Friday, May 24, 2013

တနှစ်ကျော် ငြိမ်းချမ်းရေးခရီး

 



May 24, 2013 Friday

By မင်းစိုးစံ

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်
တိုက်လုပ်လာလိုက်တာ ဘာလိုလိုနဲ့ တနှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ကရင်ပြည်သူလူထုတွေရဲ့ ဘ၀အခြေ
အနေ ဘယ်လိုရှိသလဲ။ ဘာတွေပြောင်းလွဲလာပြီးလဲ ဆိုတာ လေ့လာကြည့်ကြပါစို့။

ကရင်ပြည်နယ်က ရွာတွေမှာ အင်ဖက်မမိုးတော့ဘူး။ သွပ်မိုးအိမ်တွေဖြစ်ကုန်ပြီ။ ၀ါးနဲ့ဆောက်ထားတဲ့အိမ်
မရှိတော့ဘူး။ အင်္ဂတေတိုင်တွေဖြစ်ကုန်ပြီ။ နေပူလို့ အရိပ်ခိုစရာ သစ်ပင်မရှိတော့ဘူး။ ရေဆာလို့ သောက်
စရာ စမ်းချောင်းလေး ပျောက်သွားပြီ။ လှည်းတွေဘာတွေနည်းသွားပြီ။ မော်တော်ဆိုင်ကယ်နဲ့။
မြင်းဆေး တွေက၊ ပဲလှော်လို။ လောင်းကစားဝိုင်းတွေက စည်သဗျို။

လယ်သိမ်းခံရတာ မဆန်း။ လုပ်အားပေး ပုံမှန်။ ရွာပုန်းရွာရှောင် တောထဲတောင်ထဲ ပြေးလို့ကောင်းတုန်း။ ကုမ္ပဏီတွေက တောင်တွေဖြိုလိုက်ပြီဆိုလျင် ရွာပုန်းရွာရှောင်တွေအတွက် မတွေးရဲစရာ။
ဟိုးတချိန်တခါတုန်းက ကိုယ့်တောင်ယာလေးထဲမှာ နားအေးပါးအေးနေလို့ရသေးတယ်၊အခုဘယ်မှာလဲ
တောင်ယာ။ ကျုပ်တို့ဘာမျှမပိုင်ဘူး။ ဗမာစစ်အစိုးရ ပိုင်တယ်။ မြန်မာအစိုးရ ပိုင်တယ်။

ငြိမ်းချမ်းရေးလုပ်ထားတဲ့အတွက် ကျုပ်တို့ပြည်သူတွေ လယ်အသိမ်းခံရတာကို ခြံမြေအသိမ်းခံရတာကို လက်ပိုက်ကြည့်နေ ဆိုတဲ့အမိန့်ပေးတဲ့ပုံစံမျိုးက ငြိမ်းချမ်းရေးလား။ လူသားတစ်ယောက်ဖြစ်ပြီး လွတ်
လွတ်လပ်လပ်လေးတောင် သွားခွင့်မရခဲ့ရာကနေ အခုနည်းနည်းပါးပါး သွားလို့လာလို့ရတာဟာ ငြိမ်း
ချမ်းရေးလား။
သေနတ်သံတိတ်သွားတာ ငြိမ်းချမ်းရေးလား။ လက်နက်ကြီး ပေါက်ကွဲသံမကြားရတာဟာ ငြိမ်းချမ်းရေး
လား။ ဒါဆိုလျင် ကုမ္ပဏီတွေက တောင်ကိုမိုင်းနဲ့ခွဲလို့ လွင့်စင်ကျလာတဲ့ ကျောက်သားအပိုင်းအစတွေ
ကြောင့် လူထုတွေ ထိခိုက်အနာတရ ဖြစ်တာဟာ ငြိမ်းချမ်းသလား။

တခုခုလုပ်မယ်ဆိုတိုင်း ခွင့်တောင်းရမယ်ဆိုတာ ငြိမ်းချမ်းရေးလား။ ငြိမ်းချမ်းရေးလုပ်လိုက်တာနဲ့ ကိုယ်ပိုင် တဲ့လယ်မြေတွေသိမ်းတာကို အသာတကြည်ပေးလိုက်မှ ငြိမ်းချမ်းမယ်လို့ ယူဆသလား။

ပြောနေတာကြာပါတယ်။ အောက်ကရုပ်သံဖိုင်လေး ရှုစားကြည့်ကြပါစို့။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည် တဦး) 


No comments: