Friday, December 28, 2012

(၁၅)ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးညီလာခံ ထုတ်ပြန်ကြေငြာချက်


  ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (ဥက္ကဌ)


(၁၅)ကြိမ်မြောက်

 ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး 

ညီလာခံ ထုတ်ပြန်ကြေငြာချက် 

၂၀၁၂- ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်

၁။ (၁၅)ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးညီလာခံကို ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၂၆)
ရက် နေ့မှ ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ KNU နယ်မြေ၊ ဘားအံခရိုင်၊ တပ်မဟာ(၇)ဒေသတွင် ကျင်းပပြီး
စီးခဲ့ပါသည်။
ဤညီလာခံတွင် ကိုယ်စားလှယ်(၁၇၁)ဦး၊ လေ့လာသူ(၇၄)ဦး စုစုပေါင်း(၂၄၅)ဦးတို့ တက်ရောက်ခဲ့ပါ
သည်။

၂။ ဤညီလာခံသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၄)နှစ်တာကာလလုပ်ငန်းအစီရင်ခံ
စာနှင့် နိုင်ငံရေးအစီရင်ခံစာများကို တင်သွင်းခြင်း၊ သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံ လုပ်ငန်းစဉ်၊ နိုင်ငံရေးလမ်းစဉ်များ ပြန်လည်စီစစ်သုံးသပ်အတည်ပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။

၃။ ညီလာခံမှနိုင်ငံရေးနှင့်အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်မှုပိုမိုအားကောင်း
လာရေးကို ပံ့ပိုးဆောင်ရွက်သွားရန်၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးစ
သည်တို့နှင့်စပ်လျဉ်းသည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါသည်။
စီပွားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများချမှတ်သွားရန်နှင့် ပြည်သူလူထု၏နစ်နာဆုံးရှုံးမှုများကိုအကာအကွယ်
ပြုနိုင်ရေးအတွက် လူ့အခွင့်အရေးကော် မတီတစ်ရပ် ဖွဲ့စည်းသွားရန် သဘောထားချမှတ်ခဲ့ပါသည်။

၎။ ညီလာခံသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်ကို အောက်ပါအတိုင်း ရွေးချယ်တင်မြောက်ခဲ့ပါ
သည်။

၁။ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (ဥက္ကဌ)
၂. ပဒိုနော်စီဖိုးရာစိန် (ဒု-ဥက္ကဌ)
၃. ပဒိုစောကွယ်ထူးဝင်း (အတွင်းရေးမှူးချုပ်)
၎. ပဒိုစောသောသီဘွဲ (တွဲဖက်အတွင်းရေးမှူး - ၁)
၅. ပဒိုမန်းမန်း (တွဲဖက်အတွင်းရေးမှူး - ၂)
၆. ပဒိုစောရောဂျာခင် (ကော်မတီအဖွဲ့ဝင်)
၇. ပဒိုမန်းငြိမ်းမောင် (ကော်မတီအဖွဲ့ဝင်)
၈. ပဒိုစောသမိန်ထွန်း (ကော်မတီအဖွဲ့ဝင်)
၉. ပဒိုစောတာဒိုမူး (ကော်မတီအဖွဲ့ဝင်) ၁၀. ဗိုလ်မှူးချုပ်စောဂျော်နီ (ကော်မတီအဖွဲ့ဝင်)
၁၁. ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ (ကော်မတီအဖွဲ့ဝင်)

၅။ ညီလာခံမှ ဗိုလ်မှူးချုပ်စောဂျော်နီအား ကေအဲန်အယ်လ်အေ-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ
တော်၏ စစ်ဦးစီးချုပ်အဖြစ် လည်းကောင်း၊ ဗိုလ်မှူးချုပ်စောဘောကျော်ဟဲအား ဒုတိယစစ်ဦးစီးချုပ်အဖြစ်
လည်းကောင်း တာဝန်ပေးအပ်ခဲ့ပါသည်။

၆။ မြန်မာအစိုးရ၏ လက်ရှိအပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍
ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ရောက်စေရန် လေးလေးနက်နက်အမြန်ဆုံးအကောင်
အထည်ဖော်ရန်လိုအပ်ပြီး နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်
ရေးအတွက် တစ်ပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲနိုင်ရေးကို အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်သည်
ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ သုံးသပ်သည်။

၇။ ယခုလို မြန်မာအစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်နေပြီဖြစ်၍ မြန်မာအာဏာပိုင်များမှ လူထုလှုပ်ရှားမှုကို အကြမ်း
ဖက် နှိမ်နင်းမှုရှိနေသေးသဖြင့် ၎င်းအပေါ်လွန်စွာစိုးရိမ်ပူပန်မိပါသည်။
သို့သော် မြန်မာအစိုးရမှ ၎င်းဖြစ်ရပ်မှန်ပေါ်ပေါက်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့
စည်းဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကြိုဆိုပါသည်။

၈။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြ
ဌာန်းခွင့်ရရှိရေးကို လက်ရှိကြိုးပမ်းဆောင်ရွက်လျှက်ရှိနေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အတူ စစ်မှန်သော
ဖယ်ဒ ရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အား
စုများနှင့်အတူ လက်တွဲညီစွာ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါ
သည်။

 ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် ဆက်သွယ်ရန်

၁။ ပဒိုစောကွယ်ထူးဝင်း (+၆၆) ၈၁၈-၀၇၆၂၇-၉
၂။ ပဒိုမန်းမန်း (+၆၆) ၈၇၉ ၄၃၈ ၇၅-ဝ


 

No comments: