Saturday, July 9, 2011

Saturday, July 09, 2011

မလေးရှားနိုင်ငံတွင် စုရုံးဆန္ဒပြ



ယနေ့ ၀၉-၀၇-၂၀၁၁ နေ့၌ အဓိကကျသောနေရာများတွင် အတိုက်အခံအဖွဲ့ကို ထောက်ခံသော လူပေါင်းများစွာက စုရုံးဆန္ဒပြကြပြီး ဆန္ဒပြနေကြသူများစွာအနက် ၂၃၆ ယောက်ကို ရဲများက ထိန်း
သိမ်း ထားခဲ့သည်။

လွန်ခဲ့သောနှစ်ပတ်ခန့်ကလည်း မလေးရှားတစ်နိုင်ငံလုံး ဆန္ဒပြပွဲဖြစ်ပေါ်လာအောင် စည်းရုံးလှုံဆော်
နေသူ အယောက်(၂၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး အစိုးရသည် နိုင်ငံလုံခြုံရေးအတွက် အကြောင်းပြကာ ( ၆ )ယောက်ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်းသိရပါ
သည်။

မလေးရှား အစိုးရသည် တရားမ၀င်သော အတိုက်အခံပါတီခေါင်းဆောင် အဏ္ဏ၀ါအေဗရာဟင်ကို
လူစုလူဝေးဖြင့် ထောက်ခံဆန္ဒမပြကြရန် ကြိုတင် တားမြစ်ထားသော်လည်းမြောက်များစွာသော
လူထုသည် အစိုးရ၏ အထင်ကရ အဆောက်အဦးရှိရာနေရာများတွင် စုဝေးဆန္ဒပြခဲ့ကြသည်။


လာမည့် ၂၀၁၂ နှစ်လယ် ရွေးကောက်ပွဲအား အယုံအကြည်မရှိသော အတိုက်အခံများက ၀န်ကြီးချုပ် နာဂျစ်ရာဇတ် အစိုးရကို ဖိအားပေးသောအနေဖြင့် လူထုကို စည်းရုံးလှုံဆော်ခဲ့သောကြောင့် ယခုကဲ့
သို့ ဆန္ဒပြပွဲဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ဆန္ဒပြကြသူများက လက်ရှိအစိုးရပါတီသည် နှစ်(၅၀)ကျော်ကြာ အုပ်ချုပ်လာခဲ့ပြီဖြစ်၍ လာမည့်
ရွေးကောက်ပွဲတွင် အပြောင်းအလဲ ရှိချင်ကြောင်း၊ ၂၀၁၂ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မည့်သည့် နိုင်ငံရေး ပါတီကိုမဆို အခွင့်အရေးတန်းတူပေးဖို့ တောင်းဆိုထားပါသည်။

အတိုက်အခံပါတီကို ထောက်ခံသော ပြည်ပရောက်မလေးရှားနိုင်ငံသားများက သြစကြေးလျ၊ ဗြိတိန်၊
ပြင်သစ်၊ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ထိုင်းနှင့် အမေရိကန် စသည့်
နိုင်ငံများတွင် ယခုကဲ့သို့ စုရုံးဆန္ဒပြရန်ရှိကြောင်းလည်း သိရပါသည်။

ယခုဆန္ဒပြပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသူတစ်ချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း တားမြစ်ထားသော ဥပဒေနှင့် ငြိစွန်းနေသူများကို ဆက်လက် တရားစီရင်မည်ဖြစ်ကြောင်းလည်း တစ်ချို့က ဝေဖန်
သုံးသပ်ကြပါသည်။




No comments: