Thursday, October 27, 2011

ဘန်ကောက်ရေကမ္ဘာ


~~~





ဘန်ကောက်မြို့ အနီးတ၀ိုက် ရေဘေးသင့်ဒေသခရိုင် ၂ ခုကို ရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ငြိမ်းဇော်က သူမြင်တွေ့ခဲ့သမျှကို အခုလို မှတ်တမ်းတင်ထားပါတယ်
Pathum Thani ခရိုင် Rangsit ဒေသ မြင်ကွင်းများ
Rangsit ဒေသမှာ ထိုင်းတွေရော၊ အဲဒီဒေသမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်သားတွေရော ရေနဲ့လွတ်ကင်းရာကို သွားနေကြပါပြီ

ဟိုတုန်းကတော့ ဒီနေရာဟာ ကားတွေ တဝေါဝေါ ဖြတ်သန်းသွားလာနေလို့ လမ်းကူးဖို့မလွယ်တဲ့ နေရာပါ

ဘတ်စ်ကား၊ တက္ကစီတွေ မရှိလို့ တနိုင်စာပစ္စည်းကိုပဲ သယ်ကြရပါတယ်

ရေတွေကတော့ ၀င်လာမစဲပါ၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မိုးထပ်ရွာနိုင်ချေရှိတယ်လို့ မိုးလေ၀သ သတင်းတွေက ဆိုပါတယ်

ရေကြီးမှု သတင်း ထုတ်ပြန်ရေးဌာနက ဒွန်မောင်းလေဆိပ်မှာ ရှိပါတယ်။ လေဆိပ်ထဲ ရေတွေဝင်လာတဲ့အတွက် အဲဒီဌာနကိုပါ နေရာရွှေ့ရတော့မယ်လို့ ဆိုပါတယ်

လေဆိပ်မှာ ခိုလှုံနေကြတဲ့ ထောင်နဲ့ချီတဲ့ ဘန်ကောက်မြို့သူမြို့သားတွေ ရေဘေးလွတ်မယ့်နေရာကို ထပ်ပြောင်းရပါပြီ
ဘန်ကောက်အပါအ၀င် ရေအကြီးအကျယ် ကြီးနေတဲ့ ခရိုင်တွေမှာ အစိုးရရုံးတွေ၊ ကျောင်းတွေကို ၅ ရက်ပိတ်လိုက်ပါပြီ

ရေဘေးသင့်သူအပြည့်တင်လာတဲ့ ထိုင်းစစ်တပ် ကူညီကယ်ဆယ်ရေးယာဉ်

မိုးရွာလို့ ရေကြီးတာက ထိုင်းမှာ ရိုးနေပါပြီ။ ဒီတခါလောက်တော့ အကြီးအကျယ် မဖြစ်ခဲ့ဖူးပါ။ ဇူလိုင် ကတည်းက ကြီးလာတဲ့ရေကြောင့် သေဆုံးသူ အရေအတွက်က မနေ့ကစာရင်းအရ ၃၆၆ ဦး ရှိပါပြီ

ရေကြောင့် လူပေါင်း ၂ သန်းခွဲ တိုက်ရိုက် ဒုက္ခရောက်နေပြီး ကူညီကယ်ဆယ်ရေးစခန်းရောက်နေသူပေါင်း တသိန်းကျော် ရှိပါတယ်

Pathum Thani ခရိုင် မြင်ကွင်းများ
ရေကြီးတဲ့အရပ်မို့ ကားရှိလည်း အလကားပါပဲ

ကားတွေကို ပစ်ထားလို့မရ အိတ်ထဲထည့်ထားလို့မရတာကြောင့် ရေမရောက်နိုင်မယ့်၊ ကိုယ် လက်လှမ်းမီတဲ့နေရာတွေမှာ ရပ်ထားကြပါတယ်
လမ်းပိတ်ဆို့မှုဖြစ်မှာကိုလည်း အာဏာပိုင်တို့က စိတ်ပူနေပါတယ်

ရေတိမ်နစ်ကားတစီး



ရေဘေးသတင်း စောင့်နားထောင်သူအများအပြား အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက် အမျိုးမျိုးကြောင့်ရော၊ မကျသေးတဲ့ ရေတွေကြောင့်ပါ စိတ်ညစ်နေရပါတယ်

ထိုင်းဝန်ကြီးချုပ်ရဲ့ မနေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာတော့ ရေဘေးသင့်ဒေသအရပ်သားတွေကို ပစ္စည်းပစ္စယတွေ ရေလွတ်ရာဒေသရွှေ့ဖို့၊ ဒီထက်ပိုပြီး ရေကြီးလာနိုင်တဲ့အခြေအနေတွေကို ရင်ဆိုင်ရေး ပြင်ဆင်ထားဖို့ ပြောသွားပါတယ်

အရေးပေါ်ကာလ သယ်ယူပို့ဆောင်နည်းတခု

ရေထဲက ရုပ်ပွားတော်ဆိုင်
ကားလမ်းကူးဖို့ ပြင်ဆင်နေသူ၂ဦး


Bang Bua Thong ခရိုင် မြင်ကွင်းများ


Bang Bua Thong ခရိုင် ဆိုပေမယ့် ဘန်ကောက်မြို့နဲ့ ထိစပ်နေတဲ့ ဒေသ ဖြစ်ပါတယ်


မိနစ်ပိုင်း သွားရမယ့် ခရီးကို နာရီနဲ့ချီပြီး ကုန်းတတန် ရေတတန် သွားနေရပါတယ်

မနေ့ညက ထုတ်လွှင့်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ရုပ်သံမိန့်ခွန်းမှာတော့
အစိုးရိမ်ရဆုံးနေရာတွေထဲမှာ ချောင်ဖုယားမြစ်တလျှောက်ဒေသများ ပါဝင်တယ်လို့ ဆိုပါတယ်

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ခရီးစဉ် ရွှေ့ဆိုင်း

By , on October 26, 2011 6:30 pm in
 
အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာတီ နာတာလီ ဂါဝါ၏ မြန်မာပြည် ခရီးစဉ်ကို အောက်တိုဘာ ၂၆ မှ ၂၈ အထိ စီစဉ်ထားသော်လည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာတီ နာတာလီ ဂါဝါ (ဓာတ်ပုံ - AP)
ယခုကဲ့ သို့ အင်ဒိုနီရှားနိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ် ရွှေ့ဆိုင်းရခြင်းမှာ အင်ဒိုနီးရှားအစိုးရ အဖွဲ့ဝင်များ အပြောင်းအလဲ ကြောင့်ဟု ရန်ကုန်အခြေစိုက် အင်ဒိုနီးရှား သံရုံးအတွင်းဝန် မစ္စတာ ဂျူမာရာ ဆူပရီယာဒီက အကြောင်းပြပြောဆိုခဲ့သည်။  အဆိုပါကိစ္စမှာ မြန်မာအစိုးရနှင့် ပတ်သက်ခြင်း မရှိဟုလည်း ၎င်းက ဧရာဝတီကို ပြောသည်။
ဆက်လက်၍ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်ရက်ကို ညှိနှိုင်းနေပြီး လာမည့် အောက်တိုဘာ ၃၁ ရက်နေ့ ဖြစ်နိုင်ခြေရှိသည်ဟု သူက ဆိုသည်။
မစ္စတာ မာတီ နာတာလီ ဂါဝါသည် ၎င်း၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ အဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုအခြေပြု အဖွဲ့ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံနိုင်ရန် ကြိုးစားဖွယ်ရှိကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာပြည် အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်း ရယူရေးနှင့် တိုက်ရိုက်ပတ်သက် နေပြီး ၎င်းခရီးစဉ်ရလဒ်အပေါ် အခြေခံကာ လာမည့် နိုဝင်ဘာအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာပြည်ကို ဥက္ကဋ္ဌရာထူး ပေး၊ မပေးဆုံးဖြတ်မည် ဖြစ်သည်။
အာဆီယံအရေး ကျွမ်းကျင်သူတဦးဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် The Nation သတင်းစာ အယ်ဒီတာဟောင်း ကဝီ ချောင်ခစ် တာဗွန် ကမူ မြန်မာအစိုးရအနေဖြင့် ၎င်း၏ နိုင်ငံရေး ဖြစ်ထွန်းမှုများကို ပြသချင်သောကြောင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးကို အမြန်ဆုံး လာစေချင်လိမ့်မည်ဟု ထင်မြင်ချက် ပေးသည်။
တချိန်တည်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ခြင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်၏ မြန်မာပြည် ခရီးစဉ်တို့ တိုက်ဆိုင်နေခြင်းကြောင့် စိတ်ဝင်စရာ ဖြစ်နေသည်ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတို့က ဆိုကြသည်။
မစ္စတာ ဒဲရစ် မစ်ချယ်သည် ယခု မြန်မာပြည် ခရီးစဉ်အပြီးတွင် ခရီးစဉ်အကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ ထို့အပြင် မြန်မာပြည်မှအပြန် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ဝင်ရောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်းသည် စက်တင်ဘာလက မြန်မာပြည်သို့ ပထမအကြိမ် သွားရောက်ခဲ့ပြီး အပြန်တွင်လည်း ဂျာကာတာသို့ ဝင်ကာ အင်ဒိုနီးရှား နိုင်ငံခြားရေးရုံးသို့ သွားရောက်လည်ပတ် ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ် မစမီ မစ္စတာ ဒဲရစ် မစ်ချယ်က နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသား ဒေသများရှိ အမျိုးသမီးများနှင့် ကလေးငယ်များ အတိဒုက္ခ ရောက်နေရသည်ကို အမြန်ဆုံး ရပ်ဆိုင်းပေးရေး အပါအဝင် မြန်မာပြည်တွင်း နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းလာရေးကို အမေရိကန်နိုင်ငံက မျှော်လင့်ထားကြောင်း၊  အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီဆံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးနှင့် ပတ်သက်၍  လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုခြင်း မရှိကြောင်း သိရသည်။
၎င်းနှင့် အမေရိကန်အခြေစိုက် The Wall Street Journal သတင်းစာတို့ တွေ့ဆုံ မေးမြန်းခန်းတွင် “အာဆီယံဥက္ကဋ္ဌ ရာထူးကို မျှော်လင့်နေတာဟာ ပြည်သူလူထု ဘဝ တိုးတက်လာဖို့ ကိစ္စနဲ့ ဘာမှ မဆိုင်ဘူးလို့ မြင်တယ်” ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံရယူရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတကာ ဖိအားများကြောင့် လက်လွှတ်ခဲ့ရသည်။
 
 
 

ထားဝယ်-ကန်ချနပူရီ ကားလမ်းတွင် မြန်မာအစိုးရတပ်ပိုမိုတိုးချဲ့လာ

ရိုင်မရော့ – ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိ ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းမတလျှောက်၌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်ရင်း ၆ ရင်း ပိုမိုတိုးချဲ့လာသည်။
ထားဝယ်-ကန်ချနပူရီ လမ်းဖောက်လုပ်ရေးစီမံကိန်း (ဓာတ်ပုံ - daweiproject.blogspot.com)
ထားဝယ်-ကန်ချနပူရီ လမ်းဖောက်လုပ်ရေးစီမံကိန်း (ဓာတ်ပုံ - daweiproject.blogspot.com)
ယခုလ (အောက်တိုဘာ) ဒုတိယအပတ်ခန့်က ရောက်ရှိလာသည့် အစိုးရတပ်များနှင့် မူလရှိနေသည့် တပ်ရင်း စုစုပေါင်း ၉ ရင်းတို့က ကားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် လှုပ်ရှားနေကြကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) မြိတ်- ထားဝယ်ခရိုင် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“အစိုးရတပ်တွေ ထပ်တိုးချဲ့လာတယ်၊ အဲဒီတပ်တွေ ရောက်လာပြီးနောက်ပိုင်းမှာ ဒေသခံတွေကြောက်လန့်စိုးရိမ်လို့ နယ်စပ်ဘက် ထွက်ပြေးလာတာရှိတယ်” ဟု ၄င်း တာဝန်ခံက ပြောသည်။
ထားဝယ်-ကန်ချနပူရီ ကားလမ်း ဆောက်လုပ်ရေး လုပ်ငန်းများကို KNU မှ တားမြစ်ထားပြီးနောက်ပိုင်း ယခုကဲ့သို့ အစိုးရတပ်များ ပိုမိုတိုးချဲ့လာခြင်းဖြစ်သည်။
ဇူလိုင်လကုန်ပိုင်းခန့်က အစိုးရတပ်နှင့် KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများ လမ်းဖောက်လုပ်ရေး လုပ်ငန်းတလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်မလုပ်ဆောင်ရန် ပြီးခဲ့သည့်စက်တင်ဘာလတွင် KNU ဘက်မှ တားမြစ်ခဲ့သည်။
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “တပ်တွေ တိုးချဲ့လာတာကတော့ စီမံကိန်း လုံခြုံရေးအတွက်နဲ့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ KNU တပ်မဟာ (၄) ကို အင်အားသုံးပြီးတော့ တိုက်ခိုက်သွားဖို့ ဖြစ်နိုင်တယ်”။
အစိုးရတပ်များ ထပ်မံ ရောက်ရှိလာပြီးနောက်ပိုင်း မေတ္တာမြို့နယ်ခွဲ အတွင်းရှိ အမိုးကျေးရွာ၊ ဝါးတောကျေးရွာနှင့် ဆင်ဖြူတိုင်ကျေးရွာများမှ ဒေသခံများ နယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြပြီး ထိုကျေးရွာများကို အစိုးတပ်မှ မီးရှို့ ဖျက်စီးခဲ့ကြောင်းလည်း ၄င်းက ပြောသည်။
KNU အနေနှင့် ထားဝယ်-ကန်ချနပူရီ လမ်းစီမံကိန်းသည် သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေခြင်း၊ ဒေသခံများ ပြောင်းရွှေ့ရခြင်းနှင့် KNU လုံခြုံရေးများကြောင့် ၄င်းစီမံကိန်းကို တားမြစ်ရသည်ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောခဲ့ဖူးသည်။
ထားဝယ်-ကန်ချနပူရီ ကားလမ်း ဖြတ်သန်းရာ နယ်မြေသည် KNU ထိန်းချုပ်လှုပ်ရှားနေသည့် နယ်မြေဖြစ်ပြီး ကျေးရွာ စုစုပေါင်း ၂၁ ရွာရှိသည့်အနက် ကျေးရွာ ၈ ရွာမှာ ကေအဲန်ယူနှင့် အစိုးရတပ်တို့ တိုက်ပွဲများကြောင့် ၁၉၉၇ နောက်ပိုင်းတွင် ဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံသို့ ပြောင်းရွေ့နေထိုင်ကြသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Italian-Thai Development က ထိုင်းဘတ်ငွေ ဘီလျံ (၄၀၀) ကျော် ရင်းနှီးမြုပ်နှံသွားမည်ဖြစ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းတွင် သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အဆောက်အအုံများ တည်ဆောက်ခြင်း၊ စက်မှုဇုန် နယ်မြေများ တည်ဆောက်ခြင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိစက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်စက်ရုံ များတည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက် ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်ခြင်းနှင့် ကားလမ်းနှင့် ရထားလမ်းတစ်လျှောက် ရေနံ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါဝင်သည်။

မဲဆောက်ရှိ မြန်မာတောရကျောင်း လုံခြုံရေး စိုးရိမ်နေရ

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တောရ ဘုန်းကြီးကျောင်းထိုင် ဆရာတော် ကိစ္စကို မဲဆောက်မြို့ သာသနာ့ အာဏာပိုင်အဖွဲ့မှ ဖြေရှင်းပေးပြီးသော်လည်း အတိုက်အခံ ပြုသည့် ထိုင်းသံဃာတော် နှင့်အဖွဲ့က မြန်မာကျောင်းထိုင် ဆရာတော်အား အနှောင့်အယှက် ပြုနေသည့်အတွက် ဘုန်းတော်ကြီးကျောင်းလုံခြုံရေး အတွက် စိုးရိမ်နေရသည်။

မဲဆောက်မြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်မှ မြန်မာဘုန်းတော်ကြီး ဦးမဟိန္ဒအား တောရ ကျောင်းထိုင် ဆရာတော်အဖြစ် ယမန်နေ့က ဆုံးဖြတ် ပေးလိုက်သည့် ကိစ္စ မကျေနပ်သည့် အတွက် အာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ ဖမ်းဆီးရန် ထိုင်းဘုန်းကြီးက ကြိုးပမ်းခဲ့သည်ဟု မဲဆောက်မြို့ ပြည်သူ့စေတနာ့ဝန်ထမ်း အသင်းခေါင်းဆောင် ကိုသိန်းဆန်းက ပြောသည်။
“မနေ့က ညနေပိုင်းမှာ သူကျနော့ကို ပြောတာပေါ့နော်။ မြန်မာပြည်သား ဘုန်းကြီးက ကျောင်းထိုင် လုပ်တာ မသင့်တော်ဘူး။ အဲဒီကျောင်းထိုင်နဲ့ အဲဒီတကျောင်းလုံးကို အချိန်မရွေး လာဖမ်း နိုင်တယ်။ သူတို့ မဟာချိုင်မှာ အဲလိုပဲ ဖမ်းဆီးနေကျ ဖြစ်တယ်။ အခုလည်း သူဖမ်းပြမှာ ဖြစ်တယ် လို့ပြောတယ်။ သူပြောထားတဲ့အတိုင်း ညနေမှာ ရဲနဲ့ ပြည်သူ့စစ်တွေ ခေါ်လာပြီး ဖမ်းပြတာဘဲ။ ဒါပေမယ့် မအောင်မြင်လိုက်ဖူး။”
ထိုင်းသတင်းဌာန တခုဖြစ်သော ဘော့ဆဲ(Bolsae) သတင်းစာစောင်မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဆစ်(စ်)ဆမ်က ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် လေးဦးအပါအ၀င် ပြည်သူ့စစ် တပ်ဖွဲ့ဝင် များဖြင့်  ယမန်နေ့ ညနေ(၆) နာရီအချိန်ခန့်က ဘုန်းကြီးကျောင်း ခြံဝင်းတံခါးများကို လိုက်ပိတ်ခဲ့ပြီး ကျောင်းဝင်းအတွင်း ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။
ရုန်းရင်းဆန်ခတ် အခြေအနေ ဖြစ်ပေါ်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံသား ပြည်သူ့စေတနာ့ ၀န်ထမ်းအဖွဲ့ဝင်များနှင့် စကား အခြေအတင်ဖြစ်ပေါ်ခဲ့ပြီး ည(၉) နာရီခွဲ အချိန်ခန့်တွင် ပြန်လည် ထွက်ခွာသွားသည်။ သို့သော် ထိုင်းနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမရှိသည့် စွဲချက်ဖြင့် မဲဆောက်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု သိရကြောင်း မြို့ခံ ဒကာများက ပြောသည်။
ထိုင်းနိုင်ငံ ဥပဒေအရ ထိုင်းနိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်များသာ မြို့နယ် သံဃာ့ မဟာနာယက ဆရာတော်၏ တာဝန်ပေးချက်အရ ကျောင်းထိုင် ဘုန်းကြီး ဖြစ်ခွင့် ရှိရမည်ဟု ပြဌာန်းထားသည့်အပေါ် အဓိကထား စွဲချက်တင်မည်ဟု ဆိုသည်။
လောလောဆယ်တွင် ကျောင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်ပေါ်နေပြီး မဲဆောက်မြို့ရှိ မြန်မာဒကာများက လုံခြုံရေး ယူပေးနေရသည်ဟု တောရကျောင်းမှ ဦးဇင်း တပါးက ပြောသည်။
“သံဃာ့မဟာနာယက အဖွဲ့က ဆုံးဖြတ်ပြီးပေမယ့်လည်း သူတို့(Bolsae)အဖွဲ့က ဟိုကို မပြန်သေးဘူး။ မနေ့ကလည်း ရဲတွေ ပြည်သူ့စစ်တွေ ခေါ်လာတယ်ဆိုတော့ အခုတောရကျောင်းရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်။ လုံခြုံရေး ယူနေရတယ်။ မနေ့ညကလည်း ဒကာတွေ အိပ်စောင့်ပေးရတယ်။ ဒီညလည်း အိပ်စောင့်ပေးဖို့ လုပ်နေကြတယ်။”
လက်ရှိဖြစ်ပွားနေသည့် အခြေအနေများအား မဲဆောက်မြို့နယ်မှ သက်ဆိုင်ရာ အာဏာပိုင်များ အပါအ၀င် မြို့နယ် သံဃာ့မဟာ နာယက အဖွဲ့ဥက္ကဌ ဆရာတော်နှင့် တောရကျောင်း ဆောက်လုပ်ရန် လှူဒါန်းထားသည့် မြေပိုင်ရှင် ထိုင်းနိုင်ငံသား အလှူရှင်များထံသို့လည်း အကြောင်းကြားထားပြီး ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ကလည်း အဆိုပါ ထိုင်းသံဃာတော်မှ တောရကျောင်းပိုင်ဆိုင်ရေး အတွက် အတိုက်အခံပြုခဲ့ဘူးသည်။ သို့သော် သက်ဆိုင်ရာ မဲဆောက်မြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်က လက်ရှိ ဆရာတော် ဦးမဟိန္ဒ သာလျင် ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်ကြောင်း တရားဝင် ဖြေရှင်းပေးပြီး ဖြစ်သည်။
တောရမြန်မာ ဘုန်းတော်ကြီးကျောင်း စတင်ဆောက်လုပ်စဉ်မှ ယနေ့ချိန်ထိ  နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် (၈) ရက်နေ့ရောက်တိုင်း မဟာ ဘုံကထိန်ပွဲတော် ကျင်းပခဲ့ရာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီး ယခုနှစ် ဘုံကထိန်ပွဲတော် ကျင်းပရာက ယခု ပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် KNLA ဆေးမှူး ထွက်ပြေးလွတ်မြောက်

အောက်တိုဘာလ ၂၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

ပြီးခဲ့သည့်အပတ်က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲမြို့နယ် သောင်ရင်းမြစ်တွင် အစိုးရစစ်တပ်နှင့် BGF တပ်ဖွဲ့တို့၏ ဖမ်းဆီးမှု ကို ခံခဲ့ရသည့် KNLA ဆေးမှူးမှာ ယမန်နေ့က ထွက်ပြေးလွတ်မြောက်လာသည်ဟု KNLA က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့မနက်က မဲ့သဝေါဂွင်ရှိ အစိုးရစစ်တပ်နှင့် BGF တပ်တို့ ထိုင်းဘက်ခြမ်းကူးကာ သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ KNLA တပ်ဖွဲ့ဝင်များအား ၀င်ရောက်ပစ်ခတ်ချိန် မြစ်အတွင်း ပိုက်ထောင်နေသည့် ၎င်းဆေးမှူး စောစေးလယ်ထူး ၃၇နှစ်အား ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

စောစေးလယ်ထူး၏ မိတ်ဆွေတစ်ဦးက “သူ့ကို သတ်ပစ်ဖို့အတွက် ဗမာစစ်တပ်က ပြောဆိုနေသံကို သူ ကြားမိသွားလို့ နောက်နေ့မနက်စောစောမှာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလွတ်မြောက်သွားတာပါ။ သူပြေးတဲ့အချိန်မှာ ဗမာစစ်သားတွေက နောက်ကနေ သေနတ်နဲ့ လိုက်ပစ်သေးတယ်လို့ ပြောတယ်။”ဟု ဆိုသည်။

ထိုသို့ထွက်ပြေးလာရာ တောလမ်းတနေရာတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိကာ ညာဘက်ခြေဖနောင့်မှာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

အစိုးရစစ်တပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့သည် စောစေးလယ်ထူးအား ဖမ်းဆီးခဲ့စဉ်က ထိုးကြိတ်၊ ရိုက်နှက်ကာ စစ်ဆေးမေးမြန်း ခဲ့သည်ဟု ၎င်းအား ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သူတစ်ဦးက “သူ့ဦးခေါင်းနောက်စေ့ကို သေနတ်ဒင်နဲ့ အထုခံရတယ်။ နောက်ပြီး သူ့လက်နှစ်ဖက်ကို လက်ပြန်ကြိုးတုတ်ထားတော့ လက်နှစ်ဖက်က ကြိုးချည်ရာတွေ အခုထိ ထင်းထင်းကြီးပဲ ပေါ် နေတယ်။”ဟု ပြောသည်။

အစိုးရစစ်တပ်က ၎င်းတို့ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ယင်းသို့ ညှင်းပမ်းနှိပ်စက်ခြင်းသည် နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ ချိုးကို ချိုးဖောက်ရာရောက်သည်ဟု ကေအဲန်ယူ၏ ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက ဝေဖန်ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲ ဖြစ်မြောက်ရေးေ က်ာမရှင်ဥက္ကဋ္ဌ ပြည်တော်ပြန်ခြင်း – Saya Gyi Han visits native place

ရန်ကုန်မြို့မှ ပေးစာ
အောက်တိုဘာ ၂၅၊ ၂၀၁၁
photo: Moe Kyaw Lwin/The VOICE
၂၀၁၁ ရွေးကောက်ပွဲမျက်နှာပန်းလှရေး ပြည်ပတွင် အထူး ၀ါယမစိုက်ခဲ့သူ ဦးဟန်ယောင်ဝေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု Messenger ဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်

ဒီကနေ့ ဖေါ်ဝပ်မေးလ်နဲ့ ရောက်လာတဲ့ စာတစောင် က စိတ်ဝင်စားစရာမို့ မျှဝေချင်တဲ့စိတ် အခြေခံနဲ့ ဒီစာစုကို ရေးပါတယ်။
NCUB – ဥရောပ ကိုယ်စားလှယ် ဦးနွယ်အောင် က သူတက်ခွင့်ရခဲ့တဲ့ Towards Peace and Democracy in Burma, European Parliament, Brussels, 05 October 2010 ကွန်ဖရင့်မှာ အခု ရန်ကုန် ရောက်နေတဲ့ Euro-Burma-Office (EBO)က ဦးဟန်ယောင်ဝေ ပြောခဲ့တာတွေ ကဟောသလို ပါဆိုပြီး ဥရောပ ပါလီမန်အဖွဲ့ဆီ လှမ်းရေးထားတဲ့ စာခင်ဗျ။ အကျဉ်းချုပ်ပြောရရင် ဦးဟန်ယောင်ဝေက
1) EU sanctions on Burma do not bring any solution to Burma in last 20 years, so that EU Policy on Burma should be reviewed
အီးယူ ပိတ်ဆို့အရေးယူမှုတွေ နှစ် ၂၀ သာကြာရော ဘာမှဖြစ်မလာတာမို့ ပြန်သုံးသပ်သင့်ကြောင်း။
2) The European Parliament should engage with the new government in Burma in light of the 2010 elections
အီးယူ ပါလီမန် အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်တွေနဲ့တက်လာတဲ့ မြန်မာအစိုးရသစ်နဲ့ လက်တွဲ သင့်ကြောင်း
3) The election laws of the 2010 elections are exactly the same of that of the 1990 elections, so why the 2010 elections should be boycotted since the 1990 elections had not been boycotted
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ တွေဟာ ၁၉၉၀ ရွေးကောက်ပွဲ ဥပဒေနဲ့ တသွေမတိမ်း တူပါလျက် ၊ ၁၉၉၀ ရွေးကောက်ပွဲ ကိုတော့ လက်ခံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုတော့ ဘာကြောင့် သပိတ်မှောက် ရမှာပါလဲ။
4) Boycotting 2010 elections by the NLD is a ‘ strategic mistake ‘ of the NLD
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာ ကတော့ NLD ရဲ့ တလွဲဗျူဟာ သာဖြစ်ကြောင်း။
5) Re establishment of UN Commission of Inquiry to investigate crimes in Burma, Harn Yawnghwe suggested that General Tin Oo (former Chief-of-Defense at Ne Win’s era, at present Vice-Chairman U Tin Oo of the NLD in Burma) should be the first person to be investigated due to his ‘ 4-cut strategy’ towards ethnic minorities in the 1960s
ပြန်လည် ဖွဲ့စည်းထားတဲ့ ကုလစုံစမ်းစစ်ဆေးမှု ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်တော့မယ် ဆိုရင်.. ဦးနေ၀င်းခေတ်မှာ ကာကွယ်ရေး ဦးစီးချုပ် လုပ်ခဲ့တဲ့ ဗိုလ်ချုပ် ကြီးတင်ဦး၊ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး အနေနဲ့ သူ့လက်ထက်၊ ၁၉၆၀ ခုနှစ် များဆီက တိုင်းရင်းသားတွေကို ဖြတ်လေးဖြတ်နဲ့ နှိပ်ကွပ်ခဲ့တာကို အရင်ဆုံး စစ်ဆေးသင့်ကြောင်း ဦးဟန်ယောင်ဝေက တင်ပြခဲ့ပါကြောင်း။
ကိုင်း အချုပ်ကတော့ အဲဒါပါဘဲခင်ဗျား။ အတော်တော့ ဟုတ်နေပါပြီ။ ဦးတင်ဦးကို ဖြတ်လေးဖြတ် ဆိုရင်.. ဦးသန်းရွှေတို့ ..သီဟသူရတင်အောင်မြင့်ဦးတို့ အပါအ၀င် လက်ရှိ အစိုးရအဖွဲ့ဝင်တွေ ဘာတွေ ကျူးလွန် ခဲ့ကြသလဲ ဆိုတာတွေ စုံစမ်း စစ်ဆေးရာမှာ ချန်ခဲ့လို့ဖြစ်ပါ့မလား..။ ဦးဟန်ယောင်ဝေ ခမြာ..ဒါကိုတော့ ထည့် မပြောဝံ့ရှာဘူးလေ.. ။
ဘယ်ဖြစ်မတုန်း.. ရွေးကောက်ပွဲကို ထောက်ခံခဲ့သူကြီး တယောက်အဖို့ ဦးသန်းရွှေနဲ့ အပေါင်းပါများကို သွား ရန်လုပ်လို့ဘယ်ဖြစ်မလဲလေ ။ တလှေထဲစီး သူများပေဘဲ။
NDF ပါတီကို ရွေးကောက်ပွဲရန်ပုံငွေထုတ်ပေးခဲ့သူ ကလဲ ဦးဟန်ယောင်ဝေ ဖြစ်ပါကြောင်း တဲ့ခင်ဗျ ဟိုက သည်က ကြားလာတာလေးကလေ။
အံ့သြော သွားသလားခင်ဗျ.. ကျန်နေပါသေး.. သူလာမယ်ဆိုတာ ကို The Voice ဂျာနယ်က အရင် သိသဗျား။ မဆန်းပါဘူး အဲဒီ ဂျာနယ် ပိုင်ရှင် က ရွေးကောက်ပွဲ ဂုရုကြီး အလုပ်ကောင်းလို့ တပြည်လုံး နီးပါး ချဉ်ဖတ်အဖြစ် ကြီးဖြစ်သွားခဲ့ရတဲ့ ဒေါက်တာ နေ၀င်းမောင် ဖြစ်သကိုး။
ခုလောက်ဆိုရင် ဘယ်ယုန်မြင်လို့ ဘယ်ချုံထွင်ဖို့ ဆြာကြီး ဟန်ယောင်ဝေ ရောက်လာတယ်ဆိုတာ ရိပ်စား မိနိုင်လောက်ရဲ့..။
သူကဘဲ ဒေါ်စုနဲ့ တွေ့ခွင့် တောင်းသတဲ့။ ဟိုက သဘောကောင်း၊ သူ့အဖေအတိုင်း ရန်သူကိုတောင် တိုင်းပြည် ကောင်းဖို့ဆို အပစ်အနာ ဖယ်ထားပြီး လက်ဆွဲ နှုတ်ဆက်ရဲတဲ့ အာဂ နိုင်ငံ့သမီးကောင်း။
ပွဲကြီးပွဲကောင်း တော့ ကြည့်ကြသေးတာပေါ့ဗျား……။
ဦးကေတီအေ
သတင်းရင်းမြစ် - မိုးမခ
စာကို ကလစ်ပြီး ဖတ်နိုင်သလို တချို့ အရေးပါတဲ့ အချက်တွေကိုတော့ တတ်သလောက် ဘာသာပြန်ပြီး ရေးလိုက်တ

Myanmar Hip-hop Rap song for Burma/ Myanmar

ရေကြီးတာနဲ့ပတ်သက်တဲ့ ၀န်ကြီးချုပ် မိန့်ခွန်း

ဝန်ကြီးချုပ်ခွန်ယင်လပ် ရုပ်သံမိန့်ခွန်း ထုတ်လွှင့်နေစဉ်
အစိုးရက အချိန်တိုအတွင်းမှာ ရေမြုပ်တဲ့အခြေအနေတွေကို လျော့ကျစေဖို့  ပိုင်းဖြတ်ထားပေမဲ့လည်း ဘန်ကောက်မြို့ ကြီးဟာ ၁၀ စင်တီမီတာကနေ တမီတာခွဲထိ ရေမြုပ်နိုင်တယ်လို့ ၀န်ကြီးချုပ် ယင်လပ်က ပြောပါတယ်။ အင်္ဂါနေ့ညက ၀န်ကြီးချုပ်ခွန်ယင်လပ်က ရေလွှမ်းမိုးမှုထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ပွင့်လင်းတဲ့အကဲဖြတ်ချက်ကို ရုပ်မြင်သံကြားကနေ ထုတ်ဖော် ကြေညာလိုက်ပါတယ်။ “အကြောင်း ၃ ချက်ထဲက တချက်ကြောင့် ရေဘေးက အဆိုးဆုံးဖြစ်နိုင်ခြေတွေ ဖြစ် လာနိုင်တယ်။ အဲဒါကတော့ ရေတားအကာတွေကျိုးပေါက်ကုန်တာနဲ့ရေက ထင်ထားတာထက်ပိုကြီးလာမှာကြောင့် ဖြစ်တယ်” လို့ သူမက ပြောပါတယ်။ မြောက်ပိုင်းက အရှိန်နဲ့စီးလာတဲ့ရေတွေက အလယ်ပိုင်းဒေသကို ရောက်လာပြီ၊ ဒီရေထုတခုလုံးက ဘန်ကောက်ကိုဖြတ်ပြီး ပင်လယ်ထဲကို စီးဝင်မှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
လက်ရှိ ရှိနေတဲ့ ရေတံခါးတွေနဲ့ တမံတွေရဲ့ခံနိုင်ရည်ကို ရေက ကျော်ဖို့များမယ်။ ဒါကြောင့် ဘန်ကောက်အပြင်ပိုင်း၊ အလယ်၊ အတွင်းပိုင်းတွေကို ရေ၀င်ဖို့များတယ်။ ကျောက်ဖရားမြစ်ဘေးနားက ရေလွှမ်းနေတဲ့နေရာတွေက အန္တရာယ် အကြီးဆုံးဖြစ်တယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ရေမြုပ်တာက အကြောင်း ၂ ချက်ပေါ်မူတည်ပါတယ်။ ရေတွေကို ဘယ်လိုစီမံခန့်ခွဲသလဲ၊ ဒေသတခုချင်းစီရဲ့ပထ၀ီမြေအနိမ့်အမြင့် စတဲ့အပေါ်မှာ မှီနေတယ်လို့ သူမက ပြောပါတယ်။ ဘန်ကောက်အနောက်ပိုင်းမှာတော့ ပထုမ်ဌာနရီနဲ့ နွန်ထာဘူရီကလာတဲ့ရေတွေကို ထိန်းချုပ်ဖို့ ရှိသမျှ လုပ်နိုင်တာတွေ ကို အစိုးရက စုစည်းထားပါတယ်။ ရေတွေကို ကျောက်ဖရားမြစ်နဲ့ သာချီးန်မြစ် စတဲ့ ဒီမြစ်နှစ်ခုနဲ့ ဆက်နေတဲ့ မာဆာဝပ်တူးမြောင်ကတဆင့် ဖောက်ထုတ်မယ်။
ထုံဘူရီမှာရေမြုပ်တာ ခန့်မှန်းခြေ ၅၀ စင်တီမီတာလောက် ရှိတယ်။ ဒွန်မောန်းလေဆိပ်မှာ ယာယီစခန်းချနေကြတဲ့ ရေ ဘေးဒုက္ခသည်တွေကို ဘန်ကောက်နဲ့ အထက်ပိုင်းနေရာတွေကို ရွှေ့ပြောင်းနေရာချထားပါတော့မယ်။ ရိက္ခာစုပုံ ထား တာကို လည်းဒွန်မောန်းကနေ အမျိုးသားအားကစားရုံနေရာက ချန်ယင်ရုန်အဆောက်အဦကို ရွှေ့ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူးနေ့ကစပြီး အမျိုးသားအားကစားရုံကြီးမှာ ရေဘေးကယ်ဆယ်ရေး ရိက္ခာဝေပေးတာတွေ လုပ်နိုင်ပါ တယ်။
အောက်တိုဘာ ၂၆၊ ၂၀၁၁ (The Nation) 

Flooding in Bangkok

စီဒီအမ်​အေ ဖုန်း​အချို့​ လိုင်း​ပိတ်ခံရ

Published on October 25, 2011 
ထိုင်း ​- မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့​က ‘စီဒီအမ်​အေ’ လက်ကိုင်ဖုန်း​ တချို့​ကို ဆက်သွယ်​ရေး​ဌာနက ပိတ်ထား​တယ်လို့​ ဖုန်း​အပိတ်ခံထား​ရသူ​တွေက ​ပြောပါတယ်။
ဖုန်း​လိုင်း​ အပိတ်ခံထား​ရသူတဦး​က “တချို့​က ထိုင်း​နိုင်ငံမှာ လုပ်ငန်း​သွား​လုပ်တဲ့​သူ​တွေ ရှိတယ်​လေ။ သူတို့​က ထိုင်း​ဖုန်း​နဲ့​မြန်မာပြည်ကို မ​ခေါ်​တော့​ဘူး​။ ကြား​မှာဘန်​ကောက်မှာဆိုလည်း​ ဘန်​ကောက်၊​ မဲ​ဆောက်မှာဆိုလည်း​ မဲ​ဆောက်​ပေါ့​၊​ ဖုန်း​လုပ်စား​တဲ့​သူ​တွေရှိတယ်။ ယိုး​ဒယား​ဖုန်း​တွေနဲ့​ မြဝတီကိုပို့​ထား​တာ။ မြဝတီက​နေမှတဆင့်​ စီဒီအမ်​အေနဲ့​ လိုင်း​ပြန်ခွဲပြီး​တော့​ ချိတ်​ပေး​လိုက်တာ။ မဲ​ဆောက်ကပဲ ​ခေါ်​ခေါ်၊​ တခြား​နေရာကပဲ​ခေါ်​ခေါ်​ပေါ့​” လို့​ ​ပြောပါတယ်။
အခု အပိတ်ခံရတဲ့​ ဖုန်း​တွေဟာ ကျပ်ငါး​သိန်း​တန် စီဒီအမ်​အေ 450MHz ဖုန်း​တွေဖြစ်ပါတယ်။ အဲဒီရက်ပိုင်း​အတွင်း​ မြဝတီမှာ လိုင်း​ပိတ်ခံရတဲ့​ စီဒီအမ်​အေဖုန်း​ပေါင်း​ ၁၀ လုံး​ကျော် ရှိပြီး​ မြဝတီမြို့​နယ် ဆက်သွယ်​ရေး​ရုံး​ကို ​မေး​မြန်း​တဲ့​အခါ အထက်လူကြီး​ ညွှန်ကြား​ချက်​ကြောင့်​ လိုင်း​ပိတ်တာ ဖြစ်ပြီး​ ပြည်နယ်ရုံး​ကို အသနား​ခံစာ တင်ပြနိုင်ပါတယ်လို့​ ​ပြော​ကြောင်း​ ဖုန်း​လိုင်း​အပိတ်ခံရသူက ​ပြောပါတယ်။
‘စီဒီအမ်​အေ’ ဟန်း​ဖုန်း​တလုံး​ကို ​နေပြည်​တော်မှာ ကျပ်ငါး​သိန်း​ ​ပေး​ဝယ်ရပြီး​ မြဝတီမြို့​ခံမှာ​တော့​ ငါး​သိန်း​ရှစ်​သောင်း​နှုန်း​နဲ့​ စတိုး​ဆိုင်က ဝယ်ထား​ကြတာပါလို့​ဆိုပါ တယ်။
ဖုန်း​ ဆက်ခအတွက်​တော့​ ကျပ် တ​သောင်း​၊​ နှစ်​သောင်း​၊​ သုံး​သောင်း​တန် ကတ်​တွေဝယ်ကြရပြီး​ ပြည်တွင်း​ဖုန်း​ခေါ်ခ တမိနစ်ကို ကျပ် ၅၀ ကျသင့်​တယ်လို့​ သိရပါတယ်။
ဒီဖုန်း​ ပိုင်ရှင်​တွေက နယ်စပ်ဖြတ်​ကျော် သုံး​စွဲလို့​ ဆက်သွယ်​ရေး​က လိုင်း​ဖြတ်တယ်လို့​ ဆိုတာ​ကြောင့်​ ဘား​အံမြို့​ မြန်မာ့​ဆက်သွယ်​ရေး​လုပ်ငန်း​ ပြည်နယ်ရုံး​ကို ဆက်သွယ်​မေး​မြန်း​ကြည့်​တဲ့​အခါ ကရင်ပြည်နယ် မိုဘိုင်း​ဖုန်း​ တာဝန်ခံ ဦး​ညာဏ်​အေး​က ခုလိုရှင်း​ပြပါတယ်။
“ကျ​နော်တို့​ စီဒီအမ်​အေ ရုံး​ချုပ်ကို ဘာအ​ကြောင်း​ကြောင့်​လဲလို့​ ​မေး​ကြည့်​တဲ့​အခါကျ​တော့​ နယ်​ကျော်တာရယ်၊​ ​နောက်ပြီး​တော့​ အဆက်များ​တယ်လို့​ပြောတယ်။ နယ်​ကျော်တယ်ဆိုတာ လိုင်း​မိလို့​ ကိုင်တာ​ပေါ့​လို့​။ လိုင်း​မမိဘဲ ၅ သိန်း​ကို အဆုံး​ခံပြီး​ကိုင်မှာမဟုတ်ဘူး​။ အဆက်များ​တယ်ဆိုတာလည်း​ ဘာမှမရှိဘူး​။ ပီစီအို ထိုင်တဲ့​ဖုန်း​လောက်​တောင် မရှိဘူး​။ တ​နေ့​မှာ မိနစ် ၅၀- ၇၀ ​လောက်ပဲရှိတယ်။”
ထိုင်း​ဘက်က လုပ်ငန်း​လုပ်​နေသူတချို့​က မြန်မာပြည်တွင်း​ကို ဆက်သွယ်တဲ့​အခါမှာ ထိုင်း​ဖုန်း​က​နေ​ခေါ်လိုက်ပြီး​ ဝန်​ဆောင်​ပေး​နေသူတချို့​က အလား​တူ ထိုင်း​ဖုန်း​နဲ့​ လက်ခံပြီး​ မြန်မာဘက်က စီဒီအမ်​အေဖုန်း​ကို ကြိုး​နဲ့​ထပ်ဆင့်​ပွား​ ဆက်သွယ်ပြီး​ မြန်မာပြည်တွင်း​ မြို့​တွေကို ဆက်သွယ်​ပေး​နေတာဖြစ်​ကြောင်း​ ကရင်ပြည်နယ် မိုဘိုင်း​ဖုန်း​ တာဝန်ခံ က ရှင်း​ပြပါတယ်။
အဲဒီလို ဆင့်​ပွား​သုံး​တာမျိုး​ကို ဆက်သွယ်​ရေး​က ခွင့်​မပြုသလို ရန်ကုန် စီဒီအမ်​အေ ရုံး​ချုပ်က​ ဂြိုဟ်တုဆက်သွယ်​ရေး​စနစ်က​နေ ​ခြေရာခံနိုင်​ကြောင်း​လည်း​ ရှင်း​ပြပါတယ်။
ပြည်ပက​နေ မြန်မာပြည်တွင်း​ ဖုန်း​ကို တိုက်ရိုက်ဖုန်း​ခေါ်ရင် ဥပမာ၊​ ထိုင်း​နိုင်ငံက​နေ ​ခေါ်မယ်ဆိုရင် ဖုန်း​ကုမ္ပဏီ အလိုက် တမိနစ်ကို ပျမ်း​မျှ ၁၂ ဘတ်က​နေ ဘတ် ၃၀ ဝန်း​ကျင်ထိ ကျသင့်​ပါတယ်။
အခု​ဖော်ပြခဲ့​တဲ့​ နယ်စပ်တဆင့်​ဖုန်း​တွေက​နေ ဆက်ရင်​တော့​ တမိနစ်ကို အများ​ဆုံး​ ၆ ဘတ်နှုန်း​ ကျသင့်​တယ်လို့​ သိရပါတယ်။
အခု အဲဒီလိုဆက်သွယ်​ပေး​တဲ့​ ဖုန်း​အများ​စုကို ဆက်သွယ်လို့​ မရ​တော့​ဘူး​လို့​ ဖုန်း​ဆက်​နေသူ​တွေက ​ပြောပါတယ်။

ရုရှားရောက် မြန်မာစစ်ဗိုလ်များအတွက် မြန်မာသံအမတ် ဦးမင်းသိန်းရဲ့ ပေးစာ



ရုရှားရောက် နောင်တခေတ်ရဲ့ အောင်စစ်သည်များရဲ့ ဂုဏ်ယူဖွယ် နေထိုင်မှုစတိုင်ကို ချီးကျူးထားတဲ့
ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး လျှို့ဝှက်ပေးစာ




၂၀၁၀ ဖေဖော်ဝါရီလက ရုရှားမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တွေ့ရတဲ့ သံအမတ်ကြီး ဦးမင်းသိန်း (ဝဲ-ဒု)
စတိုင်ရှိလို့ စတား ဖြစ်ပြီ

အတာသင်္ကြန် သရုပ်ပြပွဲ..

The Portraits of Myanmar People

Tuesday, October 25, 2011

Burma Army sends reinforcements to secure Tavoy-Kanchanaburi road construction

October 23 | | Posted in Articles
ITD project plan
Following a ban placed by the Karen National Union on the Italian-Thai Development Company’s Kanchanaburi-Tavoy road construction, the Burma Army have responded by reinforcing their troop numbers by sending six more battalions to the area.
According to an unnamed KNU source based in the area, Burma Army reinforcements started to arrive on October 11.
The KNU source estimated that there are of now a total of eight battalions, deployed from Kwe Waw Wa (Ain Wai) to the Thai border (Mae Tha Mee Hkee) to protect and to allow the road construction to go ahead.
The eight battalions are under the command of Colonel Hein Zaw Latt who is in charge of Tactical Operation Command 2 and 3 from Operation Command 13.
In September this year the KNU requested the Italian-Thai Development Company to stop construction on the Kanchanaburi-Tavoy road after villagers and environment groups complained that the project would have a huge impact on the environment and would cause the forced eviction of thousands of civilians.
The 160-kilometer highway is part of the mega Tavoy Development Project, estimated to be worth more than US$60 billion. The project includes a deep-sea port, a giant industrial zone, roads, railways, hydro-dams, transmission lines and oil and gas pipelines. The Burmese military government awarded the project to the Italian-Thai Development Company.
The KNU, general secretary, Naw Zipporah Sein told Karen News.
“We [KNU] have to defend ourselves from attacks by the Burma Army.”
M’s Sein warned that Italian-Thai employees are at risk of getting caught in crossfire’s if fighting breaks out.
“If fighting starts in the area there will no security for the Thai company and the workers risk injury if they are caught in the crossfire. The KNU will not take any responsibility for the company workers safety.”
Naw Zipporah Sein said the KNU urged the Thai company to find a peaceful solution to the issue.
A source close to the Italian-Thai Development Company says the company is confident that they will go ahead with the road construction despite the KNU not approving the project. The source said the company is now using the Burmese Army to secure the area so the road construction can proceed. The source also said there is a possibility the Burma Army will launch an offensive to clear out the KNU in the area.
The KNU and Italian-Thai Development Company has held meeting on several occasions to negotiate the project, but no solution had been reached. The KNU promised that the Company will be given more details of their position on the project after discussions with the KNU Standing Committee.

(10)ကြမ်မြောက် ကရင့်အမျိုးသားနှစ်သစ်ကူး ဘောလုံးပြိုင်ပွဲ(ကွင်းဖွင့်ပွဲ)



ယမန်နေ့ ၂၃-၁၀-၂၀၁၁နေ့နံနက်(၈)နာရီအချိန်တွင် (၁၀)ကြိမ်မြောက် မလေးရှား ကရင်အမျိုးသား နှစ် သစ်ကူးဘောလုံးပြိုင်ပွဲ၏ ကွင်းဖွင်ပွဲအခမ်းအနားကို MKO ရုံးအနီးရှိ အစိုးရကျောင်းဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

၎င်းကွင်းဖွင့်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော အသင်း(၈)သင်းနှင့်အတူ MKO ကျောင်းသူ/သားများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ လာရောက်ချီတက်ခဲ့ကြပြီးဖထီးဂီးဒီယံမောရစ် အဖွင့်အမှာစကား ဥက္ကဋ္ဌမန်းစိန်သန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

ကွင်းဖွင့်ပွဲပြီးသည်နှင့်တပြိုင်နက် အုပ်စု(A)မှ လက်ရှိချန်ပီယံအသင်;ဖြစ်သည့် ကရင်မျိုးချစ် လူငယ်အသင်း(Kalang)  နှင့် မျိုးဆက်သစ်လူငယ် (Kepong)အသင်းတို့ ယှဉ်ပြိုင် ကစားရာမှာ  (၄)ဂိုး(၂) ဂိုးဖြင့် ချန်ပီယံအသင်းက အနိုင်ရရှိခဲ့သည်။

ဒုတိယပွဲစဉ်အဖြစ် ကိုးဒီသွေးအသင်း(MKO)နှင့် ထီးဆေမေးယွာ(PJ) အသင်းတို့ယှဉ်ပြိုင်ကစားရမှာ နှစ်ဂိုး ဂိုးမရှိဖြင့် ကိုးဒီသွေးမှ အနိုင်မရခဲ့ကြောင်း သိရှိရသည်။

ကွင်းဖွင့်ပွဲ မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှုနိုင်ပါသည်။