Monday, March 18, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်၊ ကရင် လူမှုအဖွဲ့အစည်းများ ရန်ကုန်မြို့၌ တွေ့ဆုံ၊ ယင်းတွေ့ဆုံပွဲသို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ခေတ္တလာရောက်ခဲ့



Monday, 18 March 201 
3.18.1
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲအား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ ကချင်၊ ကရင် တိုင်းရင်းသားများနှင့်အတူ တွေ့ရစဉ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်၊ ကရင် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ မတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ Myanmar Peace Center တွင် တွေ့ဆုံမှု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ခေတ္တလာရောက်ခဲ့ကြောင်း သိရသည်။                           
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံမှုမှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့နှင့် ကချင်၊ ကရင် တိုင်းရင်းသား လူမှုအဖွဲ့အစည်း တွေ့ဆုံပွဲသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း Myanmar Peace Center မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။                            
အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က တိုင်းရင်းသား လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဖွဲ့၏ လုပ်ဆောင်ချက်များ ရှင်းလင်းခြင်းနှင့် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းတို့ ပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။                             
ယင်းတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် ယခုကဲ့သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ တွေ့ဆုံမှုမှာ သုံးကြိမ်ရှိပြီ ဖြစ်သော်လည်း ကချင်တိုင်းရင်းသား လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုမှာမှု ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။                    
အဆိုပါ တွေ့ဆုံမှုသို့ လာရောက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ပတ်သတ်၍ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ညှိနှိုင်းရေးမှူး ဖြစ်သူက “တိုနီဘလဲက ဘာမှမဆွေးနွေးပါဘူး။ လာမယ်လို့ ကြိုပြောထားတာ လုံးဝမရှိပါဘူး။ ကျွန်တော်တို့ကို ခေါ်တာက ဦးအောင်မင်းနဲ့ တွေ့ဖို့ခေါ်တာ။ အဲဒီလို တွေ့နေချိန်မှာ ငါးမိနစ်လောက် စကားလာပြောသွားတာ။ ကျွန်တော်တို့ကို တွေ့ဆုံပြီး လူမှုအဖွဲ့အစည်းနဲ့ လူထုနဲ့ တွေ့ဆုံဆွေးနွေးခြင်း အသွင်နဲ့ လုပ်လိုက်တယ်လို့ ခံယူတယ်။ ကျွန်တော်တို့ ဦးအောင်မင်းနဲ့ ဆွေးနွေးမှု မလုပ်ခင်မှာလည်း အခုလိုတွေ့ဆုံတာ ကချင်လူထုနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ မခံယူစေချင်ဘူးလို့ ပြောပြခဲ့ပါတယ်” ဟု ပြောပြခဲ့သည်။                      
တိုနီဘလဲ ပြောတဲ့အထဲမှာ ကျွန်တော်နားလည်လိုက်တာက အတိတ်အဖြစ်အပျက်တွေကို မေ့နိုင်တဲ့သတ္တိစိတ်ဓာတ် ရှိစေချင်တယ်။ ဒီလိုမျိုးငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆိုတာ စိတ်ရှည်သည်းခံရတယ်။ နောက်ဆုံးပြောတာက ဒီလုပ်ငန်းက မလွယ်ပါဘူး တကယ်လို့များ ကူညီနိုင်တာလေးတွေ ရှိရင်ပြောပါ။ ကျွန်တော်တို့ အနေနဲ့ ခင်ဗျားတို့နဲ့ အတူတူပါပဲ ဆိုတာမျိုးပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။                                           
Myanmar Peace Center မှ တာဝန်ရှိသူ တစ်ဦးက “ကရင်လူမှု အဖွဲ့အစည်းတွေကို ဖိတ်ကြားပေးဖို့ KPP ပါတီက ဦးစောထွန်းအောင်မြင့်ကို မေတ္တာရပ်ခံတယ်။ တပြိုင်နက်တည်းမှာ ကချင်လူမှု အဖွဲ့အစည်းတွေကို ဖိတ်ကြားဖို့ ငြိမ်းဖောင်ဒေးရှင်းက ဒေါ်ဂျာနန်းကို ကျွန်တော်တို့ MPC က မေတ္တာရပ်ခံခဲ့ပါတယ်။ ကရင်က အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီးတဲ့ အချိန်မှာ ကချင်အဖွဲ့အစည်းတွေက တနင်္ဂနွေနေ့မှာ တက်နိုင်ဖို့ အခက်အခဲရှိတယ်။ စနေနေ့ကို ပြောင်းပေးပါ ဆိုတဲ့အတွက် စနေနေ့နေ့လည်မှာ လက်ကျန် နိုင်/ကျဉ်း စိစစ်ရေးကော်မတီ အစည်းအဝေး ရှိနေတော့ ညနေသုံးနာရီမှာ ချိန်းပေးတယ်။ အယူအဆ ဆိုတာကတော့ ဘယ်ဘက်က ကြည့်လဲဆိုတာမျိုးတော့ ရှိမှာပါ”ဟု ပြောပြခဲ့သည်။                            
“အစည်းအဝေးက ၃ နာရီစတယ်။ ငါးနာရီခွဲမှာ ပြီးမှာဖြစ်ပေမယ့် အဲဒီအချိန်မှာ ၀န်ကြီးဦးစိုးသိန်းနဲ့ အခြားနေရာမှာ တွေ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကို ၀န်ကြီးဦးစိုးသိန်းက ဒီမှာဆွေးနွေးပွဲ လုပ်ပါတယ်လို့ ပြောတဲ့အခါ သူက စိတ်ဝင်စားလို့ သူရောလာကြည့်လို့ မရဘူးလားပြောတယ်။ ကျွန်တော်တို့ကလည်း တိုနီဘလဲက ခဏတွေ့ချင်တယ်ဆိုတာ အားလုံးကို ခွင့်တောင်းပါတယ်လို့ ပြောပါတယ်။ တိုနီဘလဲကလည်း ဒီလိုမျိုးဟာက အခက်အခဲရှိပါတယ်တဲ့။ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာ ခက်ပါတယ်တဲ့။ ဒါကယုံကြည်မှု တည်ဆောက်ပြီး လုပ်ရတဲ့ အလုပ်ဖြစ်တယ်။ သူ့အနေနဲ့ ဒီလိုမျိုးဆောင်ရွက်နေတာ ထောက်ခံတယ်။ ဆက်ပြီးကြိုးစားကြပေါ့ဆိုပြီး ပြောသွားပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်လူမှု အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၅၀ ဦး ၀န်းကျင်တက်ရောက်ခဲ့ပြီး ကချင်လူမှု အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၁၀ ဦးဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

Source: http://weeklyeleven.com/politics/18619

သာကေတတွင်သတိပေးကြေညာစာများကိုအာဏာပိုင်များကလိုက်လံကပ်



မြ၀တီမြို့နယ် ထင်းရှူးတောင်ကျေး ရွာ ဘ-ကစာသင်ကျောင်း လာမည့်နှစ်အတွက် ပညာရေးပံ့ပိုးမှု အရေးတကြီးလိုအပ်


Submitted by admin on Friday, 15 March 2013--
မတ်လ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ အမှတ် ၄ ရပ်ကွက်အပိုင် ထင်းရှူးတောင်ကျေးရွာအတွင်းရှိ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည် ထောင်ထားသော ဘ-က (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) မှုလတန်းကျောင်းတွင် လာမည့်ပညာသင်နှစ်အတွက် အကူ အညီများစွာ အရေးတကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါစာသင်ကျောင်းကို ထင်းရှူးတောင်ကျေးရွာ ရန်ကင်းအောင် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံတွင် ယာယီ ဖွင့်လှစ် ထားခြင်းဖြစ်ပြီး ကျောင်းသားဦးရေမှာ ယခင်နှစ်ထက် များပြားလာမှုကြောင့် ကူညီပံ့ပိုးမှု လိုအပ်ရခြင်းဖြစ်သည်ဟု ၎င်းကျောင်း အတွက် လိုက်လံဆောင်ရွက်ပေးနေသူ ကိုဖိုးကတုံးက ပြောသည်။

“အရင်နှစ်တွေက ကျောင်းသားဦးရေ ၂၀လောက်ပဲရှိတယ်။ ကျောင်းကတော့ ယာယီအမိုး အကာနဲ့ဘဲ၊ မိုးတွင်းဘက် စာသင်လို့ မရဘူး၊ နောက်တော့ ဘုန်းကြီးကျောင်းက ဓမ္မာရုံထဲမှာပဲ ဖြစ်သလို သင်နေရတယ်။ အခုနှစ်က ၃၅ယောက်အထိ တိုးလာတော့ အစစအရာရာ အခက်အခဲတွေ အများကြီးရှိလာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြ၀တီမြို့နှင့် ၄မိုင်ခန့်အကွာရှိ ၎င်းထင်းရှူးတောင် ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေရသော ကျောင်းသူကျောင်း သားများ၏ မိဘများမှာ ထင်းခုတ်၊ ၀ါးခုတ်၊ တောင်ယာအလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူများဖြစ်၍ ၎င်းတို့၏ ကလေးငယ်များ အေးဆေးစွာ စာသင်ကြားနိုင်ရန်အတွက် စာသင်ဆောင်များ၊ စာရေးကိရိယာပစ္စည်းများ၊ ပရိဘောဂများ၊ သန့်စင်ခန်းများနှင့် သောက်သုံးရေ စသည့်အကူအညီများ လိုအပ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ စာသင်နှစ်တွင် ရပ်မိရပ်ဖများ ၊ကျောင်းသားမိဘများမှ တိုင်ပင်ကာ ဘ-ကကျောင်းအတွက် ဘွဲ့ရဆရာတစ်ဦးနှင့် တက္ကသိုလ်ဝင်တန်းအောင် ဆရာမတစ်ဦးကို ခန့်အပ်ထားပြီး ဆရာမတစ်ဦးဖြစ်သူ မနန္ဒာကျော်က မိမိသင်ကြားနေရသည့် အခြေအနေနှင့် ပတ်သက်၍ သူမဆန္ဒကို ယခုလို ပြောပြသည်။


ထင်းရှူးတောင်ကျေးရွာမှ အကူအညီလိုအပ်နေသည့် ကျောင်းသူကျောင်းသားလေးများ


“ငွေရေးကြေးရေးအရ မတတ်နိုင်ကြပေမယ့် ကလေးတွေက သင်ရတာ အဆင်ပြေတယ်။ သူတို့ကိုယ်တိုင်ကလည်း လိုလိုလား လား ပညာသင်ချင်စိတ် ရှိတဲ့အခါကျတော့ ကလေးတွေကို ပြည့်ပြည့်စုံစုံနဲ့ ပညာသင်စေချင်တယ်”ဟု ပြောသည်။

ယင်းကျောင်းသူကျောင်းသားလေးများမှာ မိမိတို့၏ မိသားစု စားဝတ်နေရေး မပြေလည်ခြင်း၊ အနီးအနားတွင် စာသင်ကျောင်း များ မရှိခြင်းနှင့် အခြားစာသင်ကျောင်းသို့ သွားရောက်သင်ကြားရေးတွင် မိုးတွင်းဘက် သွားလာရေးခက်ခဲခြင်းများကြောင့် ယခင်နှစ်များက အတန်းပညာပြီးဆုံးအောင် မသင်ကြားနိုင်ဘဲ ဖြစ်ခဲ့ရသည်။

အဆိုပါ အခက်အခဲများအတွက် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဌေးဦးမှ ကမကထပြုပြီး ကျေးရွာသူကျေးရွာသားများ၏ ၀ိုင်းဝန်းပံ့ပိုး မှုဖြင့် ကလေးငယ်များ၏ ပညာရေးအတွက် ဘုန်းတော်ကြီးသင်ကျောင်းကို ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ စတင် ဖွင့်လှစ်ပေးခဲ့ ခြင်း ဖြစ်သည်။


unD o;p>A18A*RzsdxD.?xH. zH. pH./
  
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

Sunday, March 17, 2013

Press release by Karen Rivers Watch


ဒေသခံ ကရင်အမျိုးသားများ၏ အိုးအိမ်စည်းစိမ်နှင့် သဘာဝအလှတွေကိုဖျက်ဆီးပြီး ဒုက္ခပေးမည့် ဒီဟတ်ကြီးရေကာတာစီမံကိန်းကို ကရင်အမျိုးသားများ အသက်ပေးပြီးကာကွယ်ကြပါ။ ဒီရေကာတာမှရရှိမည့် အကျိုးစီးပွားများသည် တိုင်းတပါးနှင့် တခြားလူမျိုးများအတွက်သာဖြစ်သည်။ သို့ ဖြစ်ပါ၍ ဒီကိစ္စမှာ KNU ကရင်အမျိုးသားအစည်းအရုံး၏ ပါဝင်ပါတ်သက်မှုသည် အဓိက ခရာကျပါသည်။ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးသည် ကရင်အမျိုးသားတို့ ၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ပြီး တိုက်ပွဲဝင်နေပါသည်ဟုဆိုလျှင် ဟတ်ကြီးရေကာတာ ဖျက်သိမ်းရေးအတွက် ရှေးဆုံးကနေ တက်တက်ကြွကြွပါဝင်သင့်သည်ဟု ရှုမြင်ပါသည်။ အင်အားသုံးပြီး အစိုးရက ဒီရေကာတာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ တည်ဆောက်မည်ဆိုလျှင် KNLA ကရင့်အမျိုးသားလွတ်လပ်ရေးတပ်မတော်က တန်ပြန်ပြီးကိုယ့်အမျိုးသာအကျိုးစီးပွားအတွက် မားမားမတ်မတ်ရပ်တည်ပြီး တိုက်ပွဲဝင်ရမည်ဖြစ်ပါသည်။ ဤကဲ့သို့ မဟုတ်ပဲ ဒီရေကာတာစီမံကိန်းမှာ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးကိုယ်နှိုက်က ပါဝင်ပါတ်သက် အားအပေးအားမြောက်ပြုမည်ဆိုပါက ကရင်ပြည်သူများက ကေအဲန်ယူကို ကျောခိုင်းသွားမည်ဖြစ်ပြီး ကေအဲန်ယူ သည် တာဖိုးမရှိတဲ့ ကျောက်ရိုင်း(အာပလာတုံး)ကျောက်အဖြစ်မျိုး လုံးဝရောက်သွားမည်ဟု တာဝန်ရှိသူ ခေါင်းဆောင်ကြီးများကို အထူးသတိပေးလိုပါသည်။

လက်ပံတောင်းတောင်ကိစ္စကြောင့် ထွန်းတောက်လင်းလက်နေတဲ့ ကြယ်တပွင့် ဒေါ်အောင်ဆန်းစုကြည်လည်း စတင် မှေးမှိန်သွားခဲ့ပါပြီ။ ဒေသဖွံ့ ဖြိုးရေးကို အကြောင်းပြပြီး ရေကာတာစီမံကိန်းကြီးတွေ ဟိုကျောက်တွင်း ဒီရွှေတွင်းတွေကြောင့် ကရင်မျိုးသားများက သူတို့ အစဉ်လေးစားအားကိုးအားထားပြုနေတဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဘာတွေဆက်လုပ်မလည်းဆိုတာ မျက်ခြေမပြတ်ကြည့်နေပါတယ်။ သမိုင်းအပြောင်းအလဲကာလမှာ စောစီးစွာ KNU နေမ၀င်သွားစေချင်ရင် ဒေသခံပြည်သူတို့ ၏ ဘ၀ကို ကာကွယ်ပြီး လက်တွေ့ လုပ်ဆောင်ပြပါ။ ရေကာတာစီမံကိန်းများ ဖျက်သိမ်းရေးကို ပြတ်ပြတ်သားသားဆောင်ရွက်ပေးပါ။

DetailsPublished on Friday, 15 March 2013 10:29


2,000 Karens gather on the Salween to call for a halt to dam plans
March 15, 2013, Mutraw/Papun District, Karen State:

About 2,000 internally displaced people and villagers from the Wei Gyi area gathered yesterday at Ei Htu Hta Internally Displaced Persons (IDP) camp on the Salween riverbank to mark the International Day of Action for Rivers and Against Dams in an event organized by Karen Rivers Watch (KRW) and its local member Salween Eyes (SEE).

Six dams are being planned on the Salween River in Burma, including the Hat Gyi Dam in Karen State. With an installed capacity of 1,360 megawatts, the Hat Gyi project will cost US$2.6 billion, according to the US-based International Rivers. Thai NGO TERRA has said that 60 MW of power from the dam will be for Myanmar, while the rest will be sold to Thailand.

The Salween River basin has been inhabited by various indigenous peoples for generations, providing them with refuge, means of transport and nutritious food. If the dams are constructed, local people are sure to experience many negative impacts.

The event, organized to raise local voices about current and future impacts, was joined by environmental activists from other areas.

Paul Sein Twa, director of the Karen Environmental and Social Action Network (KESAN), said: “Today people in different parts of the world are commemorating this Day of Action to protect their rivers against mega-dams. Communities along the Salween share this common goal. We want to raise our voices to let governments and decision makers know of our sufferings and needs.”

“Local people do not want any dams on the Salween River, especially in Karen State, without the free, prior and informed consent of impacted communities. The government and the Karen National Union need to broaden the decision making process so that it is transparent, inclusive and democratic. Dam proponents need to apply international best practices and business due diligence in all their dam building projects.”

The ceremony was also attended by community leaders from Dawei, who are resisting massive development projects in their area, including dams. One of the leaders, Pati Saw Ko said:

“In the Dawei area, two dams will be built - one to produce electricity and the other to supply water for the Special Economic Zone (SEZ). Both dams have been temporarily suspended because the local villagers are standing against them.”

As part of the ceremonies, Christian, Buddhist, and Animist religious rituals were conducted. Afterwards, participants shouted the following slogans:

■Our priority need is: Peace, Peace, Peace!
■What we want is: No dams on the Salween River!
■Why we are calling for this: our Salween River must flow free
■All planned dams on the Salween River must be stopped!
In solidarity with local communities in China, Burma/Myanmar and Thailand who are calling for the free flow of the Salween River, a bamboo raft bearing a large banner: “Save Our Salween, No Dam” was floated down the river.

Ei Htu Hta IDP camp was set up on the bank of the Salween as a result of military attacks and human rights violations by the Burmese Army in 2006. Most of the 4,000 camp residents are ethnic Karens from Taungoo District, who have been supported with food rations and shelter by The Border Consortium (TBC). Already in fear of attacks by nearby Burmese troops, the IDPs are now fearful that the dam plans will lead to increased militarization, human rights abuses, environmental destruction, and loss of local livelihoods.

During the ceremony Naw Phyo Phyo, of the Karen Women’s Organization in Ei Htu Hta camp, said the government of Burma and foreign investors should not carry out any development projects including dams during this fragile ceasefire period, as genuine peace is not yet guaranteed.

“Current development projects will only benefit a few people – mainly governments and investors - but local people like us will face huge challenges, including permanent loss of our lands, displacement, hunger and severe flooding. This will have many negative impacts on our environment and our livelihoods.”

Pati Saw Ko said: “We all want development, but development must not bring suffering and difficulty for local communities.”



Contact person: Saw Paul Sein Twa

Telephone: + 66 821818562
http://kesan.asia/index.php/research-advocacy-campaign/river/193-press-release-by-karen-rivers-watch

ပြန်ခေါက်ပါ...

Posted by PKD at 9:07 AM 1 comments
Labels: ထုတ်ပြန်ချက်


ကိုးရီးယာားနိုင်ငံ ဒုက္ခသည်လေ့လာရေးအဖွဲ့ MKOသို့လာရောက်လေ့လာ....။


1:27 PM news

MKO တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမှတ်တရ။

ကိုးရီးယားနိုင်ငံ ဒုက္ခသည်လေ့လာရေးအဖွဲ့မှ Advocacy Coordinator ဖြစ်သူ Mrs. YeonJoo Lee နှင့်အဖွဲ့တို့ယနေ့ မတ်လ ၁၆ ရက် ၂၀၁၃ တွင် MKO ရုံးသို့ လာရောက်လေ့လာကြသည်။ကိုးရီးယား သို့ ရောက်ရှိနေသော ကရင်လူမျိုးများနှင့်တွေ့ဆုံရာမှတဆင့် ကရင်လူမျိုးများအကြောင်းစိတ်ဝင်စားသဖြင့်
မလေးရှားနိုင်ငံသို့ ရောက်ရှိနေချိန်တွင်လည်းကရင်လူမျိုးဒုက္ခသည်များရှိနေသည်ကိုကြားသိရပြီးလာရောက် လည်ပတ်လေ့လာရခြင်းဖြစ်ကြောင်း Mrs. YeonJoo Lee မှပြောကြားသွားပါသည်။


Thursday, March 14, 2013

ညီညွှတ်ရေး၊ ငြိမ်းချမ်းရေးနှင့် အနာဂတ်ရေးအတွက် ကရင်ရေးရာအစည်းအဝေး ပုလုပ်မည်




မတ်လ ၇ရက်၊၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)


ကရင့်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ အနာဂတ်ရေးအတွက် ဆွေးနွေးသွားရန်အတွက် ကရင့်ရေးရာအစည်း အဝေးတစ်ရပ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၌ ယခု မတ်လကုန်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ 


၎င်းအစည်းအဝေးကို ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ကရင်အမျိုးသားခေါင်းဆောင်များက ကမက ထပြုကာ ၁၁ဦးပါဝင်သော ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး မတ်လ ၂၉ရက်မှ ၃၀ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် ကျင်းပသွားမည်ဟု ပြည်တွင်းပြည်ပ ကရင်အဖွဲ့များက ပြောဆိုနေကြသည်။

 ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သူ နန့်ခင်အေးဦးက “ကရင်တွေက တနေရာတည်းမှာပဲ နေထိုင်ကြတာ မဟုတ်ဘဲ ပျံ့နှံ့နေ တယ်လေ။ အဲဒီတော့ တယောက်နဲ့တယောက် သဘောထားချင်း မတိုက်ဆိုင်တာတွေ၊ အမြင်မတူတာတွေလည်း ရှိနေကြပါ တယ်။ ဒါကြောင့် တစ်နေရာတည်းမှာ ပြန်လည်တွေ့ဆုံကြပြီး ကရင်အမျိုးသားရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆွေးနွေး ကြမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။ 

 ကရင်လူမျိုးများ၏ စည်းလုံးညီညွတ်ရေး၊ စစ်မှန်ခိုင်မြဲသောငြိမ်းချမ်းရေးနှင့် အနာဂတ်အရေးကို ဦးတည်သော ကရင်ရေးရာ အစည်းအဝေးတစ်ရပ်ကို ပြုလုပ်သွားမည်ဟု ဖြစ်မြောက်ရေးကော်မတီလုပ်ငန်းအဖွဲ့၏ ဖိတ်ကြားစာထဲတွင် ဖော်ပြပါရှိသည်။ 

၎င်းအစည်းအဝေးသို့ အထက်မြန်မာပြည် အပါအ၀င် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်း စသည့်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကရင်အဖွဲ့အစည်းခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်း များ၊ ဘာသာရေးခေါင်းဆောင်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း နန့်ခင်အေးဦးက ဆက်ပြောသည်။ 

လက်ရှိအချိန်တွင် ကရင်ရေးရာဆွေးနွေးပွဲသို့ တက်ရောက်လာမည့် ကရင့်အဖွဲ့အစည်းခေါင်းဆောင်များကို ဖိတ်ကြားထားပြီးဖြစ် ကြောင်းနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU မှ အဖွဲ့ဝင်များကလည်း အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းများကို လိုက်လံ ဆွေးနွေးဖိတ်ကြားနေကြောင်း သိရသည်။

လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်မှိုင်ကျ



Share on linkedinShare on facShare on twiPrint This Post
ဆည်တဲရွာ အပြန် ဆန္ဒထုတ်ဖော်နေသူများကို ငေးကြည့်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ဒေသခံများကို လိုက်လံရှင်းပြရာတွင် ဒေသခံ ရွာအတော်များများက လက်မခံပဲ ဆန္ဒပြမှုများနှင့် ဆက်တိုက်တွေ့ကြုံခဲ့ရာ မအောင်မြင်ဘဲ မုံရွာမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီ ဖြစ်သည်။
ယနေ့ မတ်လ ၁၄ ရက်နေ့ မနက် သပိတ်စခန်း ဖွင့်ထားသော တုံရွာတွင် ဆန္ဒပြသူများနှင့် တွေ့ဆုံရန် အသွား ရွာထဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို လုံးဝ အ၀င်မခံသည့်အပြင် ရွာအပြင်ဘက်တွင်လည်း “ လက်ပံတောင်းတောင် စီမံကိန်းဖျက်သိမ်းပေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်ပေး၊ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ အလိုမရှိ ” စသည်ဖြင့် အော်ဟစ်ကြွေးကြော်ခဲ့ကြကာ ပြန်လည်ဆန္ဒပြခဲ့ကြသည်။
“ ရွာအ၀ လမ်းမှာတင် ဒေါ်စုက စကားပြောသွားရတယ်။ သူကတော့ ဒီစီမံကိန်းကို ဆက်လုပ်ရမှာပဲလို့ပြောတယ်။ တကယ်လို့ ရွာသူရွာသားတွေက မကျေနပ်တာရှိရင် သူ့ကို ပြောပါလို့တော့ ပြောသွားတယ်။ ဒေသခံတွေဘက်က နစ်နာကြေးတွေပေးဖို့ မတောင်းဆိုဘူး။ စီမံကိန်း လုံးဝဖျက်သိမ်းရေးကိုပဲ လိုချင်နေကြတယ် ” ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောပြသည်။
တုံရွာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို ဆန္ဒပြကြသော ဒေသခံ အင်အား ၁၀၀၀ ၀န်းကျင်မျှ ရှိမည်ဟု ခန့်မှန်းကြောင်း၊ တုံရွာမ၊ တုံရွာသစ်၊ တုံအလယ်တောရွာ၊ တုံတောကျောင်းရွာ၊ တုံအလယ်ရွာ၊ တုံထန်းတောကြီးရွာ၊ တုံလယ်တီရွာ၊ ရွာသစ်ကလေး၊ ၀ဲကြီးရွာ၊ ၀ဲကွဲရွာ၊ သဲကောကြီးရွာ၊ မိုးကြိုးပြင် မြောက်ရွာ၊ မိုးကြိုးပြင် တောင်ရွာနှင့် မိုးကြိုးပြင် အလယ်ရွာတို့မှ ဒေသခံတချို့ ပါဝင်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ တုံရွာမှ ဒေသခံများနှင့်တွေ့ဆုံပြီး ထူးဒေါက်ရွာ၊ ဖောင်းကဒါရွာများသို့ ဆက်လက်ထွက်ခဲ့ရာတွင် အဆိုပါရွာများတွင် တွေ့ဆုံမှု အခြေအနေ အနည်းငယ် ကောင်းမွန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုရှင်းလင်းမှုများကို လက်မခံကြောင်း တုံ့ပြန်မှုမျိုး မတွေ့ရှိရကြောင်း သိရှိရသည်။ သို့ရာတွင် ဒေသခံများက ဖြစ်ပေါ်လာသော အခြေအနေကို ငြင်းဆန်မရဘဲ လက်သင့်ခံရမည့် အနေအထားကြောင့် လက်ခံတွေ့ဆုံကြပြီး ဝမ်းပမ်းတသာ ကြိုဆိုမှုမျိုးမဟုတ်ဟု မျက်မြင်သက်သေများက ဆိုသည်။
ဖောင်းကဒါရွာမှ ဆည်တဲရွာဟောင်းဘက်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ဆက်လက်ထွက်ခွာလာရာ ဆည်တဲရွာခံများက လုံထိန်းကား ၃ စီးနှင့်အတူ ပါလာသော ကားတန်းကြီးကို ရွာအထဲသို့ အ၀င်မခံပဲ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူ ၅ ဦးကိုသာ ရွာထဲကို လမ်းလျှောက်ဝင်ခွင့်ပြုခဲ့ပြီး ရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်၏ ဖြေရှင်းချက်ကို လာရောက်နားထောင်ခဲ့ကြသည်။
ဆည်တဲ ဒေသခံများက လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို ပယ်ဖျက်ပေးရေးနှင့် သပိတ်စခန်းများကို မီးလောင်ဗုံးဖြင့် ဖြိုခွင်း မှုတွင် တာဝန်ရှိသူများကို ဖော်ထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုကြသည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာတွင် အသေးစိတ် ရေးသား ရှင်းပြထားပြီးဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
“ ရွာသူ ရွာသားတွေအနေနဲ့က ဒီအစီရင်ခံစာကို ဘယ်မှာဖတ်ရမှန်း ဘယ်သိမလဲ။ သူကတော့ သတင်းစာတွေမှာ ရေးထားကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး ဒီ ကြေးနီ စီမံကိန်းဖျက်သိမ်းဖို့တော့ သူ တာဝန်မယူနိုင်ကြောင်း ပြောခဲ့တယ်” ဟု ဆည်တဲရွာခံ မမာမာဝင်းက ဧရာဝတီသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွာအထွက် “တရုတ် ၀မ်ပေါင် ကုမ္ပဏီအလိုမရှိ၊ ဦးပိုင် ကုမ္ပဏီ အလိုမရှိ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် အလိုမရှိ ” စသော ကြွေးကြော်သံများကို အော် ဟစ်ကြွေးကြော်ကာ ရွာအပြင်ဘက် ကားအထိ လိုက်ပါ အော်ဟစ်ခဲ့ကြသည်။
“ ဒေသခံတွေက ခံစားချက်နဲ့ဖြစ်နေကြတာ။ လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေးကိုပဲ လိုချင်နေကြတော့ ဒေါ်စု ဘယ်လိုပဲ လာရှင်းပြ လာရှင်းပြ လုံးဝ လက်ခံမယ့် အခြေအနေမရှိဘူး ” ဟု မမာမာဝင်းက ပြောသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် မိုးကြိုးပြင် ရွာမသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံသည့်အခါတွင် ဒေသခံများက ဆန္ဒပြမှု မပြုလုပ်ခဲ့ကြပေ။
မုံရွာ၊ ဆားလင်းကြီးမှ ဖိုဝင်တောင်သို့ သွားသောလမ်းရှိ ၀မ်ပေါင်ကုမ္ပဏီသို့ ဝင်ကာ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ညနေတွင် မုံရွာသို့ ပြန်ထွက်ခွာခဲ့သည်။
လုံခြုံရေး ရဲတပ်ဖွဲ့များဘက်မှ ယခင်အခြေအနေအတိုင်း ၀မ်ပေါင်ကုမ္ပဏီရှေ့တွင်သာ လုံခြုံရေးယူထားပြီး တခြားနေရာတွင် ထပ်မံတိုးချဲ့သည့် အခြေအနေ မတွေ့ရကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း ယမန်နေ့ညက တုံကျေးရွာသပိတ်စခန်းအခြေစိုက်ရာ လိပ်ခွံတောင်အနီးသို့ ရဲများချဉ်းကပ်ခဲ့ကြောင်း၊ စခန်းအတွင်းဒေသခံများက သစ်ကိုင်းခြောက်များ မီးရှို့ကာခြောက်လှန့်ခြင်း၊ အသံပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် ရဲများက ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

Sunday, March 10, 2013

့မန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲ



ကိုမိုးဇော်

08.03.2013
မြန်မာပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း အဆင့်ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ သိသိသာသာ မြင့်တက်လာနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းအဆင့် အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့်ချိန်တွေမှာ နေပူထဲမထွက်ဖို့နဲ့ ထွက်မယ်ဆိုရင်လည်း အကာအကွယ်ယူပြီး သွားလာကြဖို့ကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်း အဆင့်မြင့်မားမှုဟာ မြန်မာပြည် တောင်ပိုင်းဒေသမှာ ဒီနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်း မှာတော့ မြန်မာပြည်တာင်ပိုင်းဒေသအထိ ပျံ့နှံ့လာနေတာဖြစ်ပါတယ်။ ဒီလို မြင့်တက်လာနေတဲ့ အခြေအနေကို မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က အခုလို ပြောပါတယ်။

“ခရမ်းလွန်ရောင်ခြည်မြင့်တာက မြန်မာပြည်တောင်ပိုင်းကနေ စလာတာ။ အခု အလယ်ပိုင်းလောက်အထိ မြင့်လာတယ်။ အဆင့်က ပုံမှန်ကတော့ ၁၁ ကျော်ကျော်လောက်ပေါ့။ အခုက အလယ်ပိုင်းလောက် တချို့နေရာတွေမှာ ၁၄ လောက်အထိ ရှိပါတယ်။ ကော့သောင်း ကနေပြီးတော့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေက ၁၂ ကနေ ၁၄ ကြားမှာ ရှိပါတယ်။ ၈ ရဲ့အထက်ရောက်ရင် အန္တရာယ်ရှိပါတယ်။ ခုတော့ မိုးပြန်အုံ့ရင်တော့ ပြန်သက်သာပါတယ်ဗျ။”

နေရောင်ခြည်မှာ ပါဝင်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ လူ့တွေအတွက် ဗိုက်တာမင်ဒီ ထုတ်လုပ်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပေမဲ့ လွန်လွန်ကဲကဲ ကျရောက်မယ်ဆိုရင် လူရဲ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အခုလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာတာကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေနဲ့ ကာကွယ်ဖို့အတွက်ကိုတော့ ဒေါက်တာထွန်းလွင်က အခုလို ဆက်ပြောပါတယ်။

“လူတွေမှာ အဓိကကတော့ အရေပြားဆိုင်ရာ ရောဂါပါပဲ။ နေလောင်တာတို့ ၊ အရွယ်ကျတာတို့ ၊ မျက်စေ့တိမ်စွဲတာတို့၊ နောက် ကိုယ်ခံအား ကျပြီးသားသမီးမရနိုင်တာတို့၊ နောက် အရေပြား ကင်ဆာတို့ အဲဒါတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ မနက် ၁၀ နာရီ- ၁၁ နာရီကနေ နေ့ ၁ နာရီကြားမှာ နေရောင်ထဲထွက်တာကို လျှော့ဖို့ပါပဲ။ ထွက်ရင်လည်း အကာအကွယ်ယူထွက်ဖို့ပါပဲ။ ”

ဒီလို အကာအကွယ်ယူဖို့ဆိုရင် နေပူထဲထွက်ရင် အင်္ကျီထူထူဝတ်ဖို့၊ ထီးဆောင်းဖို့ နဲ့ နေကာမျက်မှန်တပ်ဖို့ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ ဒီလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့်ဟာ ၁၁ လောက် အထိသာ ရှိခဲ့တာဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာနေတယ် ဆိုတာနဲ့ပတ်သက်ပြီး မြန် မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတဦးကို မေးမြန်းရာမှာတော့ သူတို့ဌာနမှာ တိုင်းတာတဲ့ စက်ကိရိယာမရှိသလို ဒီလိုကျရောက်တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာလည်း ကြောင်း ဖြေဆိုပါတယ်။

အခုလို ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းအဆင့်မြင့်မားလာတာကတော့ စက်မှုထွန်းကား လာတာနဲ့အတူ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု များပြားလာတဲ့နောက် ခရမ်းလွန်ရောင်ခြည်ကို စစ်ယူတဲ့ ကမ္ဘာ့အိုဇုံးလွှာပေါက်ပြဲလာမှုကြောင့် ဖြစ်ပါတယ်။

Wednesday, March 6, 2013


ဗွီဒီယိုသတင်း

๐:๐๐:๐๐ / -:--:--

မြန်မာပြည်မှာအမူဖွင့်ချင်ရင် တရုပ်ပြည်သို့ ဆက်သွယ်ပါ

စိတ်ကြွဆေးပြား အလုံးရေ ငါးသိန်းနဲ့အတူ ဖမ်းမိတဲ့ တရားခံ Tin Min Chuan ကို မြန်မာပြည်မှာ တရားမစီရင်ရဲလို့ တရုတ်ကို ပြန်လွှဲပေးနေတဲ့ပုံ
Chit Coco

နောက်ဆိုရင်မြန်မာပြည်မှာ အမူဖွင့်ချင်ရင်

တရုပ်ပြည်သို့

တိုက်ရိုက်ဆက်သွယ်ကြပါ

Zaw Mintun

မြန်မာပြည်သားတစ်ယောက်ကို တရုတ်အစိုးရက သေဒဏ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ
အာဏာတည်မှုကို ဂရုမစိုက်ကြောင်း နမူနာပြလိုက်တာပါ။
ပိုဆိုးတာက မူးယစ်ဆေးဝါးမှုကြောင့် သေဒဏ်ပေးတာမဟုတ်ပဲ တရုတ်လူမျိုးတွေကို သတ်တယ်လို့ သံသ
ယ,ရှိမှုနဲ့ သေဒဏ်ပေးလိုက်တာပါပဲ။
ဒါက တရုတ်လူမျိုးကို ထိပါးရင် ဘယ်လိုဖြစ်မယ်ဆိုတာ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ သတိပေးလိုက်တာပါ။

မြန်မာပြည်အစိုးရကတော့ စကားနည်းရန်ဆဲဆိုတဲ့မူကိုပဲ လက်ကိုင်ထားတာလား၊ ကြောက်လို့ပဲ နှုတ်ခွန်းမ
တုန့်ပြန်ရဲတာလားတော့ မပြောတတ်ဘူး။ စိုင်းနော်ခမ်းနဲ့ ပတ်သတ်လို့ ဒီနေ့အထိ လေသံတစ်ချက် မဟ,ခဲ့
ပါဘူး။
မြန်မာပြည်ထဲမှာနယ်ချဲ့နေတဲ့ တရုတ်မူးယစ်ရာဇာလေးတွေကို အစိုးရက,မဖမ်းရဲလို့ ဒီအတိုင်းလွှတ်ထားရ
တာတွေရှိပါတယ်။ တရုတ်အစိုးရက အလိုရှိရင်တော့ အူးယားဖားယားဖမ်းပြီး လွှဲပေးရတယ်။ ကိုယ့်နိုင်ငံ
ထဲမှာ မူးယစ်ဆေးဝါးလာဖြန့်လို့ ဖမ်းမိရင်တောင် တရုတ်လူမျိုးကို မြန်မာပြည်မှာ တရားမစီရင်ရဲလို့ တရုတ်
ပြည်ကိုပဲ လွှဲပေးရတယ်။

မြန်မာမူးယစ်ရာဇာတစ်ယောက်ကို မြန်မာပြည်တရားဥပဒေက အပြစ်ပေးတာဆိုရင် ဘာမှကို ပြောစရာမရှိ
ပါဘူး။ စိုင်းနော်ခမ်းက ဆိုးတယ်ပဲထားဦး။ ကိုယ့်သားသမီးဆိုးတာကို အကြောင်းပြုပြီး တခြားသူက သတ်
ဖြတ်နေတာကို မျက်နှာလွဲရက်တယ်ဆိုရင် ဒီအစိုးရက မိဘမပီသ,ဘူးပဲ။

Copy from
http://satekuupuyar.blogspot.com/2013/03/blog-post_5718.html

ဗမာအစိုးရက မိဘမဟုတ်ဘူးဆိုတာ မသိသေးဘူးလား။ သူခိုး ဓါးပြ မုဒိန်း သမားလေ။
တိုင်းရင်းသား ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျနေခဲ့တာ နှစ်ပေါင်း ၆၀ကျော်ခဲ့ပြီပဲကွယ်။


KNU Statement _4.3.13_ Burmese Launguage








Document Sample: Click To View Full Document
KNU Statement _4.3.13_ Karen Launguage

ကေအဲန်ယူ တပ်မဟာ(၁) ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားဓာတ်ပုံ။


မွန်ပြည်နယ်၊ သထုံမြို့ နောင်ဘိုကျေးရွာတွင် မတ်လ ၅ရက်နေ့မနက်တွင် ပြုလုပ်သည့် ကေအဲန်ယူ တပ်မဟာ(၁) ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားဓာတ်ပုံ။ 

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွင့်လှစ်ပေးရန် အဆိုရှုံးနိမ့်


ြMarch 06, 2013

နိုင်ငံတော်တွင် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွင့်လှစ်ပေးရန် တိုက်တွန်း ကြောင်း အဆိုကို ယနေ့ကျင်းပပြုလုပ်သော ပထမအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး ၂၁ ရက်မြောက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲ ၈၇ မဲ ကြားနေမဲ ၁ မဲ ထောက်ခံမဲ ၇၆ မဲ ဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။ အဆိုပါအဆိုကို ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးကျော်ဒင် (ခ) ဦးဌေးရယ်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ရှုံးနိမ့်မှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်က ပြည်ထောင်စုဆိုသော စကားလုံးသည် နာမည်သာ အသုံးချခံနေရကြောင်း ပြည်ထောင်စုသည် မုဒိမ်းကျင့်ခံနေရကြောင်း ပြည်ထောင်စုဝန်ကြီးများနှင့် ပတ်သက်၍ သမ္မတမှ ပြန်လည်ဆန်းစစ်ရန်လိုကြောင်း The Messenger ဂျာနယ်သို့ပြောကြားသည်။