Sunday, January 6, 2013

လွတ်တော်မှာ နိုင်ငံရေးဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်က ကေအင်ယူ ကို ပြောကြား


06 Jan 04:50 |

မြန်မာသမ္မတဦးသိန်းစိန်က ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ကို ဇန်နဝါရီလ ၅ ရက် မနေ့ညနေက တွေ့ဆုံခဲ့ရာမှာ ကာလရှည်ကြာပြီဖြစ်သည့် မိမိတို့ အချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေကို မိမိတို့ လက်ထက်မှာ အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အပစ်အခတ် ရပ်စဲရေးကနေ စတင်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်လုပ် ဆောင်ရန်အတွက် မိမိတို့(KNU)အဖွဲ့က ဆန္ဒရှိကြောင်း၊ နိုင်ငံတစ်ဝန်းမှာ အပစ်အခတ်ရပ်စဲမှုများ ရှိနေပြီဖြစ်ပေမယ့် ကချင်ပြည်နယ် ပဋိပက္ခကတော့ ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နေကြောင်း၊ ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့ ကူညီလိုကြောင်း ပြန်လည်ပြောကြားပါတယ်။

အဲဒီနောက် သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ မြန်မာ တပ်မတော်ကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရုံမှ အပ စတင် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ မိမိတို့ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ရာမှာ မတူကွဲပြားမှုများကို ဖယ်ရှားပြီး တူသည်များကို ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအဆင့် ဆွေးနွေးဖို့အတွက် တိုင်းရင်းသား ကိုယ်စားလှယ်အားလုံး ပါဝင်တဲ့ လွှတ်တော်ဟာ ဆွေးနွေးရန် အကောင်းဆုံး နေရာဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နေပြည်တော်က အဲဒီ တွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေကို တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဦးသိန်းစိန်နှင့်အတူ မြန်မာအစိုးရဖက်က ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဖက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး(၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြတဲ့ ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ကရင်ပြည်နယ်မှာ အမှန်တကယ် ငြိမ်းချမ်းရေးရတော့မည်လား

သမ္မတ ဦးသိန်းစိန်ဟာ နေပြည်တော်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ 

ကရင် ၀တ်စုံဝတ်ဆင်ထားတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ KNU ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ဒါဟာ KNU အဖွဲ့အတွင်း မကြာသေးမီကမှ အသစ်ရွေးချယ် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ပိုင်း အသစ်ရွေးချယ်မှုအပြီး ငြိမ်းချမ်းရေး ခရီး ဖြောင့်ဖြူးစေဖို့ ဦးသိန်းစိန်က နေပြည်တော်ကို ခေါ်ယူတွေ့ဆုံခဲ့ တာလည်းဖြစ်ပါတယ်။ 



တွေ့ဆုံမှုမှာတော့ KNU ခေါင်းဆောင်ကပေးတဲ့ နှစ်သစ်ကူးလက်ဆောင် ကရင်အမျိုးသားဝတ်စုံကို သမ္မတ ဦးသိန်းစိန်က လက်ခံ ၀တ်ဆင်ထားပြီး လာမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် ဆွေးနွေးကြသလို သယံဇာတ ကိစ္စလည်း ထည့်သွင်းဆွေးနွေးကြပါတယ်။ 


"သယံဇာတခွဲဝေမှုနှင့်ပတ်သက်၍ တိုင်းရင်းသားအကျိုးစီးပွားကို မထိခိုက်စေရန်၊ မိမိနိုင်ငံ၏ ဂုဏ် သိက္ခာ ကို မထိခိုက်စေရန်၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို မထိခိုက်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင်မထိ ခိုက်စေရန် သတိထားဆောင်ရွက်ရမည်ဖြစ် ပါကြောင်း" လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ လည်း ဖော်ပြထားပါတယ်။ 



ဒီအပြင် သမ္မတရုံးစာမျက်နှာမှာ "ယခုကဲ့သို့ တွေ့ဆုံမှုများကို အချိန်မရွေး အကြိမ်ပေါင်းများစွာ တွေ့ဆုံနိုင် မည် ဟု မျှော်လင့် ပါကြောင်း၊ တွေ့ခွင့်ရမည်ဟုလည်း မျှော်လင့် ဆုတောင်းပါကြောင်းဖြင့် ပြောကြား သည်"လို့လည်း ဖော်ပြထားပုံထောက်ရင် ငြိမ်းချမ်းရေးတွေ့ဆုံမှုဟာ အတော် အကြိမ်ရေ များများ လို အပ်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ 

မြန်မာ့တပ်မတော်က အောက်ခြေ တပ်သားတွေနဲ့ အခြားအဆင့်ရှိကြတဲ့ တပ်မတော် မိသားစုဝင်တွေနဲ့ ကရင်ပြည်နယ်တွင်းက ဒေသခံတွေကတော့ ငြိမ်းချမ်းရေးကို အမှန်လိုလားကြမှာ သေချာပါတယ်။ ပြည် တွင်းစစ်ဒဏ်ကြောင့် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမတွေရဲ့ အသက်တွေ၊ သွေး 
တွေ၊ ချွေးတွေ၊ ဘ၀တွေ ပေးဆပ်နေကြရရင်း ဒေသဖွံ့ဖြိုးမှုတွေလည်း နောက်ကျကျန်ရစ်နေတာ သက် ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေ အားလုံး သိနေကြမှာပါဘဲ။ 

သမ္မတ ဦးသိန်းစိန်နဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံမှုအပြင် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒီလို တပ်မတော်ဘက်က အကြီး ဆုံး တာဝန်ရှိသူနဲ့ပါတွေ့ဆုံမှု ဖြစ်လို့ ငြိမ်းချမ်းရေးအတွက် လမ်းစများ ပေါ်လာပြီလားလို့ မျှော်လင့်နိုင် တဲ့ မြင်ကွင်းဖြစ်ပါတယ်။ 

 မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းနှင့် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်များ၊ ဓာတ်ပုံ- မြ၀တီ 


အခုလို သမ္မတအပြင် စစ်ဘက် ခေါင်းဆောင်ပိုင်းတွေနဲ့ပါ KNU ခေါင်းဆောင်ပိုင်းတွေရဲ့ တွေ့ဆုံမှု  ငြိမ်း ချမ်းရေး ခြေလှမ်းတွေကိုလည်း သူတို့တွေက အမှန်တကယ် အောင်မြင်ပါစေကြောင်း ဆု တောင်းနေကြ မှာပါ။ 

မြန်မာနိုင်ငံသား အားလုံး နီးပါးဟာ နှစ်ပေါင်း ၆၀ လောက်ဖြစ်လာတဲ့ ပြည်တွင်းစစ်ရဲ့ ခါးသည်းမှုတွေကို အတိတ်မှာ ချန်ထားရစ်ခဲ့နေချင်ကြတာ သိသာပါတယ်။ ဒါကြောင့်ဘဲ ငြိမ်းချမ်းရေးအတွက် အိပ်မက်တွေ ကို အသက်သွင်းဖို့ ကြိုးစားရင်း ဒီလို သတင်းကောင်းတွေနဲ့ အသက်ဆက်လက်ရှင်သန်နေကြတာပါ။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ စီးပွားရေး လုပ်ငန်းတွေလို ပွဲစားတွေ၊ ရောင်းကုန်တွေ၊ ၀ယ်လိုအားတွေနဲ့ မသက်ဆိုင်ဘဲ တကယ့် ငြိမ်းချမ်းရေး စစ်စစ်တွေဟာ သက်ဆိုင်ရာ နိုင်ငံသားတို့ရဲ့ ဆန္ဒမှန်ကို နား လည် လေးစားတဲ့ ခေါင်းဆောင်တွေရဲ့ ရဲရင့်တဲ့ လုပ်ဆောင်မှုများသာ ဖြစ်ပါတယ်။ 

ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU ခေါင်းဆောင်များ လက်ခံတွေ့ဆုံ

6 Jan, 2013 1:50 PM



မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ KNU ဥက္ကဌသစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံခဲ့ပါတယ်။  ယမန်နေ့က လည်း သမ္မတ ဦးသိန်းစိန်က KNU အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပါသေးတယ်။ 
 ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဓာတ်ပုံ- မြ၀တီ










ဒုတိယကမ္ဘာစစ် MK14 Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေ ရှာဖွေရေး (ရုပ်သံ)


Burma President Thein Sein meets KNU Leaders


credit Kyaw Swar Myint- Hla Maung Shwe- popular news
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နှင့် KNU ခေါင်းဆောင်များတွေ.ဆုံ။







KNU ကိုဧည့်ခံသော ညစာစားပွဲမှ ဒုဥက္ကဋ္ဌဒေါက်တာစိုင်းမောက်ခမ်း၏ နှုတ်ဆက်စကား


“ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး၊ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာစိုင်းမောက်ခမ်း ကကရင်အမျိုးသား အစည်းအရုံး(KNU)အဖွဲ့အားဂုဏ်ပြုညစာစားပွဲကျွေးမွေး စဉ်က ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကား“

နေပြည်တော်၊ဇန်န၀ါရီ၊၅

ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးအဖွဲံကို ဂုဏ်ပြုတဲ့ ညစာစားပွဲပဲဖြစ်တယ်။နိုင်ငံတော်အနေနဲကတော့ ၂၀၁၁နှစ်ဆန်းပိုင်းကနေ အခု၂၀၁၃နှစ်ဆန်းပိုင်းနှစ်နှစ်တာကာလအတွင်းမှာ နိုင်ငံတော်အစိုးရအဖြစ်တာဝန်ယူပြီးတော့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်တွေကိုဖော်ဆောင်ခဲ့ပါတယ်။
ဒီမှာရှိတဲ့ ကရင်အမျိုးသားစည်းရုံးရေး၊ငြိမ်းချမ်းရေးအဖွဲ့အပါအ၀င် ထိတွေဆက်ဆံလို့ရတဲ့ အဖွဲ့အစည်းတွေအားလုံးကို ကျွန်တော်တို့ ထိတွေပြီးတေှာ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ခဲ့တာ
ဖြစ်ပါတယ်။
ယနေ့ညနေ6 နာ၇ီတွင် Royal KumudaHotel ၌ ငြိမ်းချမ်းရေး ၊ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့အား ဂုဏ်ပြုညစာစားပွဲကျွေးမွေးစဉ်


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကျွန်တော်တို့က မတူညီတာတွေကိုဘေးဖယ်ထားပြီးမှ တူညီတာတွေကိုလက်တွဲပြီးလုပ်နေခဲ့တာ အထိုက်အလျောက်အောင်မြင်တဲ့ ခရီးရောက်နေတာအားလုံးအသိပဲဖြစပါတယ်။
အရင်တုန်းကသေနတ်သံတွေ ဆူညံနေတဲ့ဒေသတော်တော်များများမှာ သေနတ်သံတွေစဲပြီး
ပြည်သူလူထုကလည်းအေးအေးချမ်းချမ်းနေနိုင်တဲ့အခြေအနေရောက်လာတာအားလုံးအသိပဲဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်တာကလည်းတစ်ဖက်တည်း လုပ်လို့ရတာမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်လုံးက ဖော်ဆောင်မှ အောင်မြင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်မကဘဲ ဘေးတိုက်ကနေလည်း အားပေးကူညီသူ၊အားပေးကူညီတဲ့နိုင်ငံ၊ အားပေးကူညီတဲ့ အဖွဲ့အစည်း၊ တွေပါဝင်ပါမှ နှစ်ပေါင်း၅၀ကျော် ၆၀နီးပါ
ကြမြင့်လာတဲ့ ပဋိပက္ခတွေ အောင်မြင်မှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်တဲ့နေရာကလည်း လွယ်ကူတဲ့လုပ်ငန်းစဉ်တော့မဟုတ်ပါဘူး၊ နိုင်ငံရေးစီးပွားရေးလူမှုရေး၊စစ်ရေး၊စတဲ့ရေးရာကိစ္စတွေအမြောက်အများပါတဲ့အတွက် တစ်ထိုင်တည်း၊တစ်ခါတည်းပြီးမြောက် အောင်မြင်အောင်လုပ်ဖို့ အင်မတန်မလွယ်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းကအင်မတန်မှ စိတ်ရှည်သည်းခံပြီး ဇွဲရှိရှိနဲ့ နှစ်ဦးနှစ်ဖက်လုပ်ဆောင်ပါမှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်အခုဒီကို တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကလည်းစိတ်ရှည်သည်းခံပြီးတော့မှ ဇွဲရှိရှိနဲ့ လုပ်ဆောင်ပေးကြဖို့ ကျွန်တော့်အနေနဲ့မေတ္တာရပ်ခံပါတယ်။
အခု၂၀၁၁ခုနှစ် ကနေ၂၀၁၃ခုနှစ် နှစ်နှစ်တာကာလအတွင်းရောက်လာပါပြီ အခု၂၀၁၃မှာ ကျွန်တော်တို့ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအောင်မြင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုပါတယ်။

ကချင်ဒေသတိုက်ပွဲ ရပ်တန့်ရန် သမ္မတကို KNU ခေါင်းဆောင်များ တိုက်တွန်း

6 Jan, 2013 2:08 AM
ဇန်နဝါရီလ ၅ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
လက်ရှိ တိုက်ပွဲပြင်းထန်နေသော ကချင်ဒေသတွင် ပစ်ခတ်မှုများ ရပ်တန့်ရေး လုပ်ဆောင်သွားနိုင်ရန်အ တွက် နေပြည်တော်သို့ ရောက်ရှိနေသည့် KNU ခေါင်းဆောင် များက သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကို ယနေ့တွေ့ဆုံရာတွင် တိုက်တွန်းပြောဆိုခဲ့ သည်။
“ကချင်တိုက်ပွဲကို ရပ်နိုင်ဖို့က ဘယ်လိုကြိုးစားဆောင်ရွက်သွားမလဲဆိုတာကို ကျနော်တို့ သမ္မတကို တိုက်တွန်းပြောဆိုခဲ့တယ်။ ဒါကလည်း အားလုံးမှာတာဝန်ရှိတဲ့အတွက် ကျနော်တို့ ဘယ်လိုအဖြေရှာကြမလဲ။ နောက်ပြီးတော့ တချိန်ထဲမှာပဲ သမ္မတဘက် ကလည်း KNU အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုဝိုင်းဝန်းပြီးတော့ ပါဝင်နိုင်မယ်ဆိုတာမျိုး ပြန်လည် တိုက်တွန်းပြောဆိုကြတယ်”ဟု ပဒိုမန်းမန်းမန်းက ဆက်လက်ပြောဆိုသည်။
သမ္မတ၏ ဖိတ်ကြားချက်အရ ယနေ့ ညနေ ၄နာရီမှ ၅နာရီကျော်အထိ နေပြည်တော် သမ္မတအိမ်တော် လယ်တောရှင်းလင်း ဆောင်၌ သမ္မတ ဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့နှင့် KNU ဘက် မှ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်း မန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောလှထွန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် စစ်မှန်သော အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ရာ၌ တိုင်းရင်းသားများအားလုံးကိုလည်း အတူတ ကွ ပူးပေါင်းပါဝင် ဆောင်ရွက်စေ ချင်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့သကဲ့သို့ KNU ဘက်မှလည်း တိုင်းရင်းသားဒေ သများမှ ထွက်ရှိလာသည့် လုပ်ငန်းအမြတ်အစွန်းများကို ပြည်သူများပါ ခံစားသင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ပဒိုမန်းမန်းမန်း က ထပ်မံ ပြောဆိုသည်။
“ကျနော်တို့ စဉ်းစားထားတဲ့ အချက်တွေအတိုင်းပဲ ကေအဲန်ယူနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စမှာ ခိုင်မာတဲ့ အပစ်ခတ်ရပ်စဲရေးကို တဆင့်ပြီးတဆင့် ဆက်သွားနိုင်ဖို့နဲ့ တိုင်းရင်းသားဒေသမှာ ရှိနေတဲ့ သယံဇာတတွေကို အစွန်းအမြတ် ရလာတဲ့အပေါ်မှာ ပြည် သူတွေ အပါအဝင် ပြည်ထောင်စုအဆင့်ရော၊ ပြည်နယ်အဆင့်တွေပါ မျှတစွာ ဘယ်လိုခွဲဝေသင့်သလဲ ဆိုတာလေးကိုလည်း ဆွေးနွေးခဲ့ကြတယ်”ဟု သူက ကေအိုင်စီသို့ ပြောသည်။
သို့သော် ၎င်းဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဘက်မှ သဘောတူညီသော ဆုံးဖြတ်ချက်များ ချမှတ်သည့် အခြေအနေမျိုး မဟုတ်ဘဲ သဘောထားထင်မြင်ချက် အနေဖြင့်သာ ဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးမှုနှင့် ပတ်သက်၍လည်း နေပြည်တော် တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ KNU ခေါင်းဆောင်များသည် ယခုလ ၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှတဆင့် နေပြည်တော် သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နယ်စပ်ပြန်လည်ရောက်ရှိပါက သတင်းစာရှင်းလင်းပွဲ ထပ်မံ ပြုလုပ်သွားဦး မည်ဟု သိရသည်။

Friday, January 4, 2013

သမ္မတဦးသိန်းစိန်နှင့်လွတ်လပ်ရေးနေ့ အပြီးတွေ့မည်ဟု ကေအဲန်ယူပြောဆို


Submitted by admin on Friday, 4 January 2013One Comment
ဇန်န၀ါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ယနေ့ထွက်ခွာသွားသည့် ကေအဲန်ယူ ဥက္ကဌနှင့်အဖွဲ့သည် လွတ်လပ်ရေးနေ့အပြီး ဇန်န၀ါရီလ ၅ရက်နေ့တွင် နေပြည်တော်၌ သမ္မတ အပါအ၀င် အစိုးရအဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်သည်။

ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့ ဦးဆောင်သော အဆိုပါကေအဲန်ယူအဖွဲ့ သည် ယနေ့မနက် ၈နာရီခွဲတွင် မြ၀တီမြို့မှ ထွက်ခွာ၍ မွန်းလွဲ ၃နာရီတွင် ကရင်ပြည်နယ်၊ မြို့တော်ဘားအံသို့ ရောက်ရှိပြီး ဇွဲကပင်ဟိုတယ်တွင် တစ်ညတာ တည်းခိုလျှက်ရှိကြောင်း သိရသည်။

“ကျနော်တို့ ၅ရက်နေ့မှာ တွေ့မှာပါ။ မနက်ဖြန်ကလည်း လွတ်လပ်ရေးနေ့ဆိုတော့ သူတို့(အစိုးရအဖွဲ့)လည်း နားရက်ဖြစ်မှာပဲ။ လောလောဆယ် ကျနော်တို့ ဖားအံမှာ နားတယ်။ မနက်ဖြန်မှ ခရီးဆက်မယ်”ဟု အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူး ၀င်းက ကေအိုင်စီသို့ ယနေ့ညနေက ပြောသည်။

၎င်းတို့အနေဖြင့် ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ရှေ့ဆက်လုပ်ဆောင်ရေးအပြင် တိုင်းရင်းသားဒေသများ မှ အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်သော်လည်း ဦးသိန်းစိန် အစိုးရဘက်မှ မည်သည့်အကြောင်းအရာများ ဆွေးနွေးမည် ကို မပြောဆိုနိုင်သေးကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောဆိုသည်။

သို့သော် အစိုးရအဖွဲ့ဝင်အချို့နှင့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတအနေဖြင့် ကေအဲန်ယူနှင့်တွေ့သည့် အခါ ကချင်အဖွဲ့ကို စားပွဲဝိုင်းပေါ်ရောက်အောင် ပြောဆိုပေး ရန် ဆွေးနွေးသွားမည်ဟု အကြမ်းဖျင်းသိရကြောင်း 7day new ဂျာနယ် သို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပဒိုစောကွယ်ထူးက “လက်ရှိ ကချင်ဒေသ စစ်ပွဲဟာလည်း ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာမှာ အဟန့်အတားတခု ဖြစ်နေတယ်။ ဒါကိုလည်း ကျနော်တို့ အစိုးရနဲ့ဆွေးနွေးသွားဖို့ ရှိပါတယ်။ နောက် ပြီးခဲ့တဲ့ စက်တင်ဘာက ကျနော်တို့ တတိယအကြိမ် ဆွေးနွေးတုန်းက မပြီးပြတ်သေးတာတွေကိုလည်း ဘယ်လိုဆက်လုပ်သွားမလဲ ဆွေးနွေးမှာပါ”ဟု ဆိုသည်။


Thursday, January 3, 2013

ကေအဲန်ယူ ဥက္ကဌနှင့် ခေါင်းဆောင်အချို့ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်

ဇန်န၀ါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဥက္ကဌ အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်အချို့သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်အရ နေပြည်တော်သို့ သွားရောက်တွေ့ဆုံရန် ထိုင်း-မြန်မာနယ်စပ်မှ ယနေ့ စတင် ထွက်ခွာသွားပြီဖြစ်သည်။

ယခုခရီးစဉ်ကို ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှ ဦးဆောင်၍ ကျန်ပါဝင်သူ ခေါင်းဆောင်များမှာ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောလှထွန်းတို့ ဖြစ်ကြပြီး အသေး စိတ်ကို ကေအိုင်စီမှ မကြာခင် ဆက်လက် ဖော်ပြသွားမည်ဖြစ်သည်။

Wednesday, January 2, 2013

ဗျောင်လိမ်ဗျောင်စား ဗမာအစိုးရနဲ့ ဗမာ့တပ်မတော်


ကချင်တွေကို လေကြောင်းကနေတိုက်နေတာမဟုတ်ဘူးလို့  သောက်ခွက်ပြောင်စွာ မီဒီယာမှာ လိမ်ညာပြောဆိုတဲ့ သမ္မတရုံးကကောင်တွေ ဒီမှာပြန်လာကြည့်ကြ...


U




Type the rest of your post here. 

သက်ကြီးစကားသက်ငယ်ကြား



၁၅ကြိမ်မြောက် ကေအဲန်ယူ ညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၏ မှတ်တမ်းဓာတ်ပုံ။


ကေအိုင်အေ စစ်ဦးစီးချူပ် ဂွန်တာဂန်ရှောင် သက်သေခံချက် (ဘာသာရေးရှုထောင့်)

မှတ်ချက်။ ။ ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့ တခြားကရင်ညီကိုတွေအတွက်မဟုတ်ပါ။ အောက်ပါမှတ်ချက်သည် ကရင်ခရစ်ယာန်တချို့ အတွက်ကိုသာရည်ရွယ်ပါသည်။

ကရင်ခရစ်ယန်ဘာသာရေးဆရာတချို့ ကဟောပြောလေ့ရှိပါတယ် မင်းဆိုးမင်းညစ်(အာဏာရှင်)ဆိုဒါတွေဟာ ဘုရားသခင်ကအခွင့်ပေးထားလို့ တဲ့..ဒါကြောင့် ကျတော်တို့ လက်ခံရမယ်ဆိုပြီး ဟောပြောလေ့ရှိပါတယ်။ အဲဒီကျမ်းချက်က ရန်သူအကြိုက် လက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။

မင်းဆိုးမင်းညစ်တွေဟာ ဘုရားသခင်ကခွင့်ပေးထားတယ်လို့ ယုံကြည်တဲ့ ကရင်ခရစ်ယာန်ညီကိုတွေကို ဒီနေရာမှာ ကချင်ခရစ်ယာန်တွေရဲ့ ယုံကြည်ချက် နှင့် နိုင်ငံရေးဒသနများပါဝင်တဲ့ ဒီဗီယိုဖိုင်လေးကို မှီးစားကြည့်စေချင်ပါတယ်။ 



Monday, December 31, 2012

စစ်အစိုးရကမရိုးနိုင်သောယတြာ

လေယာဉ်ဖြင့် အစိုးရ ဆင်ဖြူတော်ရုပ် ပစ်ချ

သိန်းစိန်အစိုးရသည် ကချင်ပြည်နယ်ကို ကျူးကျော်ထိုးစစ်ဆင်ရာတွင် လေကြောင်းဖြင့် ဗုံးများ ကြဲချသကဲ့သို့ ဒီဇင်ဘာ (၃၀) တနင်္ဂနွေနေ့တွင် ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့ ကောင်းကင်ယံပေါ်ရှိ ဗမာအစိုးရ စစ်လေယာဉ်ပေါ်မှ ဆင်ဖြူတော်ရုပ် တစ်ခုကို ယနေ့ ညနေပိုင်း (၃း၀၀) နာရီအချိန်တွင် လာရောက် ချထားခဲ့ကြောင်း သတင်းရရှိပါသည်။

ဗမာအစိုးရသည် ကေအိုင်အိုအစိုးရ နှင့် တိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ အကျအရှုံးများပြာလာမှုကြောင့် ယခုကဲ့သို့ ယတြာချေ ခြင်းဖြစ်မည်ဟု လိုင်ဇာ ဒေသခံများက ထင်ကြေးပေးကာ ဝေဖန်လျက်ရှိကြောင်း သတင်းရရှိပါသည်။