Monday, June 16, 2014

တနင်္သာရီမြို့နယ်တွင် တပ်မတော်နှင့် KNLA တိုက်ပွဲဖြစ်ပွား

On Mon, 2014-06-16 11:47


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဝှေးဖaတာင်ဒေသတွင် တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLAတပ်မဟာ(၄)တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့ ဝှေးဖ ဒေသတွင် ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉ နာရီအထိ ၂နာရီကြာ မြန်မာ့တပ်မတော်နှင့် KNLAတပ်ရင်း(၁၁)တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှ ကျဆုံးသူမရှိသော်လည်း KNLAဘက်မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်;ရရှိသည်။

ဝှေးဖဒေသတွင် KNU/KNLA တပ်မဟာ(၄)တပ်ရင်း (၁၁)အခြေပြုတပ်စွဲထားပြီး တပ်မတော်စစ်ကြောင်း လမ်းမှား၍ နယ်ကျွံခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့jခင်းဖြစ်ကြောင်း တပ်မမှူးဖဒိုစောနေထူးက ပြောသည်။

အပစ်အခတ်ရပ်စဲထားပြီး ဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကြား နယ်မြေသတ်မှတ်ချက်များရှိပြီး စစ်ကြောင်းများ ဖြတ်သန်းပါက ကြိုတင်အသိပေးရလေ့ရှိသည်။

‘‘KNU ကမှားပြီးပစ်တာ။ တခြားအဖွဲ့တွေ ၀င်လာတယ်ထင်လို့။ အဲဒီမှာက တပ်မတော်အပြင် တခြား နှစ်ဖွဲ့ရှိသေးတယ်’’ဟု မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)မှ အ ပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသောနယ်မြေသည် တပ်မဟာ(၄)မှ တပ်ရင်း(၁၁) တမ်မမှူးဖဒိုစောနေထူး၏  နယ်မြေဖြစ်ကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ်ဇန်န၀ါရီလတွင် အ ပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးပြီးနောက်ပိုင်းတပ်မဟာ(၅) နယ်မြေတွင်သာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် KNLA တပ်များကို ပြန်လည်တပ်လှန့်ထားပြီး နှစ်ဖက် တာဝန်ရှိသူများ နယ်မြေတပ်များကို ပြန်လည်ကြပ်မတ်သွားမည်ဖြစ်ကြောင်း KNUတပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးမှ သတင်းရရှိသည်။

No comments: