Friday, December 23, 2011

၂၀၁၂ ဇန်န၀ါရီလတွင် အစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု ကေအဲန်ယူပြောဆို

ဒီဇင်ဘာလ ၂၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

Photo-KNU (ပထမအကြိမ် တွေ့ဆုံခဲ့သည့် အစိုးရကိုယ်စားလှယ်နှင့် ကေအဲန်ယူကိုယ်စားလှယ်များ)
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် လာမည့်နှစ် ဇန်န၀ါရီ ၁၂ရက် နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု KNU ဘက်က ပြောဆိုလိုက်သည်။


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့မနက် ၉နာရီမှ ၁၁နာရီခွဲအထိ တွေ့ဆုံခဲ့သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် ယင်းသို့ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေး ဗစ်ထောက ယခုလို ပြောသည်။

“အခုအလွတ်သဘော ဆွေးနွေးတာက ဘားအံမှာ သွားရောက်တွေ့ဆုံမဲ့ကိစ္စကို အဓိကထား ဆွေးနွေးကြတာပါ။ လာမဲ့ ဇန်န ၀ါရီလ ၁၂ရက်မှာ တွေ့ဆုံကြမှာမို့ အဲဒီရက်မတိုင်ခင် အစိုးရဘက်က သွားလာရေးတွေ စီစဉ်ထားရအောင်ပါ။ ဘားအံမှာတွေ့ မှာက တရားဝင်တွေ့မှာပါ။ ဒီနေ့တွေ့တာက အလွတ်သဘောမျိုးပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့တွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုအဆင့် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ၈ဦးအဖွဲ့နှင့် KNU ဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဌ ပဒိုစောဒေးဗစ်သကဘော ဦးဆောင်သည့် အဖွဲ့ဝင် ၇ဦးတို့ ပါဝင်ခဲ့ကြသည်။

KNU သည် ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုမှာ ယခုတကြိမ်သည် တတိယအကြိမ်ဖြစ်ပြီး ငြိမ်းချမ်း ရေးနှင့် အပစ်အခတ်ရပ်စဲရေးအပေါ် သူ့အမြင်ကိုယ့်အမြင် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည့်အပေါ် နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်များအနေဖြင့် ကျေနပ်အားရမှုရှိကြောင်းနှင့် ဆက်ဆံရေးအရ ပိုမိုရင်းနှီးလာကြောင်းလည်း KNU ဘက်က ပြော ဆိုသည်။

မကြာမီ သွားရောက်တွေ့ဆုံမည့်ကိစ္စတွင် အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေးကို စတင် ဆွေးနွေးသွားပြီး ထိုမှတဆင့် ငြိမ်း ချမ်းရေးကိစ္စကို ဆက်လက် ပြောဆိုသွားမည့်အကြောင်း KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဌ ပဒိုစောဒေးဗစ်သ ကဘောက ပြောသည်။

ပဒိုစောဒေးဗစ်သကဘောက “ဘားအံမှာ သွားဆွေးနွေးမဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာကလည်း ပြီးစလွယ်လုပ်လို့ မရဘူး လေ။ စနစ်တကျနဲ့ စည်းကမ်းရှိရှိ လုပ်ရမယ်။ အပစ်ရပ်ရေးကနေ political dialogue ကိုသွားမယ်။ ကျနော်တို့ လိုလားတာက တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးမို့ ဒါကို မူအရ တဆင့်ချင်း လုပ်သွားရမယ်။”ဟု ဆိုသည်။

သို့သော် KNU အနေဖြင့် အစိုးရနှင့် သွားရောက်တွေ့ဆုံမည့် ကိုယ်စားလှယ်များကို သတ်မှတ်ရွေးချယ်ထားခြင်း မရှိသေး သော်လည်း အပစ်အခတ်ရပ်စဲရေးဖြစ်သည့်အတွက် KNU ဘက်မှ တပ်ဗိုလ်တပ်မှူးများကို ရွေးချယ်စေလွှတ်သွားမည့် အနေအ ထားတွင်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ ခုချိန်ထိတော့ သွားမဲ့ကိုယ်စားလှယ်တွေကို မရွေးချယ်ရသေးပါဘူး။ တကယ်ရွေးဖြစ်ရင်လည်း တပ်ဖက်ဆိုင်ရာ တွေ ပိုများနိုင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာက တောင်ပိုင်း၊ မြောက်ပိုင်း တပ်တွေရှိတာမို့ပါ။”ဟု ပြောသည်။

ယင်းသို့သွားရောက်ဆွေးနွေးရန် ထိုင်း-မြန်မာနယ်စပ် မြ၀တီကားလမ်းမှ သွားမည်ဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များဘက်မှ ဇန်န၀ါရီလ ၁၀ရက်၊ ၁၁ရက်နေ့များတွင် လာရောက်ကြိုဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။

၁၉၄၉ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့မှစ၍ နှစ်ပေါင်း ၆၃နှစ်နီးပါး မြန်မာအစိုးရကို ခုခံတော်လှန်ခဲ့သည့် KNU သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်မှ ၁၁ရက်နေ့အထိ ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ဝင် ၇ဦးပါသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကို ဖွဲ့စည်းလိုက်သည်။
၎င်းကော်မတီတွင် ဥက္ကဌအဖြစ် KNU ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘော၊ ကော်မတီဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူ တူးစေးဖိုး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောဒေးဗစ်ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုး ရာစိန်၊ ကျန်းမာရေးတာဝန်ခံ ဗိုလ်မှူးရောဂျာခင်၊ သစ်တောတာဝန်ခံ ပဒိုစောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော် အေးတို့ ပါဝင်သည်။

မြန်မာပြည်တွင် ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ယခုလ ၉ရက်နေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ထိုအဖွဲ့တွင် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ သမ၀ါယမ၀န်ကြီး ဦးအုန်းမြင့်၊ လူဝင်မှုကြီး ကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ အမှတ်-၂ လျှပ်စစ်ဝန်ကြီးဌာနမှ ဦးခင်မောင်စိုးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီးကျော်စိုးဝင်းတို့ ပါဝင်သည်။

KNU သည် စက်တင်ဘာလ ၁၀ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ပထမအကြိမ်၊ နိုဝင်ဘာလ ၁၉နှင့် ၂၀ရက်နေ့များက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၌ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်အားမွေးဖွား... ကျန်းမာစွာရှိသည့် အပြင် ဦးခေါင်းနှစ်လုံးစလုံးမှ နို့  စို့ နိုင်....

ဘရာဇီးနိုင်ငံသူအမျိုးသမီးတစ်ဦးမှ ဦးခေါင်းနှစ်လုံးပါရှိသည့် 
ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သည်ဟု ယနေ့ ထုတ်သတင်းများကဆိုပါတယ်...
၉.၉ ပေါင်ကိုယ်အလေးချိန်ရှိ အဆိုပါကလေးငယ်အားဘရာဇီးနိုင်ငံမြောက်ပိုင်း၊
ပါရာပြည်နယ်ရှိ အနာဂျာ့ စ်ဆေးရုံတွင် ဗိုက်ခွဲမွေးဖွားခဲ့ ရတာဖြစ်ပါတယ်....
ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးပါရှိပြီး နှလုံးတစ်ခုရှိကာ ခန္ဓာကိုယ်၏
အရေးပါသောအင်္ဂါအစိတ်အပိုင်းများ အားလုံး ပုံမှန်အလုပ်လုပ်လျှက်ရှိနေပါတယ်...

မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးအထူးကောင်းမွန်ပြီး ဦးခေါင်း ၂ လုံးစလုံးဟာလည်း ပုံမှန်လည်ပါတ် လှုပ်ရှားနေပါတယ်...
အဆိုပါပြည်နယ်၏ကျေးလက်တောရွာဒေသတွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီး
ဟာ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အပ်ထရာဆောင်း၊ ဓါတ်မှန်ရိုက်ကူးခဲ့ ခြင်းမရှိပဲ လွန်ခဲ့ သည့် တနင်္လာ
နေ့ နံနက်ပိုင်း ၁ နာရီအချိန် ကလေးမွေးခင် မိနစ်ပိုင်းအလိုတွင်သာ ဖြစ်ရပ်ဆန်းအားသိရှိခဲ့ ရခြင်းဖြစ်ပါ
တယ်....
မိခင်ဖြစ်သူဟာ မီးဖွားရန်ဗိုက်နာလာခဲ့ တာမို့ ဆေး၇ုံသို့ လာရန်ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ဆေး၇ုံအုပ်ချူပ်
ရေးမှူး ကလောဒီရိုနော အက်စစ်ဒီဗာ့ စကွန်ဆယ်လို့ စ် က ဘရာဇီးနိုင်ငံမှ အိုပိုဗို သတင်းစာကိုပြောပြခဲ့ 
ပါတယ်...
ဆရာဝန်တွေသူမကိုစစ်ဆေးကြည့် လိုက်သည့် အခါတွင်တော့ ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးရှိနေသည်
ကိုသိရှိခဲ့ လိုက်ကြပြီး သာမန်မွေးဖွားမည်ဆိုပါက မိခင်ရောကလေးပါ အန္တရယ်ရှိနိုင်သည်ကို တွေ့ ရှိခဲ့ ကြ
ပါတယ်....ကလေးငယ်မှာ မွေးဖွားခါနီးပုံမှန် (ဦးခေါင်းအောက်စိုက်)ဖြစ်မနေပဲထိုင်လျှက်အနေအထားမို့ 
တစ်နာရီမျှကြာအောင် ဗိုက်ခွဲမွေးဖွားခဲ့ ရပါတယ်...
ဆေးရုံအငယ်စားတစ်ခုမို့ ပြဿနာအခက်အခဲများရှိသော်ငြားလည်း ကျွန်မတို့ အနေနှင့် အဓိကရည်မှန်း
ချက်ဖြစ်သည့် မိခင်ရောကလေးငယ်ကိုပါ အသက်ကယ်တင်နိုင်ခဲ့ ပါတယ်....
အထူးသဖြင့် ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေတာကိုက ကျွန်မတို့ အတွက် အဓိကအံ့ သြ၀မ်း
မြောက်ဖွယ်ရာ ဖြစ်နေခဲ့ ပါတယ် လို့ သူမကပြောကြားခဲ့ ပါတယ်...
ကိုပီတာဆီကနေ မ လာပါသည်။

အကောင်းဆုံး ထမင်းချက်နည်း ၊၊ ရေသောက်တဲ့အခါ သတိပြုပါ

Wednesday, December 21, 2011

အကောင်းဆုံး ထမင်းချက်နည်း

အကောင်းဆုံး ထမင်းချက်နည်း
အကောင်းဆုံး ထမင်းချက်နည်းဟာ ဆင့်ထဲမှာ ဘုံပိုင်ထဲက ဘုံပိုင်ရေ ကို မထည့်ဘဲ ရေနွေးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုံပိုင်ရေထဲမှာ များသောအားဖြင့် ကလိုရင်းဓါတ်ငွေ့ ပါဝင်လို့ ထမင်းချက်တဲ့အခါ ဆန်ထဲမှာ ပါတဲ့ ဗီတာမင် ဘီ-၁ ကို ပျက်ပြယ်စေတတ်တယ်။

ရေနွေးနဲ့ထမင်းကိုချက်တယ်ဆိုရင်တော့ ဗီတာမင် ဘီ-၁ကို ထိန်းသိမ်း ထားနိုင်ပါတယ်။ တကယ်လို့ ထမင်းသိုးသွားရင် ထမင်းပေါ်မှာ ပေါင်နမုန့်ဘေးသား တစ်ချပ်ကို ထည့်လိုက်ပါ။

ထမင်းအိုးကို စလောင်းဖုံးနဲ့ ၅-မိနစ်လောက် ဖုံးထားပါ၊ ၅-မိနစ်ပြီးတော့ ပေါင်မုန့်ရဲ့ဘေးသားဟာ အဲဒိသိုးနံ့ကို စုပ်ယူသွာ်းပါလိမ့်မယ်။


ရေသောက်တဲ့အခါ သတိပြုပါ

နံနက် စောစောအိပ်ရာထပြီးတော့ ရေ တစ်ခွက်ကို အရင်သောက်လိုက်ပါ၊
အဲဒါဟာ ကျောက်တည်ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
နေ့စဉ် ရေ အနည်းဆုံး ၈-ခွက်သောက်သင့်တယ်။
နေ့စဉ် ရေ ၁၀-ခွက်သောက်ရင် ဆီးအိမ်ကင်ဆာဖြစ်မှုကိုကြိုတင်ကာကွယ်နိုင်တယ်။
နေ့ခင်းမှာ ရေများများသောက်ပြီး ညမှာတော့ ရေနည်းနည်းသောက်ပါ။

ညအချိန်မှာတော့ ရေနွေးကြမ်းကို မသောက်သင့်ပါဘူး။
ဖျားနာတဲ့အခါမှာလည်း ရေနွေးကြမ်း မသောက်သင့်ပါဘူး။
အစာအိမ်ရောင်နာရောဂါသည်တွေက ရေနွေးကြမ်း မသောက်သင့်ဘူး။
အမျိုးသမီးများ မီးယပ်လာချိန်မှာလည်း ရေနွေးကြမ်း မသောက်သင့်ဘူးတဲ့။
ဘာမှမစားဘဲနဲ့ ရေနွေးကြမ်း မသောက်သင့်ပါဘူး။

အမျိုးသားများစားသုံးသင့်တဲ့ သစ်သီးဝလံ၈-မျိုး

အမျိုးသားများစားသုံးသင့်တဲ့ သစ်သီးဝလံ၈-မျိုး 
၁-သစ်တော်သီး
ဆေးလိပ်သောက်သူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်၃-လုံးစားပါ။

၂- ဆီးသီး
အရက်သောက်သူတွေနဲ့ညဉ့်လုံးပေါက်အိပ်ရေပျက်ခံရသူတွေအတွက်အကျိုးရှိလို့၊တစ်နေ့ ၃-၄လုံးစားပါ

၃-သလဲသီး
သုက်ရည်ဂလင်းအတွက်အကျိုးရှိလို့၊ သလဲသီးရည်ခဏခဏသောက်ပါ

၎-လိမ္မော်သီး
ဗောက်တွေရှိလို့၊စိတ်ညစ်နေသူတွေအတွက်အကျိုးရှိလို့၊တစ်နေ့တစ်လုံးစားပါ

၅-ကိဝီသီး
မျက်လုံးနဲ့အသည်းအတွက်အကျိုးရှိလို့၊မကြာခဏစားပါ

၆-ပန်းသီး
သွားသန့်ရှင်းရေးအတွက်အကျိုးရှိလို့၊ တစ်နေ့တစ်လုံးစားပါ

၇-ဖရဲသီး
စိတ်တင်းကျပ်မှုဖိအားများစွာခံနေသူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်၃-ခါစားပါ

၈-ချယ်ရီသီး
ကျန်းမာရေးလေ့ကျင့်ခန်းကိုအကြောင်းအမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့သူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်
ဂရမ်-၁၀၀ စားပါ

ကုလားထိုင်တစ်ခုကို ယွမ်ငွေလေးသန်း


တစ်ချိန်က မိမိတို့မိသားစုမှာ အလွန်ပင်ဆင်းရဲခဲ့ဟု 
ဂျက်ကီချန်းပြော 

22 Dec, 2011

ဘေဂျင်း။ ။ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ အာရှတိုက်သား ဂျက်ကီချန်းမှာ လွန်ခဲ့သည့် စနေနေ့က ဘေဂျင်းရှိ ရန်ပုံငွေ အလှုပွဲ တစ်ခုတွင် ပြောကြားခဲ့ရာ၌ ၎င်းအနေဖြင့် ယခုလို မရှိဆင်းရဲသား များအား ပေးကမ်း စွန့်ကြဲခြင်း အလုပ်ကို အလွန်ပင် စိတ်ပါဝင်စား ရှိကြောင်းနှင့် အတိတ်ကာလ ကလည်း ယင်းသို့ ဖြစ်ခဲ့ ဖူးသဖြင့် ယခုလို စိတ်ဝင်စားရခြင်း ဖြစ်သည်ဟုလည်း ပြောကြားသွား ခဲ့သည်။

များစွာသော လူများမှာ မိမိအနေဖြင့် ပေးကမ်း လှုဒါန်းမှု များ ပြုလုပ်တိုင်း အဘယ်ကြောင့် လုပ်ရသနည်းဟု မေးမြန်းခဲ့ကြောင်း ၊ ယခုလို ပြုလုပ်ရခြင်းမှာ မိမိငယ်စဉ်က မိမိတို့ မိသားစုမှာ အလွန်ဆင်းရဲ ခဲ့ကြောင်း မိမိ၏ ဖခင်မှာ မိမိအား ရောင်းစား ရတော့မည့် အခြေအနေသို့ ရောက်အောင်ပင် ဆင်းရဲခဲ့ကြောင်း ပြောကြားသွား ခဲ့သည်။

သို့ရာတွင် ကံကောင်းအကြောင်း လှစွာပင် မိမိ နေထိုင်ခဲ့သည့် ပတ်ဝန်းကျင်တွင် လှုဒါန်းမှုကို စိတ်ဝင်စားသူများ ရှိနေခဲ့သဖြင့် ယနေ့လို ဘဝမျိုးကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း ထို့ကြောင့် မိမိအနေဖြင့် လူ့အဖွဲ့အစည်းသို့ ပြန် လည် ပေးဆပ်ရမည် ဖြစ်ကြောင်းလည်း ဂျက်ကီချန်းမှ ပြောကြားသွား ခဲ့သည်။ အသက် ၅၇ နှစ် အရွယ်ရှိပြီ ဖြစ်
သည့် ဂျက်ကီမှာ လွန်ခဲ့သည့် စနေနေ့က ၎င်း၏ တန်ဖိုးကြီး ကုလားထိုင် တစ်ခုကို လေလံတင်ပြီးလှုဒါန်းခဲ့ကြောင်း လည်း သိရသည်။

အဆိုပါ ခုံမှာ ယွမ်ငွေ လေးသန်း ရရှိခဲ့ကြောင်းလည်း သိရသည်။

မြန်မာ့ ကုန်းတွင်းရေနံတူးဖော်ခွင့် ထိုင်းနိုင်ငံ ရရှိ




မဇ္ဈိမသတင်းဌာန ။         ။ မြန်မာနိုင်ငံ ကုန်းတွင်းလုပ်ကွက် နှစ်ခုတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီက ရေနံ တူးဖော်ခွင့် ရရှိကြောင်း သိရသည်။

နိုင်ငံခြားကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုသော လုပ်ကွက် ၁၈ ခုအနက် ထိုင်းနိုင်ငံမှ PTT ရေနံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ (PTTEP) က လုပ်ကွက် ၂ ခုကို လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ပီချိုင်း နာရစ်သန်ဖန်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ပါရှိသည်။

“ကျနော်တို့ နှစ်ခုရပါတယ်။ ဒါသေချာပါတယ်” ဟု ပီချိုင်းက ရန်ကုန်မြို့သို့သွား ရောက်ရာမှ ပြန်အရောက်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ အဆိုပါ လုပ်ကွက်နှစ်ခုမှာ မြို့တော် နေပြည်တော်နှင့် နီးကြောင်း၊ အဆိုပါ သတင်းကို တရားဝင် မကြေငြာရသေးကြောင်း၊ လုပ်ခွင့်ရ ကုမ္ပဏီများသည် ဒေသခံကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင် ရမည် ဖြစ်ကြောင်းကိုလည်း သူက ပြောဆိုသည်။
oil-dig-2
ကုန်းတွင်းလုပ်ကွက် နှစ်ခုတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီက ရေနံ တူးဖော်ခွင့် ရရှိကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)

အဆိုပါသတင်းသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ စတုတ္ထအကြိမ်မြောက် မဲခေါင်ဒေသ ထိပ်သီး အစည်းအဝေး တက်ရောက်အပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကမ်းလွန်လုပ်ကွက် MD 7 နှင့် MD 8 တို့တွင်လည်း ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံက စိတ်ဝင်စားကြောင်း ဆွေးနွေး ခဲ့သည်ဟု ပီချိုင်းက သတင်းထောက်များကို ပြောသည်။

သူက ဆက်ပြီး ရေရှည်တွင် မြန်မာနိုင်ငံ၌ ဓာတ်ငွေ့ခွဲထုတ်သည့် စက်ရုံတရုံတည်ဆောက်ရန်လည်း ထိုင်းနှင့် မြန်မာ
နှစ်နိုင်ငံတို့ ပဏာမ သဘောတူညီချက်ရရှိခဲ့သည်ဟု ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေသော မြန်မာနိုင်ငံ၌ တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် စင်္ကာပူ နိုင်ငံတို့သည် ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံထားကြသော နိုင်ငံများဖြစ်သည်။

PTT ကုမ္ပဏီ၏ ရေနံရှာဖွေရေးလုပ်ငန်းကြီးဖြစ်သော PTTEP သည် မြန်မာနိုင်ငံတွင် စီမံကိန်း ၄ ခု၌လုပ်ကိုင်နေပြီး ရဲတံခွန်နှင့် ရတနာဓာတ်ငွေ့တွင်းများ၌လည်း အခြားကုမ္ပဏီများနှင့် တွဲဖက် လုပ်ကိုင်ရာတွင် အနည်းစု ရင်းနှီး
မြှုပ်နှံထားသည်။

ထို့ပြင် ထိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံတောင်ဘက် ထားဝယ်မြို့၌ အလွန်ကြီးမားသော စီမံကိန်းဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ တည်ဆောက်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်
နေသည်။ ထိုစီမံကိန်းတွင် ထိုင်းနိုင်ငံသို့ စွမ်းအင်တင်ပို့ရန် ပိုက်လိုင်းများတည်ဆောက်ခြင်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် ၄၇ ခု ရှိသည်။ အဆိုပါ လုပ်ကွက်များအနက် တရုတ်နိုင်ငံက ၂၃ ခုတွင် ရေနံနှင့် ဓာတ်ငွေ့ ထုတ်ယူခြင်း ပြုလုပ်နေပြီး အကြီးဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ
ဖြစ်သည်။ မလေးရှားမှာ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။

ရေနံထုတ်လုပ်နိုင်သော ရေနံမြေ တွေ့ရှိပါက အဆိုပါ ကုမ္ပဏီသည် ဝန်ကြီးဌာနတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်ယူရေး အတွက် ထုတ်လုပ်ခွင့် လျှောက်ထားရသည်။

“စာချုပ် ချုပ်ပြီးလို့ လုပ်ငန်းလုပ်ကိုင်ရာမှာ စီးပွါးဖြစ်ရေနံနဲ့ ဓါတ်ငွေ့ ထုတ်လုပ်နိုင်တဲ့ ရေနံမြေ တွေ့ပြီဆိုတာနဲ့ အစိုးရနဲ့ ကုမ္ပဏီတွေ အကျိုးအမြတ် ခွဲဝေရေးအတွက် ညှိနှိုင်း ဆွေးနွေးရပါတယ်။ ငွေဘယ်လောက်ပေးမယ် ဆိုတာကိုလည်း ပြောရပါတယ်” ဟု မြန်မာအရာရှိတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာရေနံ အရင်းအမြစ် လီမိတက်ဟူ၍ မြန်မာပိုင် ရေနံကုမ္ပဏီ တခုသာ ရှိသည်။ ယင်းကို မိုက်ကယ်မိုးမြင့်က ပိုင်ဆိုင်သည်။ ဦးတေဇ ပိုင်ဆိုင်သည့် ထူးကုမ္ပဏီနှင့် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း ၏သား ဦးနေအောင်တို့သည် နိုင်ငံခြား ရေနံနှင့် ဓါတ်ငွေ့ ကုမ္ပဏီများ၌ အစုရှယ်ယာများ ပိုင်ဆိုင်ကြသည်ဟု  စွမ်းအင် ဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။

လက်ရှိတွင် မြန်မာ့ကုန်းတွင်း လုပ်ကွက်များမှ တနေ့လျှင် ရေနံစိမ်းစည် ၉၃၀၀ နှင့် သဘာဝဓါတ်ငွေ့ ကုဗပေ သန်း ၁၀၀ ထုတ်လုပ်လျက် ရှိသည်။ ရတနာနှင့် ရဲတံခွန် ကမ်းလွန် သဘာဝဓါတ်ငွေ့ လုပ်ကွက်များမှ တနေ့လျှင် သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်းတထောင်ကျော် ထုတ်လုပ်နေသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ  မြန်မာနိုင်ငံ ကုန်းတွင်း လုပ်ကွက်များတွင် သဘာဝဓါတ်ငွေ့သိုက် ကုဗပေ သန်းထောင်ပေါင်း ၀.၄၆ ရှိပြီး ကမ်းလွန်လုပ်ကွက်တွင် ကုဗပေ ၁၇ ထရီလီယံ ရှိသည်။

မွန်ပြည်သစ်ပါတီနဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်မင်းတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် စံခလဘူရီမြို့မှာ တွေ့ဆုံ

Friday, December 23, 2011 အနှစ် ၂၀ အတွင်း ပထမဆုံးအနေနဲ့ လမ်းမပေါ်မှာ ပြန်လည်ဟောပြောခွင့်ရခဲ့ပြီလို့ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဆရာမောင်ဝံသ ပြောကြား (ရုပ်သံ)

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်

Wednesday, 21 December 2011
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ် စည်းကြပ် ကောက်ခံသော အခွန်အား ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ရက်နေ့က သတင်း ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာ ခေါင်းစဉ် အောက်ရှိ ၀င်ငွေ စုစုပေါင်း အပေါ်ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင် စေသည့် ၀င် ငွေခွန်ကို ၀င်ငွေခွန် ဥပဒေ ပုဒ်မ-၅၊ပုဒ်မခွဲ(ခ) အရ ကင်းလွတ်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်းလည်း  သိရှိရသည်။
''အခုဟာက နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ပြည်တွင်းကိုလွှဲတဲ့ လစာငွေတွေအပေါ် ကောက်ခံတဲ့ ၀င်ငွေခွန်ကို ကင်းလွတ်ခွင့် ပြုလိုက်တယ်လို့ သိရတယ်။ ဒါကြောင့် နောက်ပိုင်း ကျရင် ဟွန်တီပါ ပျောက်လာ လိမ့်မယ်လို့ ယူဆရတယ်'' ဟု လည်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
''ဒီလို အခွန်လျော့ချလိုက်တော့ နိုင်ငံတော် ၀င်ငွေ လျော့သွားပေမယ့်  နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် ကောင်းတယ်။ နိုင်ငံခြားနဲ့ တရားဝင် ငွေလွှဲတဲ့သူ များလာမယ်။   နိုင်ငံခြား ငွေတွေလည်း တိုက်ရိုက် ၀င်လာနိုင်တယ်။ နိုင်ငံခြားကနေ ဘဏ်နဲ့ ချိတ်ပြီး တိုက်ရိုက် ငွေလွှဲတာတွေ ရှိလာမယ်။ဒီအတွက် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ အခုဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူ နိုင်ငံ တွေမှာလည်း မြန်မနိုင်ငံက MFTB,MICB အစရှိတဲ့ ဘဏ်ခွဲတွေ ဖွင့်မယ် ဆိုတာလည်း ကြားသိရတယ် ဆိုတော့ ပိုအဆင်ပြေသွား နိုင်တယ်။ နောက်ပိုင်း ဆိုရင် နိုင်ငံခြား ဘဏ် လုပ်ငန်းတွေလည်း ဖွင့်ပေးတော့မှာ ဆိုတော့ ငွေလွှဲတဲ့ ကိစ္စတွေ အဆင်ပြေမှာပါ'' ဟုလည်း စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ကင်းလွတ်ခွင့် ပြုခြင်းကို ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင် အကျိုးသက်ရောက် မည်ဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် မည်သည့်နေ့မှ မည်သည့်နေ့အထိ ခွင့်ပြုသည် ဆိုသည့် ကန့်သတ်ချက် မပါဝင်ကြောင်းလည်း သိရှိရသည်။
ထုတ်ပြန်ချက်တွင်ပါဝင် သော အကြောင်းအရာအရ ပြည်ပ၌ ၁၈၃ ရက်နှင့်အထက် နေထိုင်ခဲ့ပြီး အလုပ် လုပ်ကိုင် နေသူများ၏ လစာဝင်ငွေ အပေါ် ကောက်ခံသော ၀င်ငွေခွန်ကို ဆိုလိုခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထွက်ပြေးတိမ်းရှောင်နေသော(Action Aid ) ၀န်ထမ်း ပေါင်စွမ်းခိုင်အား အရေးယူပေးပါရန် တောင်းဆိုခြင်း


ActionAid Myanmar ၏ စီမံကိန်းတစ်ခုဖြစ်သော DIPICHO PROJECT မှကျေးရွာစည်းရုံးရေး ရာထူးဖြင့် အလုပ်လုပ်ကိုင်နေသာ အိုင်မကျေးရွာ ရှိ
မနော်ကြူကြူ အမည်ရှိ ကရင်အမျိုးသမီး ငယ်ကလေး တစ်ဦးအား၎င်းစီမံကိန်းတွင် အတူတူ လုပ်လုပ်ကိုင်နေသူ DRR Officer အဆင့်ရှိ
ပေါင်စွမ်းခိုင် (ချင်းလူမျိုး) မှ အဓ္ဓမသွေးဆောင် ဖျားယောင်း၍ခြိမ်းခြောက်ပေါင်းသင်းခဲ့သည်။

ထိုနောက် တရားဝင်လက်ထပ်ယူပါမည် ဟုနှစ်သိမ့်ကာ မည်သူကိုမျှမတိုင်ရန် ပြောဆိုခဲ့ပါသည်။ ထိုကဲ့သို့ကျူးလွန်ခဲ့ပြီး ၂လခန့်ကြာသောအခါ မကြူကြူမှ ကိုယ်ဝန်ရှိလာသောအခါ ထိုကိုယ်ဝန်ကို တာဝန်မယူနိုင်ကြောင်းပြောဆို ပြီး အတင်း ကိုယ်ဝန်ဖျက်ချရန်ကြိုးစားခဲ့ပါသည်။ မကြူကြူမှ လုံးဝလက်မခံသောအခါ ပေါင်စွမ်းခိုင်မှ လူကြီးများနှင့် လာရောက်တောင်းယူပါမည် ဟုပြောကြားခဲ့ပြီး ခဏပြန်ဦးမည်ဟုပြောဆိုခဲ့ပါသည်။ထိုနေ့ကစ၍ ယနေ့ထိတိုင် ပေါင်စွမ်းခိုင်မှာ လုံးဝမဆက်သွယ်တော့ပဲ ရှောင်တိမ်းနေပါသည်။

စော်ကားခံရသူ အမျိုးသမီးလေးမှာအရှက်တကွဲအကျိုးနဲ ရသည့်အပြင် အက်ရှင်အေ့ဒ်အဖွဲ့အနေနှင့် ကျေးရွာလူထုအား စော်ကားလိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုမိန်းကလေးနှင့် ပတ်သက်သော မိသားစုအသိုင်းအ၀ိုင်းမှာ မျက်နှာထားစရာပင်မရှိတော့ပါ။ ထူးဆန်းသည်မှာ ထိုစီမံကိန်းတွင် တာဝန်ယူ လုပ်ဆောင်နေကြသော နိုင်ငံခြားသားဝန်ထမ်း ဘင်ဂလားဒေ့ခ်ျနိုင်ငံသား မစ်စတာ တူဟစ်ကိုယ်တိုင်သိရှိခဲ့ပြီးဖြစ်သည်။ ထို့အတူ အက်ရှင်အေ့ဒ် HR Manager ဖြစ်သောဒေါ်မော်နီး (ချင်းလူမျိုး) သည် ပေါင်စွမ်းခိုင်နှင့် ပုဂိုလ်ရေးအရရင်းနှီးသူဖြစ်ပြီး ယခုကဲ့သို့ ကိစ္စရပ်များအား အစမှအဆုံး သိရှိခဲ့သော်လည်း ယခုအခါ သူလုံးဝမသိသကဲ့သို့ ဟန်ဆောင်နေသည့်အပြင် ပေါင်စွမ်းခိုင်အား ကာကွယ်ရန် ကြိုးစား လျှက်ရှိသည်။

ထို့အပြင်ပေါင်စွမ်းခိုင်အား ထွက်ပြေတိမ်းရှောင်နိုင်စေရန်အတွက် ငွေထုပ်ပေးခဲ့သည်ဟု သိရှိရသည်။ အက်ရှင်အေ့ဒ် မှ မြို့နယ်တာဝန်ခံ အဆင့်ရှိ ၀န်ထမ်းများဖြစ်သော အောင်မင်းနိုင်၊ ခိုင်ဇာလင်းနှင့် ဒေါ်မော်နီးတို့မှ အက်ရှင်အေ့ဒ်နာမည်အား ကာကွယ်ရန်အတွက် ဟုဆိုကာ ပေါင်စွမ်းခိုင်ကိစ္စအားမည်သူကိုမျှမပြောဆိုရန် ၀န်ထမ်းများအား ညွန်ကြားထားပြီး ပြောဆိုပါက အလုပ်မှထုပ်ပြစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည် ကိုလည်းသိရှိထားပြီးဖြစ်ပါသည်။

အက်ရှင်အေ့ဒ်အဖွဲ့သည် ၀န်ထမ်းများအားမညာမတာခိုင်းစေချင်း၊ မိတ်ဖက်အဖွဲ့ အစည်းများပေါ်တွင် နည်းမျိုးစုံဖြင့်အမြတ်ထုပ်ခြင်း စသည့် နာမည်ဆိုးများဖြင့်ကျော်ကြား လျှက်ရှိသော အန်ဂျီအိုတစ်ခုဖြစ်သည်။ထို့အပြင် အက်ရှင်အေ့ဒ်အဖွဲ့သည် အမျိုးသမီးများ ကာကွယ်ရန်ပြည်တွင်း၊ပြည်ပ အန်ဂျီအိုများ စုစည်းထားသော Women Protection Group တွင်ဥကúဌအဖြစ်တာဝန်ယူထားသောအဖွဲ့ ဖြစ်ပါသည်။

အက်ရှင်အေ့ဒ်အဖွဲ့ကြီးသည် လူ့အခွင့်အရေးကိုအခြေခံသော ဖွံဖြိုးရေးနည်းလမ်းစဉ်ဖြင့် ကျေးလက်ဖွံဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေသောအဖွဲ့ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။ လူ့အခွင့်အရေးများကို ကိုယ်တိုင်လုပ်နေ ကြပြီး ကိုယ်တိုင်လူ့အခွင့်အရေးများချိုးဖောက်နေခြင်းမှာ လွန်စွာမှရှက်ဖွယ်ကောင်း လှပါသည်။ အမျိုးသမီးများ ၏ အခွင့်အရေးကို ချိုးဖောက်နေသူများအား အက်ရှင်အေ့ဒ်အဖွဲ့ကြီးမှ ကာကွယ်ပေးနေသည်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးအဖွဲ့များအနေနှင့် ၀ံပုလွေလက်ထဲ သိုးအုပ်အပ်သကဲ့သို့ဖြစ်ပါလိမ့်မည်။အထက်ဖော်ပြပါကိစ္စရပ်များနှင့် ပက်သက်၍ အက်ရှင်အေ့ဒ်အဖွဲ့ကြီးအားကျွန်ုပ်တို့ တောင်းဆိုလိုသည်မှာ တရားမျှတရေးဖြစ်ပါသည်။

တရားမျှတစေရန်အတွက် အောက်ပါအတိုင်း အချက် (၃) ချက်ကို (၇) ရက်အတွင်း ပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်။

၁။ လူမဆန်စွာ ပြုမှုခဲ့သော ပေါင်စွမ်းခိုင် အား တွေ့အောင်ရှာ၍ ၄င်းကျူးလွန်ခဲ့သော အပြစ်များကို သက်ဆိုင်သောသူများထံတွင်တောင်းပန် ၍ကိုယ့်တာဝန်ကိုယ်ယူရန်။
၂။ ဂုဏ်သိက္ခာပိုင်းအရ နှစ်နာခဲ့သူများအား ထိုက်သင့်သော နှစ်နာကြေးပေးရန်။
၃။ အက်ရှင်အေ့ဒ်အဖွဲ့အနေနှင့် အိုင်မရွာသူ ရွာသားများအား တရားဝင်တောင်းပန်ရန်။

အကယ်၍ (၇) အတွင်း ပြသနာများအားပြေလည်အောင်မဖြေရှင်းပေးနိုင်ပါကတရားမျှတမှုကိုမြတ်နိုးသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ ထို့အပြင်ဥပဒေကြောင်းအရလည်း ပြစ်မှုကျူးလွန်သူ ပေါင်းစွမ်းခိုင်အပါအ၀င် ထွက်ပြေးလွတ်မြောက်ရန်နှင့် သတင်းဖုံးကွယ်ရန် အားပေးအားမြောက်ပြုလုပ်သူများအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်းသတိပေးအပ်ပါသည်။ ကျွန်ုပ်တို့ ထံ၌တိကျခိုင်မာသော သတင်းအချက်အလက်များနှင့် မျက်မြင်သက်သေများ စုဆောင်းရရှိထားပြီဖြစ်သည်။

(၇) ရက်အတွင်းပြေလည်အောင်မဖြေရှင်းပေးနိုင်ပါကအောက်ဖော်ပြပါအဖွဲ့အစည်းများကို ဆက်လက်တိုင်ကြားသွားမည်ဖြစ်သည်။
၁. မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်
၂. မြန်မာနိုင်ငံအမျိုးသမီးရေးရာအသင်း
၃. ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ
၎. အန်တီဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၅. အလှူရှင်အဖွဲ့အစည်းများ (DIPICHO, EU)
၆. အက်ရှင်အေ့ဒ်အင်တာနေရှင်နယ်ရုံးချုပ် (တောင်အာဖရိက)
၇. ဘင်္ဂလားဒေ့ခ်ျသံရုံး
၈. မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးများနှင့် အန်ဂျီအိုများ
၉. ပြည်တွင်းပြည်ပ မီဒီယာများ
၁၀. ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့

မှတ်ချက်။ ။ယနေ့ ၁၇.၁၁.၂၀၁၁ မှစ၍ စတင်ရေတွက်မည်ဖြစ်သည်။

ဦးဘညွန့်နှင့်တရားမျှတရေးလိုလားသူများ
လတ်ပွတ်တာမြို့၊ ဧရာဝတီတိုင်း။
HOPE lies in the heart!
Land line # (0095-1) 643110
Hand phone # ( 0095-9) 098575175

Address of KNU President, Gen Saw Tamla Baw, on Karen New Year Day (2751)

President_Adress-K-NewYear__Eng_


KNU President Speech on Karen New Year 2011- Karen
KNU_President_speech_on_Karen_New_Year_2751__Pwo_Karen_


KNU President Speech on Karen New Year 2011- Burmese

The first Noel

Silent Night, Holy Night

Joy To The World