်ယူ (၁၅)ကြိမ်မြောက် ကွန်ကရက်တက်ရောက်ရန် ပြီးခဲ့တဲ့လက ပြန်လာခဲ့တဲ့ ဖထီးကနဲမီဟာ မဲဆောက်ဆေးရုံမှာ အရေးပေါ်တက်ရောက်ကုသခဲ့ပြီးတဲ့နောက် ယခုအခါ သြစတြေးလျမှာ ရောဂါအခြေအနေ သက်သာစ ပြုလာပြီလို့ သိရပါတယ်။

MKO ဖခင်ကြီး ဖထီးကနဲမီဟာ အမျိုးသားစိတ်ဓါတ် ထက်သန်တဲ့အလျောက် ကွန်ကရက်ပြီးတာနဲ့ မလေးရှား ကရင်နှစ်သစ်ကူးအမှီလာဖို့လည်း အစီအစဉ်ရှိပါတယ်။ သို့သော်လည်း ကျန်းမာရေး အခြေ
အနေကြောင့် ကွန်ကရက်အပါအ၀င် မလေးရှားခရီးစဉ်ကိုပါ ဖျက်သိမ်းခဲ့ရပြီး သြစကြေးလျမှာပဲ ပြန်ပြီး ဆေးကုသခဲ့ပါတယ်။

MKO မှ လူကြီးများကလည်း ဖထီးကနဲမီ အမြန်ဆုံးကျန်းမာလာဖို့နဲ့ အမျိုးသားရေးအတွက် ဆက်လက်
လုပ်ဆောင်နိုင်ရန် ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်ပေးလျှက်ရှိပါတယ်။

No comments: