Wednesday, March 6, 2013

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွင့်လှစ်ပေးရန် အဆိုရှုံးနိမ့်


March 06, 2013

နိုင်ငံတော်တွင် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွင့်လှစ်ပေးရန် တိုက်တွန်း ကြောင်း အဆိုကို ယနေ့ကျင်းပပြုလုပ်သော ပထမအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး ၂၁ ရက်မြောက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲ ၈၇ မဲ ကြားနေမဲ ၁ မဲ ထောက်ခံမဲ ၇၆ မဲ ဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။ အဆိုပါအဆိုကို ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးကျော်ဒင် (ခ) ဦးဌေးရယ်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ရှုံးနိမ့်မှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်က ပြည်ထောင်စုဆိုသော စကားလုံးသည် နာမည်သာ အသုံးချခံနေရကြောင်း ပြည်ထောင်စုသည် မုဒိမ်းကျင့်ခံနေရကြောင်း ပြည်ထောင်စုဝန်ကြီးများနှင့် ပတ်သက်၍ သမ္မတမှ ပြန်လည်ဆန်းစစ်ရန်လိုကြောင်း The Messenger ဂျာနယ်သို့ပြောကြားသည်။

No comments: