Friday, May 3, 2013

အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဗုံးခွဲရန် ကြံစဉ်သူ ၂ ဦးကို ဖမ်းမိ


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစဉ်တဲ့ အကြမ်းဖက် သမား ၂ ဦးကို အင်ဒိုနီးးရှား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းရရှိပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံက ဘင်္ဂလီမွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင်ဆောင်ရွက် မှုတွေကို မကြေနပ်လို့ လက်စားချေဖို့ အခုလို လုပ်ဖို့ဖြစ်တယ်လို့ ပြောဆိုတာကို ဂျာကာတာပို့စ် သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ သောကြာနေ့ နံနက်စောစောပိုင်းက Members of Densus 88 ဆိုတဲ့ အဖွဲ့က အိမ်လုပ် ဗုံးရဲ့ စနက်တံ ဖြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။

ဒီလို ဗုံးခွဲဖို့ ကြံစဉ်တယ်လို့ သံသယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေပိုက်ဗုံးအဖြစ် အသုံးပြုမယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ်အစားတွေ၊ ၀ါယာကြိုးနဲ့ပါ ဆိုင်ကယ်တစီးပေါ်မှာ ဖမ်းဆီးရမိလိုက် တာဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေး တယ်လို့ သိရပါတယ်။ မြန်မာသံရုံး ဗုံးခွဲရန် ကြံစဉ်သူ ၂ ဦးကို ဖမ်းမိ
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစဉ်တဲ့ အကြမ်းဖက် သမား ၂ ဦးကို အင်ဒိုနီးးရှား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းရရှိပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံက ဘင်္ဂလီမွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင်ဆောင်ရွက် မှုတွေကို မကြေနပ်လို့ လက်စားချေဖို့ အခုလို လုပ်ဖို့ဖြစ်တယ်လို့ ပြောဆိုတာကို ဂျာကာတာပို့စ် သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ သောကြာနေ့ နံနက်စောစောပိုင်းက Members of Densus 88 ဆိုတဲ့ အဖွဲ့က အိမ်လုပ် ဗုံးရဲ့ စနက်တံ ဖြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။

ဒီလို ဗုံးခွဲဖို့ ကြံစဉ်တယ်လို့ သံသယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေပိုက်ဗုံးအဖြစ် အသုံးပြုမယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ်အစားတွေ၊ ၀ါယာကြိုးနဲ့ပါ ဆိုင်ကယ်တစီးပေါ်မှာ ဖမ်းဆီးရမိလိုက် တာဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေး တယ်လို့ သိရပါတယ်။

No comments: