Monday, March 18, 2013

ကရင်ရွှေပြည် မျော်တိုင်းဝေး



ဓါတ်ပုံ=အင်တာနက် မှ ကူးယူသည်။

 ဒီကဗျာက ခံစားချက်တစ်ချို့နဲ့တိုက်ဆိုင်နေလို့ အိမ်မှာ ချိတ်ထားလိုက်ပါသည်။မူရင်းကတော့ဒီနေရာ မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ခံစားချက်တွေ ပြင်းတော့ 
အသက်ရှုသံတွေ ပြင်းလာတယ်
ဘာလို့လဲ .......ဘာလို့လဲ
ဘာမှမကျန်တော့တဲ့ အိမ်
မစိမ်းစိုတော့တဲ့ တောင်တန်းတွေ 
သစ်ငုတ်တိုတို အလွှမ်းဇာတ်တွေ 
ထားခဲ့လိုက်ပြီး ထားခဲ့လိုက်ပြီ.....အမေ

ပြေးလွှားရတဲ့ အချိန်
ခိုစရာ ရှာရတဲ့ အချိန်
ဒီဝမ်း ပြည့်ဖို့ သစ်ဥ သစ်ဖု
သောက်စရာရေ တစ်ခွက် 
ရှားပါး လွန်းခဲ့တဲ့ ခဏမှာ
အမျိုးချစ်ပေမယ့် 
ဒီဝမ်း ၀ ဖို့လောက် အရေးမကြီးခဲ့ဘူး...အမေ

နေစရာလည်းတွေ့ပြီ
စားစရာတွေလည်း ရှိပြီ
လုံခြုံစွာနဲ့လည်း အိပ်စက်နိုင်ပြီ
လူမျိုးအဖို့ အစွမ်းကုန်လုပ်မယ် 
ကြံတိုင်း ကြံတိုင်း

အဆင်မပြေခဲ့ဘူး
မိသားစု မိသားစု
သူတို့ဘ၀ တောက်ပဖို့
အမျိုးချစ်ပေမယ့်
ကျနော့် မိသားစုက ကျနော့်ကို လိုအပ်နေတုန်းပဲ......အမေ

ကဲ......မိသားစုတွေလည်း အဆင်ပြေပြီ
နေစရာ အိမ် အတည်တကျလည်း ဖြစ်ပြီ
မိသားစုကို စိတ်ချလက်ချ ထားနိုင်တဲ့ အချိန်မှာ
လူမျိုးကို ချစ်တယ်
လူမျိုးအတွက် အသက်ပေးသွားမယ်
လူမျိုးအတွက် ကိုယ်ကျိုးစွန့်မယ်
ကရင့်တော်လှန်ရေးအတွက် ကြံလိုက်ချိန်မှာ
အရာရာတိုင်း အရာရာတိုင်းဟာ
ကျနော့် အသက်အရွယ်နဲ့ မညီမျှ နိုင်တော့ဘူး ...အမေ
ကျနော့် အသက်အရွယ် က လက်မခံ နိုင်တော့ဘူး...အမေ

အမျိုးကို ချစ်ပေမယ့်လည်း
လူမျိုးကို မြတ်နိုး နေပေမယ့်လည်း........
ကရင်အမျိုးသားတိုင်းရဲ့ ဘ၀ အချိန်တွေဟာ ကရင့်ရွှေပြည်ပေါ် မှုတည်နေသောကြောင့်............


ကရင့်ရွှေပြည် မျော်တိုင်းဝေး......

ဒီစာလေးက မန်းဒဲ့ဒိုး တင်ဖူးတဲ့ ဆောင်းပါးလေးကို အခြေခံထားတာပါ........အဲ့ဒီမှာ ကရင့်တော်လှန်ရေးကို ကူညီဖို့....အဝေးက ကရင်အမျိုးသားတွေကို လိုက်လံ နှိုးဆော်တဲ့အချိန် ထွက်ပေါ်လာတဲ့ အသံတွေပါ........
 
စလှားဖန်း...

No comments: