Saturday, April 20, 2013

Boston ဗုံးခွဲသူကို ဖမ်းမိပြီ


 
Boston မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးပေါက်ခွဲသူ အသက် (၁၉) နှစ်အရွယ် Dzhokhar Tsarnaev နှင့်သူ၏အကို

Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယတယောက်ကို လုံခြုံရေး အာဏာပိုင်တွေက တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ အရှင်ဖမ်းမိသွားပါပြီ။

Boston မြို့ Watertown ရပ်ကွက်ထဲက အိမ်တအိမ်ရဲ့ခြံထဲမှာထားတဲ့ မော်တော် ဘုတ်ပေါ်မှာ အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ကို ရဲတွေက ဖမ်းမိသွားတာဖြစ်ပါတယ်။


ဒဏ်ရာ ရထားတဲ့အတွက် ယခု ဆေးရုံသို့ခေါ်ဆောင်ခဲ့သည်ဟု CNN ကနေသိခဲ့ရပါတယ်။သူ့ရဲ့အကို Tamerlan ကတော့ ကြာသပတေးနေ့ညပိုင်းက ရဲတွေနဲ့ အပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာ သေဆုံး
သွားခဲ့ပါတယ်။ 

No comments: