Monday, July 11, 2011

တပ်မ (၇၇) အောက်ခြေစစ်သည်များ စားဝတ်နေရေး အကြပ်တွေ့နေ

RFA
ပဲခူးတိုင်းအတွင်း အခြေစိုက်တဲ့ တပ်မ (၇၇) ရဲ့ တပ်ရင်းတွေမှာ အောက်ခြေ စစ်သည်တွေဟာ သူတို့  ရရှိတဲ့ လစာနဲ့ အခြေခံ ရိက္ခာ လုံလောက်မှု မရှိတဲ့ အတွက် စားဝတ်နေရေး ကြပ်တည်း ဆိုးဝါးနေတယ်လို့  စုံစမ်း သိရှိရပါတယ်။

(Photo: AFP)
မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတွေက တောင်ငူ အခြေစိုက် တိုင်းမှူးနဲ့ နေပြည်တော် အထိ အကျိုးအကြောင်း တင်ပြခဲ့ပေမယ့် အထက် အဆင့်ဆင့်က တပ်တွင်း စားဝတ်နေရေး ဖူလုံအောင် ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့  အဲဒီတပ်က တပ်ကြပ်ကြီးတဦးက အာရ်အက်ဖ်အေကို ပြောပြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက တပ်မတော် အတွင်း အခြေခံ လစာတွေ တိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ ရရှိတဲ့ လစာအပေါ် ဖြတ်တောက်တာတွေ များတာ၊ တပ်တွင်း ရိက္ခာ အခြေခံ ရိက္ခာတွေကို လျှော့ချတာတွေ အပြင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် အောက်ခြေ အဆင့်ဆင့်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး တပ်ပြေးတွေ များလာနေတယ်လို့ သိရပါတယ်။

ဂျပန်အစိုးရအားတောင်းဆိုသည့်ဆန္ဒပြပွဲ

Sunday, July 10, 2011

ဂျပန်အစိုးရမှ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များကို ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားသည့် လုပ်ရပ်သည် မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေးအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်သည့် အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japanမှ ဂျပန်အစိုးရ၏ အဆိုပါ လုပ်ရပ် နှင့် ရပ်တည်အား ကန့်ကွက်သည့် ဆန္ဒပြပွဲ အစီအစဉ်ကို လာမည့် ဇူလိုင်လ (၁၁)ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်။
marching

တရုတ်ပြည်မှ ၀ယ်ယူလာသည့် မြန်မာစစ်ယာဉ်တန်း ဗုံးခွဲခံရ

မြန်မာစစ်တပ် အသုံးပြုရန်တရုတ်နိုင်ငံမှဝယ်ယူလာ သည့် စစ်ထရပ်ကားအစီး ၁၀၀ ကျော်ပါစစ်ယာဉ်တန်း သည် ယနေ့ နံနက် ၅ နာရီခွဲခန့်က မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအလွန် နမ့်ပေါ့တံတား အနီးတွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ မူစယ်မြို့သို့ မောင်းနှင်သယ်ယူလာသည့် SINO truck အမျိုးအစား ၆ ဘီးတပ် စစ်ထရပ်ကားအသစ်များဖြစ်ပြီး အဆိုပါကားများ မူစယ်မှ မန္တလေးဘက်သို့ထွက်ခွာ လာရာ ဗုံးနှစ်လုံး ၁၅ မိနစ်စီခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည် ။

“လုံခြုံရေးထူထူထပ်ထပ်ချထားတဲ့ ကြားက ဗုံး၂ လုံး ၁၅ မိနစ်လောက်စီခြားပြီး ကွဲတာ ကားတစ်စီးထိသွားတယ် လူလည်း ထိခိုက်မှုရှိတယ် အဖွဲ့တစ်ဖွဲ့ဖွဲ့ရဲ့လက်ချက်ဖြစ်မယ် ” ဟု စစ်ဘက်နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

ယနေ့မနက်ပိုင်းတွင် တာလုံနဲ့မော့တောင်းရွာ အကြား ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည် ။

ယခုရက်ပိုင်းအတွင်း မူစယ် - မန္တလေးလမ်းပေါ်တွင် မြန်မာစစ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရမှု အနည်းဆုံး ၂ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဂျွန်လ ၃၀ ရက်နေ့က တရုတ်ပြည်မှ ပြန်လာသည့် ကွတ်ခိုင်မြို့ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူ လိုက်ပါလာသည့် စစ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးကြောင်း သိရသည် ။

Sunday, July 10, 2011

လက်တွေ့ကျပါစေ

ကျက်သရေရှိသော တို့ရဲ့အလံတော်

ကျက်သရေရှိသော တို့ရဲ့အလံတော်

ကျက်သရေရှိသော တို့ရဲ့အလံတော်

Karen migrant school in Thai-Burma border-video

Karen Migrant School Thailand from Saw Mort on Vimeo.

ညီအစ်ကို (KNLA+DKBA)တွေ ပူးပေါင်းပြီး ရန်သူကို အတူတကွ တိုက်ပြီ(ရုပ်သံ)

http://ehkhaungthaunt.blogspot.com/

ရှေ့တန်းတနေရာမှ KNLAရဲဘော်တွေနဲ့ လာရာလမ်းအတိုင်း ပြန်လာနေကြီပြီ ဖြစ်တဲ့ DKBAတွေ ပူးပေါင်းပြီး အလွန်ကောက်ကျစ် ယုတ်မာ ရက်စက်လှတဲ့ ကျူးကျော်သူ မြန်မာစစ်တပ်ကို အထိအခိုက် များစေမယ့် ပျောက်ကျားစနစ်သုံးပြီး တိုက်ခိုက်ရန် ပြင်ဆင်နေတဲ့ မှတ်တမ်း ဖြစ်ပါတယ်။.

A Hard Rain Falls

July 6 | | Posted in Articles | Tags: , ,
IDP food shortage

Heavy rains battering eastern Burma have destroyed many rice farms cultivated by displaced Karen people. Humanitarian groups on the Thai Burma border say these people will face a food crisis at the next harvest.

Naw Iris, a coordinator with the Committee of Internally Displaced Karen People (CIDKP) overseeing the Pa-an and Doo Pla Ya Districts spoke to Karen News about the potential crisis.

“In Pa-an district alone, there are 925 rice farms that the farmers cannot prepare for planting their rice crop because of the early rains.”

Naw Iris explained that the displaced villagers mainly rely on slash and burn farming.

“The people clear the forest at the beginning of January and burn it in late January and early February. This year the weather at this time was not as usual. Heavy rains started while villagers were still clearing the land for planting.”

Naw Iris estimated as many as 5,437 villagers will be affected by unseasonal rains in Pa-an, Lu Pleh township, Ta Nay Cha township and Hta Kreh township.

Naw Iris said the early rain will also hit villagers in Doo Pla Ya district as well and added that getting data to show how many villages will be effected is proving difficult.

Naw Iris predicted emergency relief maybe needed from CIDKP offices at the next harvest expected in October.

“If villagers don’t have enough food to feed their families many of them will seek work in Thailand.”

Karen News reporters traveled to a villagers hiding site in Southern Burma, Tenasserim division and talked to displaced villagers about the problem.

Saw Aye Pay, is a villager who has been hiding from the Burma army for 14 years and says he has lived by cultivating small rice fields and plantations out-of-sight of patrolling soldiers.

“This year we face a bigger problem, we won’t have enough food. It will be hard for the children. I have my children and wife to care for.”

Saw Ay Pay, has a wife and her five children to take car off.

Saw Ay Pay pointed to the hill where he usually grows his rice and explained that he was unable to burn the tall grass and undergrowth in preparation for planting.

Saw Say Moo another of the displaced villager’s said.
“I think only one third of the people who are hiding here will have enough food. Some are worried about how they can find food for their families. We don’t have money to buy food, even if we have money, it’s very difficult to go and buy food, we have to make contact with other villagers in Burma army forced relocation sites.”

Saw Ay Pay said Burma army patrols were a constant source of great stress for the villagers.
“We have to creep around like a thief avoiding Burmese soldiers. We have to sneak at night, walking in rivers, we cannot use torchlight and we risk falling. We are afraid the Burma army if they catch us will torture us, or they will shot to kill us.”

Saw Steve the secretary of CIDKP told Karen News that their staff based in southern Burma were still trying to get reliable estimates of the extent of the hardship caused by the unseasonal rains.

Saw Steve said every year displaced villagers faced severe food shortages due to the lack of reliable fertile land to grow their rice and crops.

“Each year there’s less available land to grow rice. More people are being forced out of their villages into concentrated smaller areas and because of the army patrols are constantly moving from place to place.”

Saw Steve said displaced villagers facing food shortages in Northern Karen State had difficulty getting to Thailand for assistance.

They have to rely on finding wild yams and other jungle vegetable and fruits. They also risk their lives when out foraging or hunting from landmines and Burma army patrols.”

CIDKP estimate that at least 8,885 villagers in 118 villages in Lu Thaw Township, Papun District (Mutraw) have either exhausted their current food supplies or are expecting to do so prior to the October 2011 harvest.

The over-population of ‘safe hiding areas’ has created shortages of arable land, depleted soil fertility and reduced potential crop yields. These existing obstacles to food security were compounded by an unusually dry rainy season in 2010, coupled with other environmental factors, causing the 2010 harvest to fail.

The Thailand Burma Border Consortium estimates there are as many as 446,000 displaced villagers in hiding in eastern Burma.

Wa Burn Drug-video

KCN - Karen Community in Norway သတင်းထုတ်ပြန်ချက်

KCN

Saturday, July 9, 2011

ကျူရှင်ဆရာတွေ သတိပေးခံရ







Thursday, 07 July 2011 13:29

(ကောင်းလိုက်တဲ့ စူပါ့စူပါပညာရေးစနစ်

၁၀ တန်းအောင်ချက်နည်းလို့ “ကျုရှင်ဆရာ” တွေကို ခေါ်ဆူရသတဲ့)

အခြေခံပညာ ဒဿမတန်း စာမေးပွဲ အောင်နှုန်း သိသိသာသာ ကျဆင်းနေတဲ့ အတွက် ရန်ကုန်တိုင်းက မြို့နယ် တချို့က ပုဂ္ဂလိက ကျူရှင်ဆရာ၊ ဆရာမတွေကို ပြီးခဲ့တဲ့လ အတွင်း မြို့နယ် အဆင့် ပညာရေး အာဏာပိုင်တွေက ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

ကုလသမဂ္ဂ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဖြစ်သည့် စက်တင်ဘာ ၈ ရက်က ဘုန်းကြီးကျောင်းတခုမှ စာသင်ခန်းတွင် သင်ကြားနေသော ဆရာမနှင့် ပညာသင်ယူနေသော ကျောင်းသားများကို ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

အခြေခံပညာ မူလတန်း၊ အလယ်တန်း အောင်မြင်ပြီး အထက်တန်း အဆင့်ကို ရောက်ရှိလာတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ အရည်အချင်း ညံ့ဖျင်းလွန်းတာကြောင့် အခုလို ၁၀ တန်း အောင်မြင်မှု ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရတာ ဖြစ်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမတွေက အစိုးရ စာသင်ကျောင်းတွေမှာ ပညာတတ်မြောက်အောင် သင်မပေးတော့ဘဲ အိမ်မှာ ဖွင့်လှစ်နေထားတဲ့ ကျူရှင်တွေမှာဘဲ အဓိကထား သင်ပြနေကြတဲ့ အတွက် သူတို့မှာ အဓိက တာဝန်ရှိကြောင်း ပန်းဘဲတန်း မြို့နယ်က ကျူရှင်ဆရာ တဦးက ပြောပါတယ်။ ဒါပေမယ့် ၀ါရင့် ကျောင်းဆရာ တဦး ကတော့ အခြေခံ အဆင့်က စလို့ တက္ကသိုလ် အဆင့်မြင့် ပညာရေး အထိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် ချွတ်ခြုံကျ ပျက်စီးသွားခဲ့ရတာကို ကျူရှင် ဆရာတွေကို အပြစ်တင်တာ၊ ကျောင်းဆရာတွေကို ကျူရှင် မသင်ရ တားမြစ်တာ စတဲ့ ဆေးမြီးတို နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရဘဲ၊ ရေရှည် စီမံကိန်း ချမှတ်ပြီး ပြုပြင်သွားရမှာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။

ဖိနပ်စက်ရုံအလုပ်သမား ၂,၀၀၀ကျော် လုပ်အားခအတွက် ဆန္ဒပြ

ဇူလိုင်လ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ တစ်ဖက်ရှိ ထိုင်းဘက်ခြမ်းမှ ဖိနပ်စက်ရုံတရုံ၌ ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမား ၂,၀၀၀ကျော်က ၎င်းတို့၏ လုပ်အားခအတွက် တောင်းဆိုရာမှ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့မွန်းလွဲ ၂နာရီအချိန်တွင် ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်နှင့်ကပ်လျှက် ဘာစီနီဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂,၅၀၀ကျော်သည် အလုပ်ရှင်ကို လုပ်အားခတိုးတောင်းရာမှ အဆင်မပြေဘဲ ဆန္ဒပြမှု စတင် ဖြစ်ပွားရခြင်းဖြစ် သည်ဟု ဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။

ဆန္ဒပြအလုပ်သမား ကိုသန့်ဇင်က “ကုန်ဈေးနှုန်းတွေ တက်တယ်မဟုတ်လား။ ဒါကြောင့် လူသစ်တွေကို တယောက်ကို ၁၀၀ တိုးပေး။ လူဟောင်းတွေကျတော့ တရက်ကို ၃၀ ထပ်တိုးပေး။ သူဌေးက မပေးနိုင်ဘူး။ သုံးဆယ်မရရင် ၂၀တောင်းတယ်။ မရ ဘူး။ သူဌေးက ၅ ဘတ်တိုးမယ်။ ကျ နော်တို့တွေ မယူဘူး။ ဂိတ်ဆုံး ၁၀တိုးပေးမယ်။ လက်မခံဘူး။ မလုပ်နိုင်ရင်လည်း ထွက် ပေါ့လို့ ပြောတယ်။ မွန်းလွဲ ၂နာရီကနေစပြီး ဆွေးနွေးတာ တနာရီလောက် ကြာတယ်။ သူဌေးက လက်မခံဘူး။ အဆင်မပြေ တော့ ကျနော်တို့လည်း အကုန်လုံး ထွက်တယ်ပေါ့။”ဟု ပြောသည်။

ထို့အပြင် ညနေ ထိုင်းစံတော်ချိန် ၆နာရီခွဲတွင် ဆန္ဒပြမှုတွင် ဦးဆောင်သူများ၊ မြန်မာဘက်ခြမ်းက ရပ်ဖိရပ်ဖလူကြီးများနှင့် ဖိနပ်စက်ရုံ သူဌေးတို့ နောက်ထပ်တစ်ကြိမ် ထပ်မံ ဆွေးနွေးကြသော်လည်း နှစ်ဖက် သဘောတူညီမှုမရရှိခဲ့ကြောင်း အဆိုပါ အလုပ်သမားက ပြောသည်။

အလုပ်ရုံ ၃ရုံဖြင့် မြန်မာအလုပ်သမားပေါင်း ၂,၅၀၀ကျော်ရှိသည့် ဘာစီနီဖိနပ်စက်ချုပ်စက်ရုံတွင် အလုပ်သမားအသစ်တစ်ဦး မှာ တရက်လျှင် ဘတ် ၇၀ရရှိပြီး လူဟောင်းများက ဘတ် ၁၀၀ကျော်ရရှိကြသည်ဟု သိရသည်။

ယနေ့ ဆန္ဒပြမှုတွင် အလုပ်ရှင်ဘက်က ခြိမ်းခြောက်အကြပ်ကိုင်မှု တစုံတရာ မရှိသော်လည်း မြန်မာဘက်ခြမ်းက အာဏာပိုင် များက ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ဟုဆိုကာ အလုပ်သမားများထံမှ နေ့စဉ် ငွေကောက်ခံသောကြောင့် လုပ်အားခ လောက်ငှမှု မရှိဘဲ ယခုလို ဆန္ဒပြမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ အမည်မဖော်လိုသည့် ရပ်ကွက်လူကြီးတဦးက ပြောသည်။

၎င်းက “ကျနော်သိရသလောက်တော့ ဘုရားသုံးဆူက ဖွံ့ဖြိုးရေးအသင်းက ဖွံ့ဖြိုးရေးနံမယ်တပ်ပြီးတော့ အဲဒီမှာ အလုပ်သွား လုပ်တဲ့လူတွေဆီက တစ်ယောက်ကို ၅ဘတ်နှုန်းလား၊ ၁၀ဘတ်နှုန်းလား ကောက်တယ်။ ဒါကြောင့် အလုပ်သမားတွေလည်း သူဌေးဆီက လုပ်အားခ တိုးတောင်းတယ်။ သူဌေးကလည်း လက်မခံတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့။”ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မြန်မာဘက်ခြမ်းမှ သောင်းနှင့်ချီသည့် အလုပ်သမားများသည် မနက်အလုပ်ဆင်း၊ ညနေအလုပ်ပြန် သဘောမျိုးဖြင့် ထိုင်းဘက်ခြမ်းရှိ ဖိနပ်စက်ရုံ၊ အထည်စက်ရုံများတွင် နေ့ချင်းပြန် သွားရောက်အလုပ်လုပ်ကြ သည်ဟု သိရသည်။

Saturday, July 09, 2011

မလေးရှားနိုင်ငံတွင် စုရုံးဆန္ဒပြ



ယနေ့ ၀၉-၀၇-၂၀၁၁ နေ့၌ အဓိကကျသောနေရာများတွင် အတိုက်အခံအဖွဲ့ကို ထောက်ခံသော လူပေါင်းများစွာက စုရုံးဆန္ဒပြကြပြီး ဆန္ဒပြနေကြသူများစွာအနက် ၂၃၆ ယောက်ကို ရဲများက ထိန်း
သိမ်း ထားခဲ့သည်။

လွန်ခဲ့သောနှစ်ပတ်ခန့်ကလည်း မလေးရှားတစ်နိုင်ငံလုံး ဆန္ဒပြပွဲဖြစ်ပေါ်လာအောင် စည်းရုံးလှုံဆော်
နေသူ အယောက်(၂၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး အစိုးရသည် နိုင်ငံလုံခြုံရေးအတွက် အကြောင်းပြကာ ( ၆ )ယောက်ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်းသိရပါ
သည်။

မလေးရှား အစိုးရသည် တရားမ၀င်သော အတိုက်အခံပါတီခေါင်းဆောင် အဏ္ဏ၀ါအေဗရာဟင်ကို
လူစုလူဝေးဖြင့် ထောက်ခံဆန္ဒမပြကြရန် ကြိုတင် တားမြစ်ထားသော်လည်းမြောက်များစွာသော
လူထုသည် အစိုးရ၏ အထင်ကရ အဆောက်အဦးရှိရာနေရာများတွင် စုဝေးဆန္ဒပြခဲ့ကြသည်။


လာမည့် ၂၀၁၂ နှစ်လယ် ရွေးကောက်ပွဲအား အယုံအကြည်မရှိသော အတိုက်အခံများက ၀န်ကြီးချုပ် နာဂျစ်ရာဇတ် အစိုးရကို ဖိအားပေးသောအနေဖြင့် လူထုကို စည်းရုံးလှုံဆော်ခဲ့သောကြောင့် ယခုကဲ့
သို့ ဆန္ဒပြပွဲဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ဆန္ဒပြကြသူများက လက်ရှိအစိုးရပါတီသည် နှစ်(၅၀)ကျော်ကြာ အုပ်ချုပ်လာခဲ့ပြီဖြစ်၍ လာမည့်
ရွေးကောက်ပွဲတွင် အပြောင်းအလဲ ရှိချင်ကြောင်း၊ ၂၀၁၂ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မည့်သည့် နိုင်ငံရေး ပါတီကိုမဆို အခွင့်အရေးတန်းတူပေးဖို့ တောင်းဆိုထားပါသည်။

အတိုက်အခံပါတီကို ထောက်ခံသော ပြည်ပရောက်မလေးရှားနိုင်ငံသားများက သြစကြေးလျ၊ ဗြိတိန်၊
ပြင်သစ်၊ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ထိုင်းနှင့် အမေရိကန် စသည့်
နိုင်ငံများတွင် ယခုကဲ့သို့ စုရုံးဆန္ဒပြရန်ရှိကြောင်းလည်း သိရပါသည်။

ယခုဆန္ဒပြပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသူတစ်ချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း တားမြစ်ထားသော ဥပဒေနှင့် ငြိစွန်းနေသူများကို ဆက်လက် တရားစီရင်မည်ဖြစ်ကြောင်းလည်း တစ်ချို့က ဝေဖန်
သုံးသပ်ကြပါသည်။




မလေးရှား အစိုးရ၏ အဆင့် (၆) ဆင့် စီမံကိန်းတွင် ဒုက္ခသည်များ ပါဝင်ရန် မလို

ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မလေးရှား အစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင် ဆောင်ရွက်သွားမှာ မဟုတ်တဲ့အပြင် (UNHCR) ကဒ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ (UNHCR) နဲ့ ဆက်သွယ်မှုပြုလုပ်ကြဖို့နဲ့ တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးနေကြတဲ့ အေဂျင့်တွေ၊ ကုမ္ပဏီတွေကို အလုပ်လုပ်ခွင့် တရားဝင် ရရှိရေးနဲ့ လွတ်လပ်စွာ သွားလာနေ ထိုင်နိုင်ဖို့ စတာတွေ အတွက် ပိုက်ဆံပေးစရာ မလိုတဲ့အပြင် အဆင့် (၆) ဆင့် စီမံကိန်းထဲမှာ ပါဝင် ဆောင်ရွက်ရန် မလိုဘူးလို့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။


မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် အစိုးရရဲ့ မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ ဒုက္ခသည်တွေလည်း အကျူံးဝင်တယ်လို့ ဝန်ကြီးချူပ် နာဂျစ်က တရားဝင် ပြောဆိုထားပါတယ်။

အခုလိုမျိုး တရားဝင်နေထိုင်ခွင့် ရရှိဖို့အတွက် မလေးရှား ရင်းဂစ် ၃၀၀၀ မှ ၅၀၀၀ (မြန်မာငွေ ကျပ် ၇ သိန်းခွဲမှ ၁၃ သိန်း) ကြား ကုန်ကျမှာ ဖြစ်တယ်လို့ မဟာနန်း လုပ်ငန်းစုက ပြောပါတယ်။
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ အခုလို ထုတ်ပြန်ကြေညာလိုက်တဲ့အတွက်ကြောင့် မလေးရှားမှာ တရားမ၀င်ရောက်ရှိနေကြတဲ့ သိန်းနဲ့ချီတဲ့ မြန်မာတွေဟာ အများစုက ဒုက္ခသည်တွေ ဖြစ်တာကြောင့် မလေးရှား အစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံကိန်းဟာ သိပ်ပြီးတော့ ထိရောက်ဖွယ် မရှိဘူးလို့ အေဂျင့်တွေက ပြောပါတယ်။

အစောပိုင်း ကာလတွေက မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့် ပါမစ် မရှိရင် အလုပ်ရှင်တွေက လက်မခံတော့ဘူး ဆိုပြီးတော့ သတင်းထွက်ပေါ်နေတာတွေ ရှိခဲ့ပါသေးပေမယ့် (UNHCR) က ခုလို ထုတ်ပြန် လိုက်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မှု မရှိတော့ဘူးလို့ ဒုက္ခသည်တွေက ပြောဆိုနေကြပါတယ်။

ကိုးကား - http://aarnewsid.wordpress.com

MKO မှ ထုတ်ပြန်ကြေငြာချက်

၁။ MKO အဖွဲ့အစည်းသည် UNHCR လက်အောက်ခံအဖွဲ့အစည်းဖြစ်သည်နှင့်အညီ လုပ်ငန်းဆောင်တာများနှင့် ဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် UNHCR ၏ စည်းမျဉ်းဥပဒေအောက်မှာသာ ဆောင်ရွက်မည်ဖြစ်သည်။

၂။ မလေးရှားအစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှု ပြီးစီးသော UNHCR သည် အဖွဲ့ အစည်းအသီးသီးနှင့်ပူးပေါင်းပြီး ဒုက္ခသည်များ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ ပြသနာများဖြစ်သည့် အလုပ်လက်မဲ့ပြသနာ၊ ထောင်ကိစ္စများ နှင့်စပ်လျဉ်း၍ UN ကဒ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တာဝန်ယူ ဖြေရှင်းသွားမည်ဖြစ်သည်။

၃။ ဒုက္ခသည်တစ်ဦးသည် ရွှေ့ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်သဘောတရားကို သိရှိနားလည်ရမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုခုဖြစ်စေ၊ အေဂျင်စီတစ်ခုခုဖြစ်စေ၊ အလုပ်ရှင်မှ ဖြစ်စေ တရားဝင်အလုပ်လုပ်ခွင့်ပါမစ်လုပ်ရန် တိုက်တွန်းလာပါက ငြင်းပယ် ရမည်ဖြစ် သည်။ ထိုသို့မဟုတ်ပဲ လက်ခံမိပါက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရခြင်းကို UNHCR က ပြန်လည်ရုတ်သိမ်းနိုင်ပြီး တတိယနိုင်ငံသို့ ထွက်ခွါမည့်အစီအစဉ်လည်း ပျက်ပြယ်သွားမည်ဖြစ်သည်။

၎။ တရားမ၀င် အလုပ်သမားများကို တရားဝင်ဖြစ်အောင် လုပ်ဆောင်မည့်အရေးနှင့်
ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို MKO အတွင်းရေးမှူးထံတွင်
(စောဒန်းနစ် ၀၁၉- ၇၇၇ ၈၃၀၃) ဆက်သွယ်မေးမြန်းနိုင်ပါသည်။