Tuesday, October 25, 2011

(10)ကြမ်မြောက် ကရင့်အမျိုးသားနှစ်သစ်ကူး ဘောလုံးပြိုင်ပွဲ(ကွင်းဖွင့်ပွဲ)



ယမန်နေ့ ၂၃-၁၀-၂၀၁၁နေ့နံနက်(၈)နာရီအချိန်တွင် (၁၀)ကြိမ်မြောက် မလေးရှား ကရင်အမျိုးသား နှစ် သစ်ကူးဘောလုံးပြိုင်ပွဲ၏ ကွင်းဖွင်ပွဲအခမ်းအနားကို MKO ရုံးအနီးရှိ အစိုးရကျောင်းဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

၎င်းကွင်းဖွင့်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော အသင်း(၈)သင်းနှင့်အတူ MKO ကျောင်းသူ/သားများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ လာရောက်ချီတက်ခဲ့ကြပြီးဖထီးဂီးဒီယံမောရစ် အဖွင့်အမှာစကား ဥက္ကဋ္ဌမန်းစိန်သန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

ကွင်းဖွင့်ပွဲပြီးသည်နှင့်တပြိုင်နက် အုပ်စု(A)မှ လက်ရှိချန်ပီယံအသင်;ဖြစ်သည့် ကရင်မျိုးချစ် လူငယ်အသင်း(Kalang)  နှင့် မျိုးဆက်သစ်လူငယ် (Kepong)အသင်းတို့ ယှဉ်ပြိုင် ကစားရာမှာ  (၄)ဂိုး(၂) ဂိုးဖြင့် ချန်ပီယံအသင်းက အနိုင်ရရှိခဲ့သည်။

ဒုတိယပွဲစဉ်အဖြစ် ကိုးဒီသွေးအသင်း(MKO)နှင့် ထီးဆေမေးယွာ(PJ) အသင်းတို့ယှဉ်ပြိုင်ကစားရမှာ နှစ်ဂိုး ဂိုးမရှိဖြင့် ကိုးဒီသွေးမှ အနိုင်မရခဲ့ကြောင်း သိရှိရသည်။

ကွင်းဖွင့်ပွဲ မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှုနိုင်ပါသည်။









No comments: