Thursday, May 24, 2012
(ပြန်လာဖို့အရေး မတွေးမိသေးပါ) သမ္မတ၏ ပြည်ပရောက်မြန်မာနိုင်ငံသားတွေပြန်လာဖို့ခေါ်ယူခြင်းကိစ္စနဲ့ပတ်သက်ပြီး ကျနော့်အမြင်သုံးသပ်ချက်
Author: ကိုးဒီသွေး |
ကိုယ့်နိုင်ငံ ကိုယ့်မွေးရပ် ကိုယ်ကြီးပြင်းခဲ့တဲ့  ကိုယ့်ဌါနေကိုမပြန်ချင်သူဘယ်ရှိကြပါ့မလဲ၊ အကြောင်းအမျိုးမျိုးကြောင့်  မပြန်ချင်သူတွေတောင်မှ   တခါတခေါက်တော့ ပြန်ချင်တဲ့စိတ် တိတ်တခိုးတော့ရှိကြမှာ အမှန်ပါ။ ဒါကြောင့် ပြန်လာချင်တဲ့စိတ်ရင်ထဲအပြည့်ရှိ
ကြပေမယ့်၊ အခုချိန်မှာပြန်လာဖို့အရေး  ဘာကြောင့်မတွေးသေးတာကို  သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်များသိစေရန် ရေးသားလိုက်ရပါသည်။
 ပြည်ပမှာရောက်ရှိနေတဲ့   မြန်မာနိုင်ငံသားတွေပြန်လာဖို့ကိစ္စနဲ့ပတ်သက်ပြီး  သမ္မတဦးသိန်းစိန်မှ ပြန်လည်ခေါ်ယူခြင်းနှင့်ပတ်သက်ပြီး  နှုတ်ပါးစပ်နဲ့ ကတိခံဝန်တွေရေးထိုးခိုင်းပြီး ပြန်လာဖို့ခေါ်ယုံနဲ့ မဖြစ်နိုင်သေးသလို၊ လက်ရှိနိုင်ငံရေးအခြေအနေအရ    ပြန်လာဖို့ဆိုတာ   ဘယ်လိုမှမဖြစ်နိုင်သေးပါ။
ဘာကြောင့်   ပြန်လာဖို့မဖြစ်နိုင်သေးတယ်ဆိုတာကတော့၊          သမ္မတ ပြန်လာဖို့ ခေါ်ယူတာ
ပြည်ပမှာရောက်ရှိနေတဲ့ လူတန်းစာနှစ်မျိုးကိုရွှေးချယ်ပြီးခေါ်ယူတာလို့    ယေဘူရအားဖြင့် သုံးသပ်လို့ရပါတယ်။  ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ လူတန်းစားအလွှာ ၄ မျိုး ၄ တန်းစားရှိတယ်ဆိုတာ သမ္မတကို ဦးစွာပထမသိစေလိုပါတယ်။
အဲဒီလူတန်စား ၄ မျိုးထဲမှာ ပထမလူတန်းစားက အလုပ်သမားလူတန်းစားနှင့် ငွေကြေး အရင်းနှီး များရှိ၍ ပြည်ပမှာအလုပ်- လုပ်ကိုင်နေကြတဲ့ စီးပွါးရေးလုပ်ငန်းရှင်လူတန်းစား၊  ဒုတိယလူတန်းစားကတတ်သိပညာရှင်လူတန်းစား၊ တတိယလူတန်းစားက နိုင်ငံရေးနှင့်စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်ထွက်ပြေးလာကြတဲ့ နယ်စပ်ဒေသအသီးသီးရှိ camp ထဲမှာနေထိုင်နေကြရတဲ့ ဒုက္ခသည်လူတန်းစား၊ စတုထ္တလူတန်းစားကတော့ ၁၉၉၆- ၂၀၀၇- ၁၉၈၈ ခုနှစ်  နိုင်ငံရေးအရ နယ်စပ်ဒေသသို့ထွက်ခွါရောက်ရှိလာကြပြီး၊ ယ္ခုအခါ  နိုင်ငံတကာသို့ ရောက်ရှိနေကြတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ လူငယ်၊ ပြည်သူ့စစ်သည်များနှင့်   ၈၈ မျိုးဆက်များအစရှိတဲ့     လူတန်းစားများနှင့် ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိခဲ့ကြတဲ့    နိုင်ငံရေးသမားများဆိုတဲ့ လူတန်းစား ၄ မျိုးရှိပါတယ်။   အဲဒီလူတန်းစား ၄ မျိုးနှင့်ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကို ၄ ပိုင်းခွဲခြားပြီး ကျနော့်အမြင်ကို သုံးသပ်တင်ပြလိုပါသည်။
၁- အလုပ်သမားလူတန်စားနှင့် စီးပွါးရေးလုပ်ငန်းရှင်လူတန်းစား 
ပြည်ပသို့ ရောက်ရှိနေကြသည့်အလုပ်သမားလူတန်းစားများထဲတွင် ပြည်ပတွင်လာရောက်အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားလူတန်းစားနှစ်မျိုးရှိပါသည်။
 ၁- မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ မှားယွင်းတဲ့ စီမန်ခန့်ခွဲ အုပ်ချုပ်မှုစနစ်ကြောင့်   စားဝတ်နေရေးအခက်ခဲဖြစ်မှုကြောင့်လည်းကောင်း၊    အလုပ်အကိုင်ရှားပါးမှုအတွက်ကြောင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင်   တနေ့လုပ်၍   တနေ့မစားနိုင်သည့်    အခြေအနေဆိုးကြောင့်သော်လည်းကောင်း၊ လုပ်အားခလအပြည့်အဝမခံစားရ၍   သော်လည်းကောင်း    စတဲ့အခြေခံအလုပ်သမားများရှိကြသလို၊ ငွေကြေးအရင်းနှီးများရှိကြ၍ ပြည်ပတွင်   စီးပွါးရေးလုပ်ငန်းများလုပ်ကိုင်ကြသည့် အလုပ်သမားလူတန်းစားနှစ်မျိုးရှိပါတယ်။ 
၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ပတွင်လာရောက်အလုပ်လုပ်ကိုင်ကြတဲ့     အခြေခံအလုပ်သမားတွေဟာ အခက်ခဲမျိုးစုံတို့ကို ရင်ဆိုင်ခဲ့ကြရပြီး၊ ပြည်ပမှာ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အခြေခံအလုပ်သမားများဖြစ်ကြပါတယ်။ တချိန်အရင်က အခက်ခဲမျိုးစုံတို့ကို ရင်ဆိုင်ခဲ့ကြရတဲ့  အခြေခံအလုပ်သမားလူတန်းစားတွေဟာ အခုဆိုရင် အများအားဖြင့်    တနေ့လုပ်၍ တနေ့စား
သောက်နိုင်ရုံမက အပိုငွေတွေကိုစုစောင်းကာ အခက်ခဲရောက်နေကြတဲ့ ပြည်တွင်းက မိသားစုနှင့် ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေကို ထောက်ပံမှုများပြုနိုင်ကြသူများဖြစ်တယ်လို့ ယေဘူယျအားဖြင့် တွက်ချက်ခန့်မှန်းလို့ရပါတယ်။အဲဒီအခြေခံအလုပ်သမားတွေဟာ  အထိုက်အလျှောက်လည်းသုံးဖြုန်းနိုင်ကြပြီး၊ လူတော်တော်များများမှာ လက်ကိုင်ဖုန်းတွေကိုစီ ကိုင်နိုင်ကြတာကို တွေ့ရှိရပါတယ်။
ဒါ့အပြင် အလုပ်သမားတွေရဲ့ အခွင့်အရေးများကိုလည်း ယ္ခုအခါတွင် အထိုက်အလျှောက်ရရှိထားသူများလည်းဖြစ်ကြပါတယ်။ ကံဆိုးတဲ့ အခြေခံအလုပ်သမား အနည်းအကျဉ်းလောက်သာ အခုချိန်ခါမှာ လူကူးသန်းရောင်ဝယ်မှုကြောင့်  အလုပ်ရုံတွေမှာ   လောင်ပိတ်ခြင်းခံထားရပြီး လုပ်အားခတွေကို အပြည့်အဝမခံစားကြရပဲ၊ အထုထောင်းတွေနဲ့ ညှင်းပမ်းနှိပ့်စက်မှုတွေကိုခံနေရတယ်ဆိုတာ မီဒီယာကတဆင့် ကြားသိနေရပါတယ်။ 
ထိုသို့ ပြည်ပတွင် အကြောင်းအမျိုးမျိုးနှင့် လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အခြေခံအလုပ်သမားတွေဟာ၊ တရုတ်နယ်စပ်၊ အန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ အစရှိတဲ့နိုင်ငံတွေမှာ မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေဟာ သန်းနဲ့ချီပြီရှိကြပါတယ်။ 
ထို- အခြေခံအလုပ်သမားများကို ပြန်လာကြဖို့ဖိတ်ခေါ်တာဟာ သမ္မတအနေနဲ့ ဒီလူတွေကို မြန်မာနိုင်
ငံမှာ အလုပ်အကိုင်ရှာဖွေပေးနိုင်လို့လား ?  ( ဒါမှမဟုတ် ) နိုင်ငံရေးအကျိုးအမြတ်ရရှိဖို့အတွက်     လူကြားကောင်းအောင်ပြန်လာဖို့ခေါ်ဆိုသလားဆိုတာကို မေးရပါလိမ့်မယ်။ သေချာတာတခုက လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ သန်းနဲ့ချီပြီး  ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့်    လာရောက်အလုပ်- လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို    ပြည်တွင်းမှာ   အလုပ်အကိုင်ပေးဖို့
ဆိုတာ လုံးဝမဖြစ်နိုင်သေးပါ။
 လက်ရှိ- ပြည်တွင်းမှာရရှိနေတဲ့ အခြေခံအလုပ်သမားတွေရဲ့ လစာနဲ့ဆိုရင် ပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်
သေးပါ။ ကျနော့်အနေနဲ့ သမ္မတနဲ့ အစိုးရအဖွဲ့အား အကြံပြုလိုသည်မှာ ပြည်တွင်းမှာရှိနေတဲ့ အခြေခံအလုပ်သမားတွေရဲ့ လစာများကို ကုန်ဈေးနှုန်း လူနေမှုစရိတ်နဲ့ အညီ အခြေခံအလုပ်သမားများရဲ့လစာတွေကို အရင်တိုးမြှင့်သတ်မှတ်ပေးဖို့ ဦးစားပေးအစီစဉ်အနေနဲ့
ပထမလုပ်ပေးစေလိုပါတယ်။
 ကိုယ့်နိုင်ငံအတွင်းက အခြေခံအလုပ်သမားများရဲ့ လစာကို တိုးမြှင့်မသတ်မှတ်နိုင်ပေးပဲနဲ့     ပြည်ပက အခြေခံအလုပ်သမားတွေ ပြန်လာဖို့ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ပြန်လာသူကို ဒုက္ခပေးသလိုမျိုးသက်ရောက်နေပါတယ်။ ကိုယ့်နိုင်ငံကို ဒီလူတွေ တကယ်ပြန်လာလို့ရပြီးလားဆိုတဲ့ အခြေအနေကိုလည်း အရင်သုံးသပ်စေလိုပါတယ်။ ဒါကြောင့်   နိုင်ငံရေးအကျိုးအမြတ်
ရရှိစေဖို့ တခုတည်းနဲ့တော့ လူကြားကောင်းအောင်တော့ ပြန်လာပါလို့တော့ မခေါ်လိုက်ပါနဲ့၊ ကိုယ်လည်းအလုပ်အကိုင်မပေးနိုင်ပဲ ဒုက္ခပေးဖို့ သက်သက်ဆိုရင်တော့ ပြန်လာဖို့ ပြန်လာဖို့ဆိုပြီး မခေါ်လိုက်ပါနဲ့ဦးလို့ အခြေခံအလုပ်သမားနဲ့ပတ်သက်ပြီး ပြောပါရစေ။ ဒါကြောင့် အခြေခံအလုပ်သမားတွေရဲ့ ဘဝ မြန်မာနိုင်ငံကိုပြန်လာတဲ့အခါ အလုပ်အကိုင်ရရှိဖို့နဲ့ သူတို့ရဲ့ဘဝ အေးအေးချမ်းချမ်းနေနိုင်
ဖို့ကို ဦးစွာစီစဉ်ဆောင်ရွက်ပြီးမှသာ ပြန်လာဖို့အတွက်ခေါ်ယူစေလိုပါတယ်။ မည်သူတစ်ဦးတစ်ယောက်မှ ကိုယ့်နိုင်ငံကထွက်ခွါပြီး၊ တိုင်းတပါးမှာ ဒုက္ခအခက်ခဲတွေကိုရင်ဆိုင်ကာ လာရောက်အလုပ်မလုပ်ကိုင်စေချင်ကြပါ။ ကိုယ့်နိုင်ငံကောင်းလျှင် ကိုယ့်ဌါနေမှာပဲ မိစားစုတွေ ဥမကွဲသိုက်မပျက်ပဲ အေးအတူ ပူအမျှ အေးအေးလူလူလုပ်ကိုင်စားသောက်ချင်သူတွေဆိုတာ သမ္မတကိုသိစေအပ်ပါတယ်။
သည်နေရာမှာ ကျနော့်အနေနဲ့ ငွေကြေးအရင်းနှီးများရှိသူတွေပြည်ပမှာ စီးပွါးရေးအရ ရင်းနှီးမြှပ်နှံပြီး လာရောက်အလုပ်လုပ်ကိုသူတွေအကြောင်း   အကျယ်တဝင့်ချဲ့ပြီးမရေးသားလိုတော့ပါ၊ ထိုသူတွေက    စီးပွါးရေးအမြင်တွေရှိပြီးသားသူများဖြစ်ကြတဲ့အတွက်ကြောင့်ပြန်ခြင်း- မပြန်ခြင်းအပေါ် သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ကြမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျနော်ကတော့ အခက်ခဲရှိနေ
သူတွေလောက်ကိုသာ အကျယ်တဝင့်ရေးသားရန်လိုအပ်မည်ဟုထင်မြင်မိပါသည်။
တတ်သိပညာရှင်လူတန်းစား
ပြည်ပမှာ အကြောင်းအမျိုးမျုးကြောင့်   လာရောက်အလုပ်လုပ်ကိုကြတဲ့တတ်သိပညာရှင်များသည်၊ နိုင်ငံခြားကိုအထင်ကြီး၍သော်လည်းကောင်း၊  လုပ်အားခလစာကောင်း၍သော်လည်းကောင်း၊  ပြည်တွင်းမှာ တတ်သိပညာရှင်တွေရဲ့     အခန်းကဏ္ဍတွေကို ဖိနှိပ့် ထား၍သော်လည်းကောင်း၊  ပြည်တွင်းမှာ   လုပ်အားခလစာနည်း၍ သော်လည်ကောင်း၊  လူမှန်နေရာမှန်မရ၍  သော်လည်းကောင်း  အကြောင်းအမျိုးမျုးကြောင့်    ပြည်ပမှာ လာရောက်အလုပ်ကိုင်ကြတဲ့သူများဖြစ်ကြပါသည်။ 
ထိုသူများသည်လည်း   ကိုယ့်နိုင်ငံရဲ့ စီမန်ခန့်ခွဲမှုအုပ်ချုပ်မှုစနစ်ကောင်းလျှင် ဘယ်သူမှ ကိုယ့်နိုင်ငံနဲ့ မိသားစုတွေကိုခွဲခွါပြီး     လာရောက်အလုပ်- လုပ်ကိုင်ခြင်းကို မပြုလိုကြပါ။ မိမိနိုင်ငံကောင်းနေလျှင်    မိမိတတ်ရှိထားတဲ့    အတတ်ပညာတွေနှင့်    မိမိတိုင်းပြည်ကို အကျိုးပြုချင်သူများသာဖြစ်ကြ
ပါတယ်။ ပြည်ပမှာ လစာကောင်းကောင်းရရှိထား၍ အနေချောင်ပြီး အခွင့်ထူးခံ- အခွင့်ထူးစံ လူတန်းစားမဟုတ်ဟု ကျနော်အနေနဲ့ယူဆပါသည်။
 ((( မှတ်ချက်။ ။ အခွင့်ထူးခံ- အခွင့်ထူးစံ လူတန်းစားများတွေလည်း ပါကောင်းပါနိုင်ပါသည် ))) 
ဒါပေမယ့် တိုင်းပြည်ပြန်လည်တည်ထောင်ဖို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကြမည့် တတ်သိပညာရှင်များလည်းရှိကြပါသည်။  တိုင်းပြည်ပြန်လည်တည်
ထောင်စဲကာလမှာ အသိပညာရှင်- အတတ်ပညာရှင်တွေရဲ့   အခန်းကဏ္ဍဟာလည်း   သည်နေရာမှာအရေးပါအရာရောက်ပါသည်။
ဘာပဲဖြစ်ဖြစ် တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့အခါ နိုင်ငံသားတိုင်းက အုတ်တစ်ချပ်- သဲတစ်ပွင့် တိုင်းပြည်ရဲ့တာဝန်ကို ကျရာကဏ္ဍကနေ မိမိနိုင်ရာတာဝန်တွေကိုယူကြဖို့ အမှန်တကယ်လိုအပ်ပါသည်။ 
ဒါကြောင့်     ထိုသူတွေပြန်လာကြဖို့အတွက် ဘဝအာမခံချက်ရှိတဲ့ လုပ်ငန်းတွေကို    ဖန်တီးထားဖို့လိုပါတယ်၊ ပြန်လာဖို့သာကမ်းလှမ်းပြီး ထိုသူတွေရဲ့ ဘဝတွေကို အထိုက်အလျှောက်
အာမခံချက်ရှိတဲ့ အလုပ်အကိုင်တွေကို ရှာဖွေပေးနိုင်မှသာ ပြန်လာဖို့အတွက်   ကမ်းလှမ်းသင့်ပါသည်။ ထိုသူတွေအတွက်    အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်ပဲ  ပြန်လာဖို့ နှုတ်ပါးစပ်က ခေါ်ယုံနေလို့ကတော့ မည်သူကမှ ပြန်ဖို့စဉ်းစားသေးမည်မဟုတ်ဟု ကျနော့်အနေနဲ့ ယူဆမိပါတယ်။ 
သမ္မတကို ကျနော့်အနေနဲ့ သည်နေမှာ အနည်းငယ်အကြံပြုလိုသည်မှာ မိမိတိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူတွေရဲ့ လူမှု့ဘဝ အထိုက်အလျှောက်ဖူလုံမှုရှိလာအောင် အရင်ကြိုးစားပြီးမှသာ ပြည်ပမှာရှိနေတဲ့ တတ်သိပာရှင်တွေနဲ့ အလုပ်သမားတွေကို ဖိတ်ခေါ်ကမ်းလှမ်းပါလို့ အကြံပြုစေလိုပါတယ်။
ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခည်နှင့် နိုင်ငံရေးသမားများ 
စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခကြီးမားလာမှုကြောင့် နယ်စပ်ဒေသအသီးသီးမှာနေထိုင်နေကြရတဲ့ ဒုက္ခသည်များဟာ၊ တချို့ဆိုရင်နှစ်ပေါင်းကြမြေ့စွာနေထိုင်လာခဲ့ကြရတဲ့ ဒုက္ခသည်များရှိသလို၊ ပူပူနွေးနွေး စစ်ဘေးကြောင့်တိမ်းရှောင်လာခဲ့ကြရတဲ့ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်တွေလည်းရှိကြပါတယ်။
 ဒီလူတွေကို  ပြည်တွင်းမှာ ပြန်လည်နေရာချထားပေးဖို့နဲ့    ပြည်တွင်းကိုပြန်လာဖို့ဆိုတာ
လက်ရှိနိုင်ငံရေးအခင်းအကျင်းပေါ်မှာ တည်နေပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိပဲ ပြန်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးပါ၊
စစ်ဘေးဒုက္ခသည်တွေ မိမိဌါနေကိုပြန်လာဖို့ဆိုတာ     ပြည်တွင်းစစ်ကို ရပ်ဆိုင်းပေးရပါ့မယ်။ တပ်မတော်အနေနဲ့ ပြည်တွင်းစစ်ကို မရပ်ဆိုင်းပေးမချင်း၊ နယ်စပ်ဒေသစခန်းအသီးသီးမှာရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ   မိမိတို့ဌါနေကိုပြန်ဖို့ဆိုတာ မည်သူ
ကမျှ တွေးထားကြမည်မထင်ပါ၊ မည်သူကမျှ မိမိနေထိုင်ခဲ့သည့်ကျေးရွာတွေကိုစွန့်ခွါခဲ့ကြပြီး    ဒုက္ခသည်စခန်းမှာ ဒုက္ခမျိုးစုံတွေကို ခါးစီးခံပြီး ဒုက္ခသည်စခန်းမှာမနေလိုကြပါ၊ တတိယနိုင်ငံတွေက လက်ခံရင် တတိယနိုင်ငံသို့ ထွက်ခွါလိုသူများသာဖြစ်သည်။ 
ဒါမဟုတ် ကိုယ့်နိုင်ငံအေးချမ်းမည်ဆိုပါက မိမိနိုင်ငံတွင်သာ ကောင်ရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်ချင်သူတွေဖြစ်ကြသည်။ 
အကြောင်းအမျိုးကြောင့်နယ်စပ်စခန်းတွေမှာ ရောက်ရှိနေသူများကို ပြန်လည်လက်ခံမည်ဆိုလျှင်၊ ပြည်တွင်းစစ်ကို ရပ်ဆိုင်းပေးပြီး စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေကို တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးပြီးမှသာ တိုင်းရင်းသားခေါင်းဆောင်တွေက ပြန်လာဖို့အတွက်မီးစိမ်းပြလျှင် ထိုသူများအနေနဲ့ မိမိဌါနေကိုပြန်လာကြမည်ဖြစ်သည်။ ထိုသို့မဟုတ်ပဲ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်သေးဟု   ကျနော့်
အနေနဲ့ ယုံကြည်မိပါသည်။ 
ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံရေးနှင့် ပတ်သက်သည့် နိုင်ငံရေးသမားများလူတန်းစား
ကျနော်တို့ ပြည်ပမှာရောက်ရှိနေကြတဲ့ တော်လှန်ရေး၊ နိုင်ငံရေးနှင့် ဆက်နွယ်ပက်သက်နေသည့် လူတန်းစားများမှာ....ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူ၊ တပ်မတော်သားများနှင့် ၈၈ မျိုးဆက်များဖြစ်ကြသည်။ သမ္မတအနေနဲ့ မြန်မာပြည်ကို ပြန်လာဖို့ ၁၂. ၅. ၂၀၁၂ နေ့တွင် ဒုတိယအကြိမ်မြောက်ဖိတ်ခေါ်ကမ်းလှမ်းမှုမှာ      နိုင်ငံရေးသမားများဆို၍ သီးသန့်မပါဝင်သေးပေ။ 
 မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး( သို့ ) အသွင်ကူးပြောင်းစကာလမှာ အမိနိုင်ငံဖွံ့တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြည်ပရောက် တတ်သိပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ လူ့စွမ်းအားအရင်းမြစ် လိုအပ်နေတဲ့အတွက်ကြောင့် အလုပ်သမားတွေပြန်လာဖို့အတွက်  ၁၂. ၅. ၂၀၁၂ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ထပ်မံခေါ်ယူခဲ့ပြန်ပါတယ်။ နိုင်ငံရေးသမားများကို တရားဝင်ခေါ်ဆိုခြင်းမပြုသေးပါ။ သို့ပါသော်လည်း ၁၇. ၈. ၂၀၁၁ ရပ်နေ့- နေ့စွဲပါ ထုတ်ပြန်ထားတဲ့ ကတိခံဝန်ချက်မှာ....နိုင်ငံရေးသမားများကို ခေါ်ယူခြင်းမရှိသေးသော်လည်း၊ ကတိခံ
ဝန်ချက်များရဲ့ စာပါအကြောင်းရာများက နိုင်ငံရေးသမားများနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ကျနော်အနေနဲ့ သုံးသပ်မိပါသည်။
ကတိခံဝန်ချက်ရဲ့ စာပါအကြောင်းအရာများကား
( က ) နိုင်ငံတော်အား အကြည်ညိုပျက်စေသည့်အပြုအမူနှင့် ပြောဆိုမှုများကိုရှောင်ကျဉ်ရန်။
( ခ )   နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုကိုထိခိုက်စေမည့် လုပ်ဆောင်မှု၊
         လှုံဆော်ပြောဆိုမှု၊ ရေးသားဖြန့်ဝေမှုမပြုရန်။
( ဂ )  တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းမပြုရန်။
( ဃ ) အဖျက်အမှောက်လုပ်ရပ်များ ရှောင်ရှားရန်။
( င )  နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိ၍ ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ရန်ဆိုကာ
အဖအမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ အသိသက်သေများအမည်နဲ့ လက်မှတ်နှင့်အတူ ဝန်ခံကတိပြုသူအမည်နှင့် လက်မှတ်ရေးထိုးရမှာဖြစ်ပြီး၊
ထို- ခံဝန်ကတိပြုချက်ပါစာပိုဒ်များသည် နိုင်ငံရေးသမားများအား  တိုက်ရိုက်ရေးသားထားသောစာပုဒ်များဖြစ်နေပါသည်။ အကယ်၍ ပြည်ပမှာရောက်ရှိနေကြတဲ့ တတ်သိပညာရှင်၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့   အလုပ်သမားများအား ခေါ်ဆိုလျှင်၊ ယခုလို ခံဝန်ကတိရေးသားရန်လိုအပ်မည်မထင်ပါ။ ကျနော့်အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်များအား အလေးနက်ထား၍  သိစေ
လိုသည်မှာ ကျနော်တို့ပြည်ပတွင်ရောက်ရှိနေကြသည့်  နိုင်ငံရေးသမားများသည်အဖျက်အမှောက်လုပ်ငန်းများကိုလုပ်ကိုင်နေသူများမဟုတ်၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် လှုံဆော်မှုနှင့် ရေးသားဖြန့်ဝေခြင်း  လုပ်သူများ
လည်းမဟုတ်ပါ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းနေသူများသာဖြစ်ပါသည်၊  
 နိုင်ငံတော်အကြည်အညိုပျက်စေမည့် ဂုဏ်သိက္ခာကျမည့်လုပ်ရပ်တွေလည်းလုပ်မည်မဟုတ်ပါ။ ကောင်းမွန်စွာပြဌါန်းထားတဲ့   ဥပဒေဘောင်
အတွင်း လွတ်လွတ်လပ်လပ် အေးချမ်းစွာနေထိုင်လိုသူများသာဖြစ်ကြောင်းကို အလေးနက်ထား၍ သိစေအပ်ပါသည်။ ဒီနေရာမှာ အပုဒ် (ဂ) ပါစာအကြောင်းအရာအရ တရားမဝင်အဖွဲ့အစည်းတွေကို မဆက်သွယ်ရဆိုတာ...တရားမဝင်အဖွဲ့စည်းဆိုတာ ဘယ်လိုအဖွဲ့
စည်းမျိုးကိုဆိုလိုတာကို မရှင်းလင်းပါ၊ 
တချိန်က တရားမဝင်အဖွဲ့အစည်းဆိုတာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ABSDF အဖွဲ့အစည်းကို နိုင်ငံတော်အာဏာအား မတရားသိမ်းဆီးထားတဲ့ ( နအဖ ) မှခေါ်ဆိုခြင်းဖြစ်ပါတယ်။ အခုအခါမှာ ထိုတရားမဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်ခြင်မပြုရ အပုဒ် ( ဂ ) မှာဆိုထားသော်လည်း အခုချိန်ုအခါ အစိုးရကိုယ်တိုင် တရားမဝင်အဖွဲ့များနှင့် ဆက်သွယ်ပြီး အပစ်ခတ်ရပ်စဲရေးတွေ လုပ်နေပါပြီး။ ဗကသတို့ မြေသြဇာတို့၊ Generation Wave တို့ဆိုတာလည်းမြေပေါ်အဖွဲ့
အစည်းတွေဖြစ်ကုန်ကြပါပြီး၊ တရားမဝင်အဖွဲ့နဲ့ ဆက်နွယ်သူကိုဖမ်းချင်ရင် သမ္မတကိုယ်တိုင်ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို သမ္မတကိုတိုင်ဖမ်းမိန့်ထုတ်ပြီး ဖမ်းဆီးအရေးယူကာ  ကိုယ့်ကိုကိုယ်ပြန်ဖမ်းချင်ရင် ပြန်ဖမ်းလို့ရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ 
((( နောက်တခုက နိုင်ငံတော်တည်မငြိမ်ရေးနဲ့ တရားဥပဒေမစိုးမိုးရေးကို ဘယ်သူဘယ်ဝါတွေကဦးဆောင်ပြီးလုပ်နေတာလည်းဆိုတာ သမ္မတသိပါတယ် ))) 
ဒါကြောင့် ဒီ- ခံဝန်ကတိကို သမ္မတအနေနဲ့ မိမိအစိုးရအဖွဲ့ထဲမှာရှိနေတဲ့ ဂဏန်းသွား- သွားနေတဲ့ သက်ဆိုင်သူတွေကို လက်မှတ်ရေးထိုးခိုင်းရမှာဖြစ်ပါတယ်၊ ဒီခံဝန်ကတိပြုချက်ဟာ ကျနော်တို့တတွေနဲ့ မသက်ဆိုင်ပါဘူး။ ကျနော်တို့တတွေမှာ တိုင်းပြည်နဲ့ လူမျိုးကောင်းစားစေချင်တဲ့ ဆန္ဒကောင်းများသာရှိကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုး မကောင်းစားချင်တဲ့စိတ် စိုးစင်းမျှမရှိကြပါ၊ တိုင်းပြည်နဲ့ လူမျိုး မကောင်းစားစေချင်တဲ့ စိတ်ရှိသူတွေဟာ ဘယ်သူတွေလည်းဆိုတာ မပြောလည်း သိမည်ထင်ပါသည်။
ဒါကြောင့် ကျနော့်အနေနဲ့ သမ္မတဦးသိန်းစိန်အား အလေးအနက်ထား၍သိစေလိုသည်မှာ...သမ္မတတို့အစိုးရအဖွဲ့ထဲမှာလည်း ပြုပြင်ပြောင်းလဲရေးကို လုပ်လိုသူတွေနဲ့ ပြုပြင်ပြောင်းလဲရေးကိုမလုပ်လိုပဲ ဒရွတ်တိုက်သွားနေသူများရှိနေသလို၊ ကျနော်တို့ပြည်ပမှာရောက်
ရှိနေကြတဲ့နိုင်ငံရေးသမားတွေမှာလည်း  ဖောက်ပြန်တဲ့လူတန်းစားတွေရှိနေသလို၊ နိုင်ငံနဲ့ ပြည်သူအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိအဖို့အတွက် ယနေ့တိုင် ရိုးရိုးသားသားနဲ့ နိုင်ငံရေးလုပ်နေကြတဲ့   နိုင်ငံရေးသမားတွေရှိကြပါတယ်။ 
အခုချိန်ခါမှာ   ပြည်တွင်းကိုပြန်ဝင်သွားကြသူများနှင့်    ပြန်ဝင်ရန်တာစူနေသူများဟာ   အထူးသဖြင့်      လက်ရှိပြည်တွင်းနိုင်ငံရေးပြုပြင်ပြောင်လဲလာမှုကြောင့် ပြည်ပမှာဂွင်ရိုက်ရန် ဂွင်မရှိတော့၍ ပြည်တွင်းမှာ ဂွင်ပြန်ရိုက်ရန် ကြံရွယ်နေသူများက- များကြပါတယ်၊ 
အရိုးစိတ်ခံနဲ့ ပြည်တွင်းကိုပြန်ဝင်သွားသူနဲ့ ပြန်ဝင်ဖို့ဆိုတာ အခုချိန်ခါမှာ ခပ်ရှားရှားပဲဆိုရမှာပဲ၊ တကယ့် နိုင်ငံရေးကို ရိုးရိုးသားသား လုပ်ကိုင်နေသူများကတော့ နိုင်ငံအကျိုးထမ်း ရွက်ရန် ပြန်ချင်စိတ်ရှိကြပေမယ့် ပြန်လာဖို့အရေး လောလောဆယ်တော့မတွေးမိသေးပါ။
သမ္မတအနေနဲ့ ရင်ထဲက စိတ်ရင်းစေတနာမှန်နဲ့ အကြောင်းအမျိုးမျိုးကြောင့်        ပြည်ပမှာရောက်ရှိနေကြတ နိုင်ငံရေးသမားတွေနဲ့မြန်မာနိုင်ငံသားတွေကိုခေါ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ
 ပြုပြင်ပြောင်းလဲစရာရှိတာတွေကို ပထမအရင်ဦးစားပေးပြုပြင်ပြောင်းလဲပြီးမှသာ၊
နှုတ်စကားနဲ့ ကတိခံဝန်ချက်ထိုးခိုင်းပြီး  ပြန်လာဖို့ခေါ်ဆိုမျိုးခြင်းမဟုတ်ပဲ၊ ပြည်ပမှာရောက်ရှိနေကြတဲ့      မြန်မာနိုင်ငံသားများနှင့်နိုင်ငံရေးအရပြည်ပကိုရောက်ရှိနေကြတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီး- ချုပ်နှောင်- စုံစမ်းစစ်ဆေးမေးမြန်းခြင်း လုံးဝမပြုလုပ်ပါဘူးဆိုတဲ့ အာမခံချက်ရှိတဲ့ 
ထုတ်ပြန်ကြေညာချက် ( သို့မဟုတ် ) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတကာနဲ့ တစ်နိုင်ငံလုံးရှိ
ပြည်သူများသိအောင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များတွင် တရားဝင်ထုတ်ပြန်ကြေညာမှု့ပြုကာ ဂုဏ်သိက္ခာရှိစွာဖြင့် မိဘမောင်နှမ- ညီအကိုများ      လာရောက်ကြိုဆိုနိုင်ရန်အတွက်    ကြိုဆိုရေးစခန်းတွေဖွင့်ပြီး    မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့်   နိုင်ရာတာဝန်များကို ပြန်လည်ထမ်းရွက်ကြရန်     ပြန်လာကြပါလို့ ခေါ်ယူသင့်ကြောင်း ကျနော်အမြင်ကို သုံးသပ်ရေးသားတင်ပြလိုက်ရပါသည်။
東京スカイツリーライトアップ  Tokyo Sky Tree Light Up
၄၂နှစ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနား
၄၂နှစ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေကုက္ကိုမြိုင်ကျေးရွာတွင်
မေလ ၂၂ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။
Monday, May 21, 2012
46年ぶりの皆既日食・太平洋上
မုယယ်ဖဲရာဇ၀င်နှင့် ပုလင်းတူဗူးစွပ် ထိုင်းနဲ့ ဗမာ အပိုင်း (၃)
ထိုင်းရဟတ်ယာဉ် ၃ စင်း ဆက်တိုက် ပျက်ကျမှုအကြောင်း တပိုင်းတစ
               လေယာဉ်ပျက်ကျတဲ့နေရာဟာ ထိုင်းနိုင်ငံ ဖက်ဘူရီဒေသနဲ့ မြန်မာ နယ်ချင်းထိစပ်တဲ့ (ထိုင်းဘာသာအခေါ်..ဖွတ်ခေါင် ခီကချန် (Kaeng Krachan)။ ပိုးကရင်အခေါ် ..ခို့ လွန်လောင် ဖလွန့် ) တောင်တန်း..နယ်စပ်ဒေသမှာ ဖြစ်ပျက်တာပါ။တောင်တန်းရဲ့ ထိပ်မှာ လျှိုမြောင်အပေါက် အကျယ်ကြီးတွေရှိတယ်လို့ ဆိုပါတယ်။ 
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံရဲ့  နယ်စပ်မျဉ်းတလျှောက်မှာ များသောအားဖြင့် မြစ်၊ ချောင်းတွေနဲ့ ခြားထားတာများပေမဲ့  အဲဒီဒေသမှာ ချောင်းလည်းမရှိ မြစ် လည်းမရှိဖြစ်နေပါတယ်။ နယ်စပ်မှတ်တိုင်အနေနဲ့ တချို့ သတ်မှတ်ထားတာရှိ တယ်။ 
 တောတောင် ထူထပ်တဲ့နေရာဆိုရင် ဘာအမှတ်အသားမှ မရှိဘဲ ဟိုဘက်တောင်တလုံးဟာ ထိုင်းဘက်ခြမ်း၊ ဒီဘက်တောင်တလုံးဟာ မြန်မာဘက်ခြမ်းလို့ ဒေသခံတွေက ခန့် မှန်းပြီး သွားလာနေကြပါတယ်။ အထူးသဖြင့် ဒေသခံကရင်လူမျိုးတွေက ဒီလိုဘဲသွားလာလှုပ်ရှားနေကြတယ်။ငှင်းဒေသ တ၀ိုက် မှာ နေထိုင်တဲ့ကရင်လူမျိုးတွေဟာ ရာစုနှစ်ပေါင်းအတော်ကြာ အခြေချနေထိုင်လာခဲ့တယ်လို့ ဆိုပါတယ်။
 သမိုင်းကြောင်းအရ ငှင်းဒေသမှာ နေတဲ့ကရင်လူမျိုးတွေဟာ ရှုပ်ထွေးတဲ့နေရာ၊ စစ်ဖြစ်တဲ့နေရာတွေကို တိမ်းရှောင်ရင်း ဘေးကင်းလုံခြုံတဲ့နေရာကို ပြောင်းရွေ့ အခြေချနေထိုင်တာဖြစ်ပြီး တောင်ယာခုတ်တဲ့
အလုပ်နဲ့  ဘိုးစဉ်ဘောင်ဆက်ကတည်းက ယနေ့ ထက်တိုင် အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
 တောတောင်တွေကို အမှီသဟဲပြုလာတဲ့ ကရင်လူမျိုးတွေဟာ ယခင်က သူတို့ ခုတ်တဲ့တောင်ယာတွေ
ဟာ .သူတို့ ရဲ့ ကိုယ်ပိုင်ရေမြေဖြစ်ပေမဲ့..ခေတ်တွေပြောင်းလာပြီး ထိုင်းနဲ့ ဗမာ ကိုယ်ပိုင်နိုင်ငံတွေ ထူထောင်ပြီး နှစ်နိုင်ငံနယ်စပ်မျဉ်းသတ်မှတ်တဲ့အချိန်မှာတော့ ဒီရေမြေ ဒီဒေသဟာဖြင့် မြန်မာအစိုးရပိုင်၊ ဟိုမြေဟိုဒေသအားဖြင့်တော့ထိုင်းအစိုးရပိုင်ဖြစ်သွားပါတယ်..။.
ရာစုနှစ်ပေါင်းများစွာ နေလာခဲ့တဲ့ကရင်လူမျိုးတွေဟာလည်း သူများနိုင်ငံမှာ တရားမ၀င်နေထိုင်မှုဘ၀နဲ့  ရောက်လို့ ရောက်မှန်းမသိ ရောက် သွားခဲ့ရပါတယ်။အမှန်စင်စစ် ငှင်းဒေသတ၀ိုက်မှာ မြန်မာပိုင်နက် ၊ ထိုင်းပိုင်နက်တွေလို့  သတ်မှတ် ထားပေမဲ့ ဗမာလူမျိုးတွေ ထိုင်းလူမျိုးတွေ အခြေချနေထိုင်ခဲ့ဖူးတာမရှိဘဲ ကရင်လူမျိုးတွေကသါ ရာစုနှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့ပါတယ်။
 ခေတ်ကါလတွေပြောင်းပေမဲ့ ငှင်းဒေသမှာရှိတဲ့ ဒေသခံကရင်လူမျိုးတွေကတော့ ဘိုးစဉ်ဘောင်ဆက် ကတည်းကနေ ယနေ့ ထက်ထိ တောင်ယာခုတ်၊သစ်ခုတ်ဝါးခုတ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း
ပြုနေကြတုန်းပါဘဲ။ မိမိဘ၀ရပ်တည်ဖို့  တ၀မ်းတခါးထမင်းတနပ်အတွက် တောင်ယာစိုက် သစ်ခုတ်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတာဟာ လောဘရမ္မက်ကြီးမားတဲ့ သစ်ခုတ်(ကုပ္ပဏီ)တွေထက်စာရင် ဘာမှမပြောပလောက်ပါဘူး။
ထိုင်းအစိုးရကတော့  ထိုင်းနိုင်ငံသားခံယူထားတဲ့ ကရင်လူမျိုးအပါအ၀င် ဒီလိုမျိုးရာစုနှစ်နဲ့ ချီ အခြေချနေ ထိုင်တဲ့ကရင်လူမျိုးတွေကို ``မင်းတို့ ကြောင့် ငါတို့ နိုင်ငံ သစ်တောတွေပြန်းတီးရတယ်``ဆိုလို့ အပြစ်၊ အနာစာတွေရှာလေ့ရှိပါတယ်။
တခါ ထိုင်းတော်ဝင်မင်းသားရဲ့ အမိန့် တော်နဲ့ ဆိုပြီး ငှင်းဒေသမှနေထိုင်တဲ့ ကရင်လူမျိုးတွေကို ငှင်းတို့ နေထိုင်တဲ့ဒေသကနေ အတင်းအဓမ္မ ပြောင်းရွေ့ ခိုင်းပါတယ်။ ကရင်လူမျိုးတွေနေတဲ့ အိမ်ယာတွေကို မီးရှို့ ဖျက်ဆီးရုံမက ကရင်မိသားစုအချို့ မှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက စုစည်းထားတဲ့ ငွေသား(ငွေသားစစ်စစ်)တွေကိုပါ ခိုးယူလုယက်ခြင်းခံခဲ့ရပါတယ်။ သူ့ မြေပေါ် မှာနေတဲ့အတွက်ကြောင့် ဒီလိုမျိုးအနိုင်ကျင့်စော်ကားခံခဲ့ရတာကို ကရင်လူမျိုးတွေက ထိုင်းလူမျိုးတွေ အပေါ် ဘာမှတုံ့ ပြန်မှုမပြုခဲ့ပါ။
 ထိုင်းရဟတ်ယာဉ် ပထမအစင်းပြုတ်ကျတုန်းက နယ်စပ်ဒေသကို ကင်းလှည့်ရင်းနဲ့ ပြုတ်ကျသွားတာပါ။ ဒုတိယအစင်းကတော့ ပထမအစင်းမှာပြုတ်ကျတဲ့ လူသေအလောင်းတွေကို သွားရောက်သယ်ယူဖို့ ပါ။ တတိယအစင်းလည်း ထို့ နည်းလည်းကောင်းပါဘဲ။ အသက်မသေဘဲ ကျန်နေတဲ့ ထိုင်းသတင်းထောက် တဦးရဲ့ အပြောအရတော့ လေယာဉ်ဟာ``ခီကချန်``လို့ ခေါ်တဲ့တောင်ကုန်းပေါ်ရောက်တာနဲ့ လေယာဉ်
ရဲ့ ရှေ့ မှာ မဲမှောင်တဲ့အရာတွေဘဲမြင်ရပြီး လေယာဉ်လည်း ရှေ့ ကိုမသွားနိုင်ဘဲ ပြုတ်ကျသွားတဲ့ အထိ လို့ ဆိုပါတယ်။
ငှင်းရဟတ်ယာဉ်ပြုတ်ကျတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ တွေ ၊ ဒေသခံကရင်တွေအပေါ် ထိုင်းအစိုးရက သံသယစိတ်တွေ ထွက်ပေါ်လာပါသေးတယ်။ရဟတ်ယာဉ်အပေါ် အသက်ရှင် ကျန်သူရစ် သူက လေယာဉ်ဟာ ပစ်ခတ်မှုကြောင့်ပျက်ကျခြင်းမဟုတ်ကြောင်းမီဒီယာတွေကို ပြောပေးရတဲ့အထိပါ ဘဲ။ အဲဒီနောက်ပိုင်း ရဟတ်ယာဉ်ပျက်ကျတဲ့သတင်းလည်း တိတ်သွားပါတယ်။
 အချို့ လူတွေက ရဟတ်ယာဉ်ပျက်ကျတဲ့တောင်ကုန်းဟာ သံလိုက်ဓါတ်ရှိလို့ ဒီလိုမျိုးဖြစ်ရတယ် လို့ ပြော ဆိုကြပါတယ်။ ဘုရားတပိုင်းနတ်တပိုင်း ကိုးကွယ်တဲ့တချို့ ထိုင်းလူမျိုးတွေ ကတော့ တောစောင့် နတ်၊
 တောင်စောင့်နတ်တွေက လုပ်လိုက်တာလို့ အရပ်တွေမှာ ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ ထိုင်းလူမျိုးတွေမသိတဲ့အကြောင်းအရာတခုက ကရင်လူမျိုးတွေမှာ သစ္စာတရား၊ အမှန်တရားတွေရှိ တယ်။ငှင်းတရားတွေက ကရင်လူမျိုးတွေကို ကါကွယ်စောင့်ရှောက်တယ်ဆိုတဲ့ အချက်တခုပါဘဲ။ ဒီနေ ရာမှာ တောင်ပေါ်ကရင်တွေ ဂါထါမန္တာန်တွေ အစွမ်းထက်တယ်လို့ အချို့ တွေကြားဘူးနားဝရှိမှာပါ။ စွမ်းလား မစွမ်းလားဆိုတာကတော့ လူပေါ်မှာဘဲမူတည်ပါတယ်။ များသောအားဖြင့် တောင်ပေါ်ကရင်တွေ ဟာ ကိုယ်ကျင့်တရားတွေ၊ သစ္စာတရားတွေကို လက်ကိုင်ပြုထားတယ်။ ကိုယ်တိုင်ကျင့်ကြံတယ်။ သူတပါးကို ပျက်ဆီးစေလိုသောစိတ်တွေ မကာင်းတာတွေ ဘယ်တော့မှ မကြံစည်ဘူး အရင်မလုပ်ဘူး။ ဒါပေမဲ့ သူတို့ ရဲ့ ကောက်ပဲသီးနှံ၊ဆန်စပါးတွေကို ခွင့်မတောင်းဘဲ ခိုးယူဖျက်ဆီးတာ၊ သူတို့ ရဲ့ ဘ၀တွေ၊ အသက်တွေကို စော်ကားဖျက်ဆီးလာပြီးဆိုရင်တော့...သူတို့ နှလုံးသားမှာ လက်ကိုင်စွဲထားတဲ့ သစ္စာ တရားတွေနဲ့ တောတောင်ရေမြေ၊ ကမ္ဘာလောကကြီးတွေကို သစ္စာပြုတိုင်တည်လိုက်ရုံမျှနဲ့ မိမိပစ္စည်းတွေ ကို ခိုးယူဖျက်ဆီးတဲ့သူ၊ မိမိကို မကောင်းတာလုပ်တဲ့သူ၊ ကြံစည်တဲ့သူပေါ်မှာ လုံးဝ တန်ပြန် အကျိုးတွေ သက်ရောက်သွားပါတော့တယ်။ အမှန်တရား သစ္စတရား ကိုင်စွဲထားတဲ့လူဟာ နှုတ်အစွမ်း အလွန် ထက်မြက်ပါတယ်။ဒါက ယုံချင်ယုံ မယုံချင်နေ၊ ကြုံဖူးမှသိမယ်။
ထိုင်းနိုင်ငံကျဆုံးခန်း
၁။ သဘာဝဘေးအန္တရာယ်၊ ကပ်ဆိုးတွေကြောင့် ပျက်သုန်းမည့် ထိုင်းနိုင်ငံ
            စက်ရုံအလုပ်ရုံများမှ ထွက်ပေါ်လာတဲ့ အန္တရာယ်ရှိတဲ့ စွန့် ပစ်ပစ္စည်းတွေ လေထုညစ်ညမ်းမှုတွေ ၊နေအိမ်အဆောက်အအုံ ထူထပ်မှုကြောင့် ကြောက်မက်ဖွယ်ရာ မီးဘေးအန္တရာယ်...စတဲ့အန္တရာယ်များ ထက် ယနေ့ ထိုင်းလူမျိုးတို့ အကြောက်ဆုံး သဘာဝဘေးအန္တရာယ်က ၂၀၁၁ ရေကြီးမှုကြီးကနေ ငှင်းတို့  မျက်ဝါးထင်ထင် မြင်တွေ့ ရတဲ့ သဘာဝဘေးဆိုးကြီးဘဲဖြစ်တယ်။ ၂၀၀၅ ဒီဇင်ဘာ ဆူနာမစ်ဒီလှိုင်းတွေ ထက် ဘန်ကောက်မြို့ အပါအ၀င် နိုင်ငံအနှံ့ ရေကြီးတာကို ထိုင်းလူမျိုးတွေက ပိုပြီးကြောက်ရွံ့ တာပါ။ 
ယနေ့ ကမ္ဘာတလွှားမှာ ရာသီဥတုတွေဖေါက်ပြန်လာတာနဲ့ အမျှ မိုးခေါင်တဲ့ဒေသမှာ မတရားခေါင်ပြီး မိုးရွာတဲ့အချိန်မှာ မတရားရွာ၊ အဆောက်အဦးတွေ ရေအောက်နှစ်မြုပ်သွားအောင် ဖြစ်သွားတာ ဖြစ်လေ့   ဖြစ်ထရှိပေမဲ့ ထိုင်းနိုင်ငံကတော့ အဲဒီထက်ကို ကျော်လွန်နေပါတယ်။ ထိုင်းနိုင်ငံဟာ နှစ်စဉ်ရေကြီးမှုဒဏ် ကို ခံနေရပေမဲ့ ၂၀၁၁ ရေကြီးမှုဒဏ်ဟာ ထိုင်းလူမျိုးတွေကို သံဝေဂတရားတွေ ရစေတာအမှန်ပါဘဲ။ သဘာဝဘေးအန္တရာယ် ပြသနာကနေ နိုင်ငံရေးပြသနာအထိ ရိုက်ခတ်လာခဲ့ပါတယ်။
 ထိုင်းနိုင်ငံရဲ့ ပထ၀ီအနေအထားဟာ ``မဲ့နမ်းကျောက်ဖယား``လို့ ခေါ်တဲ့ မြစ်မကြီးတစင်းဟာ ထိုင်းနိုင်ငံ ရဲ့ မြောက်ပိုင်းကနေ တောင်ပိုင်းပင်လယ်ဝရှိရာ ဘန်ကောက်မြို့ မှာ စီးဆင်းနေပါတယ်။ ကျောက်ဖယားမြစ် ဟာ မြန်မာနိုင်ငံရှိ သံလွင်မြစ်တွေလို လျှင်မြန်စွာစီးဆင်းတဲ့ မြစ်တစင်းမဟုတ်ဘဲ ၊ မိုးရာသီရော နွေရာသီပါ ပင်လယ်ရေအတက်အကျပေါ်မူတည်ပြီး ရေဆင်းနှုန်းရေကျနှုန်း အတူတူလောက်ဘဲဖြစ်တယ်။ ဆိုလို တာက ပင်လယ်ပြင်ဝမှာ တည်ရှိနေတဲ့ ဘန်ကောက်မြို့ (ခရိုင်)ကနေ မြစ်ရဲ့ ဆန်တက်ရာအတိုင်း နွန်ထ ဘူရီခရိုင်၊ ပထွန်ဌာနီခရိုင်၊ အယုဒ္ဒယခရိုင် တွေဟာ ပင်လယ်ရေပြင်အမြင့်နဲ့ သိပ်မကွာတော့ တာကြောင့်
 မြစ်ဟာ ရေစီးသိပ်မသန်တော့တာဖြစ်တယ်။ 
 ဘန်ကောက်မြို့ ကို အလှချယ်သထားတဲ့ ကျောက်ဖယားမြစ်ပေါ်မှာ အလုပ်အရဘဲဖြစ်ဖြစ်၊ အပျော်စီး အရဘဲဖြစ်ဖြစ် စက်လှေတွေစီးဘူးတဲ့သူတွေဆိုရင် ခန့် မှန်းလို့ ရနိုင်ပါတယ်။ နွန်ထဘူရီနေ ဖါ့ပဒဲဒေသ အထိ လှေနဲ့ သွားလာလို့ ရပါတယ်။ နိုင်ငံခြားသားတွေအတွက်သည်းခြေကြိုက်ခရီးစဉ်တခုဖြစ်ပြီး လှေပေါ် ကနေ ဘန်ကောက်မြို့ ရဲ့ ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်တဲ့ခရီးစဉ်တခုဖြစ်ပါတယ်။ လှေဆိပ်တွေ တလျှောက် ဒီရေတက်တဲ့အချိန်နဲ့ တိုက်ဆိုင်ရင် မြစ်ထဲကရေတွေ ကါးလမ်းမပေါ်အထိ လျှံတက် သွားတတ်ပါတယ်။  ဘန်ကောက်ခရိုင်နဲ့ နယ်ချင်းထိစပ်တဲ့ စမူပကါ၊ စမူဆာခေါ၊ နွန်ထဘူရီ၊ ပထွန်ဌာနီ စတဲ့..စတဲ့ဒေသတွေမှာ မူလမြေပြင်ဟာ တောင်ကုန်းတောင်တန်းလုံးဝမရှိဘဲ လယ်ကွက်တွေ၊ ရေ ကန် ရေအိုင်တွေနဲ့ ပြည့်နက်နေပါတယ်။ မည်သည့်အဆောက်အဦး မည်သည့်လမ်းတွေမှ မြေမဖို့  ထားဘဲ ဆောက်လုပ်လို့ မရပါဘူး။
 ၂၀၁၁. ထိုင်းနိုင်ငံ ရေကြီးမှုမှာ ဘန်ကောက်မြို့ (ခရိုင်)၊ အပါအ၀င် ငှင်းနဲ့ နယ်ချင်းထိစပ်တဲ့ ရေကြီးမှုဒဏ် အကြီးအကျယ်ခံရတဲ့ ခရိုင်လေး ငါးခုမှာ နေထိုင်ကြတဲ့ထိုင်းလူမျိုးတွေ ယခင်သာမန်ရေကြီးမှုတွေမှာ စိုးရိမ်စိတ်တွေ မပေါ်ခဲ့ဘူးတဲ့ စိုးရိမ်ထိပ်လန့် မှုကြီးတခုကို ကြိုပြီး စိုးရိမ်ထိပ်လန့် နေပါတယ်။ အထူးသဖြင့် ဘန်ကောက်မြို့ သူမြို့ သားတွေပါ.။ နဂိုမူလက ဒီနေရာဟာ လယ်ကွက်တွေ၊ ရေကန်၊ အင်းအိုင်တွေပေါ် မှာ မြေတွေဖို့ ၊အဆောက်အဦးဆောက်ပြီး မြို့ ပြတည်ထားတာပါ။မာကျောတဲ့မြေကြီးတွေရှိတဲ့ အရပ်ဒေ သမဟုတ်ပါဘူး။ မြေပျော့တွေအပေါ်မှာ ဧရာမအဆောက်အဦကြီးတွေ မှိုလိုပေါက်နေတော့ ဒီအဆောက် အဦကြီးတွေရဲ့ လေးလံတဲ့ဝန်ကို မြေပျော့ကြီးက မနိုင်တဲ့ဝန်ကို ထမ်းထားသလိုဖြစ်နေပါတယ်။ ဒီကြား ထဲ ရေထုကြီးက ထပ်ဝင်လာတော့ မြေထုက ပိုပြီးမနိုင်မနင်းဖြစ်လာပြီး၊ နဂိုကတည်းက ပင်လယ်ရေ မျက်နှာပြင်နဲ့ သိပ်မကွာလှတဲ့ ဘန်ကောက်မြေဒေသဟာ အဆောက်အဦးတွေဝန်နဲ့ ရေထု ရဲ့ ဝန်
 နှစ်ခုပေါင်းတော့ မြေထုကြီးဟာ မခံနိုင်တော့ဘဲ ပြိုကျပျက်ဆီးပြီး၊ ကမ္ဘာမြေထုရဲ့ အောက်ကိုလျှော ကျပျက်ဆီးပြီး နောက်ဆုံးတော့ ပင်လယ်ရေပြင်ရဲ့ အောက်ကို လုံးဝနှစ်မြုပ်သွားပါတော့တယ်။ အဲဒီအချိန်မှာ ထိုင်း(ယိုးဒယား)နိုင်ငံရဲ့ မြို့ တော် ဇ၀ါဒီမြို့ တော် ဘန်ကောက်မြို့ ဟာလည်း မြေမြိုခြင်း   ရေလွှမ်းခြင်းခံရပြီး ရာဇ၀င်ထဲမှာဘဲ ကျန်ရစ်ခဲ့တော့မှာပါ။
ဘယ်လိုဘဲဖြစ်ဖြစ် သဘာဝဘေးအန္တရာယ် ကပ်ဆိုးတွေဆိုတာ ဘယ်အချိန်မှာ လာမလဲဆိုတာ လူသားတွေကို ကြိုတင်အကြောင်းကြားတာမဟုတ်ပါ။ ကမ္ဘာ့ပင်လယ်ရေတွေ မြင့်တင့်လာမှု၊ ထိုင်းနိုင်ငံရဲ့ နှစ်စဉ် ကြောက်ခမန်းလိလိ ရေကြီးမှုဖြစ်စဉ်တွေဟာ နိုင်ငံရဲ့ ပျက်သုန်းမှုကို ဦတည်နေပါတယ်။
 ၂။ နိုင်ငံရေးကြောင့် ပျက်သုန်းမည့် ထိုင်းနိုင်ငံ
 ထိုင်းနိုင်ငံရဲ့  လက်ရှိနိုင်ငံရေးအကြောင်းကို ဒီဆောင်းပါးရဲ့ အပိုင်း(၂)မှာ တချို့ ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုဆက်လက်ပြီး ကျန်တဲ့ရှုထောင့်တချို့ ကို သုံးသပ်ကြည့်ရအောင်။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ခွန်းယင်ရပ် လက်ထက်မှာ သူမရဲ့ အတိုက်အခံအင်အားစုတွေ(ရှပ်ဝါအုပ်စု အပါအ၀င်) ငြိမ်နေသလိုထင်နေရပါတယ်။ ဒါပေမဲ့ ပြာဖုံးတဲ့မီးခဲတွေဆိုတာ မမေ့သင့်ပါဘူး.။ ယင်ရပ် အစိုးရဘာလုပ်လုပ် သိပ်ပြီးမထောက်ပြသေးပါ။ ဒါပေမဲ့ သုံးသပ်သူတချို့ က ခွန်းယင်ရပ်အစိုးရနဲ့  သူမရဲ့ အကို ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ထပ်စင်ချင်န ၀ါထရာကို ကြိုးနည်းနည်း ရှည်ရှည်လှန်ထားပြီး အကွက်ပိုင်မှ တခါတည်းအပိုင်ကိုင်လိုက်မှာ ဖြစ်ပါတယ်။
  ခွန်းယင်ရပ်နဲ့ သူမရဲ့ အစိုးရကရော ဘာတွေလုပ်နေလဲ...နိုင်ငံစီးပွါးရေးဖွံ့ ဖြိုးတိုးတက်အောင် ၊စိတ်ဝမ်း ကွဲနေတဲ့ ထိုင်းနိုင်ငံသားတွေ ပြန်လည်သင့်မြတ်အောင် အစွမ်းကုန်ကြိုးပမ်းတယ်လို့ ဆိုဘဲ။ ဒါပေမဲ့အပြော တခြားအလုပ်တခြား ဖြစ်နေပြန်ပါတယ်။ နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မွမ်းမံဖြည့် စွက်တယ်လို့ ဆိုပြီး ပြည်ပြေးဝန်ကြီးချုပ် ထပ်စင်တယောက် ယခင်အစိုးရက ချမှတ်ထားတဲ့ထောင်ဒဏ် အပါအ၀င် ပြစ်ဒဏ်တွေကို လွှတ်ငြိမ်းချမ်းသာခွင့်ရဖို့ ၊ ယခင်အစိုးရလက်ထက်က သိမ်းဆည်းထားတဲ့ ထပ်စင်ရဲ့ ငွေကြေးဓနတွေကို ပြန်လည်ရရှိဖို့ ၊ ထပ်စင်ပြည်ပြေးဘ၀ရောက်ပြီးနောက်ပိုင်း သူ့ ရဲ့ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခံထားရာကနေ နိုင်ငံရေးပြန်လုပ်ခွင့်ရဖို့  စတာတွေဘဲ ဦးစားပေးလုပ်ဆောင်နေပါတယ်။ 
တဖက်မှာလည်း စစ်တပ်ကနေပြီးတော့ နောက်တခေါက် အာဏာသိမ်းမှု ထပ်မလုပ်နိုင်အောင်၊ တော်ဝင်မိသားစုကနေပြီး နိုင်ငံရေးကို ၀င်ရောက်မစွက်ဖက်နိုင်
 အောင်၊အတိုက်အခံအင်အားစုတွေ ခေါင်းမထောင်နိုင်အောင် စတာတွေကို ကြိတ်ပြီးကြံဆောင်နေ ပါတယ်။
 တကယ်တော့ ထိုင်းနိုင်ငံသားတွေဟာ ရှပ်နီနဲ့ ရှပ်ဝါအုပ်စုလို့ လူသိများတဲ့ ဆန့် ကျင်ဘက်အင်အားစုနှစ်စု 
လုံးဟာ ခေသူတွေတော့ တစုမှမဟုတ်ပါဘူး။ အဲဒီ မခေတဲ့အတွက်ကြောင့်မို့ လို့ နိုင်ငံရဲ့ ပျက်သုန်းခြင်းကို ဦးတည်နေတာပါ။ ထိုင်းနိုင်ငံရဲ့ အမျိုးသားရေးပြန်လည်သင့်မြတ်ဖို့ အတွက် လမ်းစတွေလုံးဝမမြင်သေးပါ။ 
တနေ့ မဟုတ်တနေ့ တော့ ပွဲကြီးပွဲကောင်းတွေ ပြန်နွှဲကြအုံးမယ်လို့  ကြိမ်းဝါးနေကြပါတယ်။ နှစ်ဖက်စလုံး က သက်ဆိုင်ရာအစိုးရတွေ ပေးထားတဲ့သင်ခန်းစာတွေ ကောင်းကောင်းရထားလေတော့ နောက်တခေါက်
ယခင်လိုမျိုး မခံရအောင် ဘက်ပေါင်းစုံကနေ အစွမ်းကုန် ပြင်ဆင်ထားကြပါတယ်။ ဒီတခေါက် တွေ့ ဆုံ
မဲ့ပွဲမှာ တဖက်ဖက်ကညံ့ရင်တော့ အဲဒီညံ့တဲ့ဘက်ဟာ ဆွေစဉ်မျိုးဆက်ခေါင်းမမော့နိုင်အောင် ဆုံးမခြင်း ခံရမှာသေချာတယ်။
 ထိုင်းနိုင်ငံရေးနဲ့ တော်ဝင်မိသားစုရဲ့ အခန်းကဏ္ဍကို ပြန်ကြည့်ရအောင်ပါ။ လက်ရှိထိုင်းဘုရင်မင်းမြတ် ဘူမိဘောဟာ ထိုင်းပြည်သူတွေက ဘုရင်တဆူအနေနှင့်တင်မကဘဲ ဘုရားတဆူပမာ ချစ်ခင်လေးစား၊ ယုံကြည်ကိုးစားကြပါတယ်။ နိုင်ငံရေးပြသနာတွေပေါ်တိုင်း ထိုင်းနိုင်ငံရေးသမားတွေက ဖြေရှင်းလို့ မရ တဲ့အဆုံး ဘုရင်မင်းမြတ်က ကြားကနေ နှစ်ဦးနှစ်ဘက် အဆင်ပြေဖို့ ကြားဝင်ဖြန်ဖြေပေးလေ့ရှိတယ် လို့ ဆိုပါတယ်။
 ပြည်ပြေးဝန်ကြီးချုပ် ထပ်စင်၊ အာဏာသိမ်းခံရတဲ့နောက်ပိုင်း၊ ရှပ်နီအုပ်စုတွေ နှိပ်ကွပ်ခံ ရတဲ့နောက်ပိုင်းမှာတော့ ဘုရင်စနစ်ကို ကန့် ကွက်ဝေဖန်၊ပုတ်ခတ်တဲ့အသံတွေ တဖြည်းဖြည်း ကျယ်လောင်လာပါတယ်။ ဘုရင်စနစ်ကိုပုတ်ခတ်တဲ့ ၀ပ်ဆိုဒ်တွေလည်း ဘုရင်သစ္စာခံတပ်တွေ လိုက်ပိတ် လို့ မနိုင်အောင် ပလူပျံနေပါတယ်။ ထိုင်းလူမျိုးတွေရဲ့ နကိုယ်စိတ်ရင်းက ဘုရင်ကို ချစ်ခင်လေးစားပြီး သားဖြစ်တယ်။ ဒါပေမဲ့ ပြည်ပြေးထပ်စင်ရဲ့ စနက်ကြောင့်သါ ဘုရင်စနစ်ကို ဝေဖန်ပုတ်ခတ် တာ၊ နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲပြားတာတွေ ပိုလို့ ...ပိုလို့ ကျယ်ပြန့် လာတာဖြစ်ပါတယ်။
 လက်ရှိဘုရင်မှာလည်း အသက်တွေကြီးလာတာနဲ့ အမျှ ကျန်းမာရေးလည်းအလွန်ချူချာလာပြီးဖြစ်ပါတယ်။ တိုင်းပြည်အေးချမ်းအောင် အစဉ်ထိန်းသိမ်းလာတဲ့ ရှင်ဘုရင်တပါး ``ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ ရင်ဖြင့်.` `..လို့ ဆိုတဲ့ စိုးရိမ်စိတ်၊စိုးရိမ်တဲ့ အတွေးတွေကလည်း ထိုင်းလူမျိုးတွေရဲ့ ဦးနှောက် ၊ နှလုံးသားမှာ နေရာ ယူလာပါတယ်။ ဘုရင်ကြီးပျံလွန်တော်မူရင် ကျန်ရစ်တဲ့ မိဖုရား၊သမီးတော် သားတော်တွေက နိုင်ငံရဲ့ ငြိမ်း ချမ်းရေးကို ဆက်ထိန်းနိုင်မလား။ ဘုရင်စနစ်ကို ဝေဖန်တဲ့ဝပ်ဆိုဒ်ထဲက ဆိုရင်တော့ ဘုရင့်သားတော် ကလည်း တိုင်းပြည်မှာရှိတဲ့ အချောအလှတွေနဲ့  မပါတ်သက်ဖူးတာမရှိသလောက်ဘဲဆိုတော့ တိုင်းပြည်ငြိမ်းချမ်းမှုကို စွမ်းဆောင်နိုင်ပါမလားဆိုတာ တွေးစရာပါ။
        ကရင့်အလှဘုရင်မလေး မုယင်ဖဲ တိုက်ထားတဲ့ကျိန်စာနဲ့ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံရဲ့ အနေ အထားမှာ  `` မိမိပြုခဲ့သော အကုသိုလ်ကံဟာ ဘယ်ကုသိုလ်တရားမှမကယ်ယူနိုင်သလို ဘုရားလည်း မကယ်နိုင်ပါ``ဆိုတဲ့တရားသဘောအတိုင်း ထိုင်းလူမျိုးတွေ အကုသိုလ်အကျိုးပေးဖို့ အချိန်ရောက်လာပြီး၊ အလှည့်ကျရောက်လာပြီးဆိုရင်တော့ အလှည့်ကျမနွှဲ့ စတမ်း။ ကိုယ့်အကုသိုလ်ကံနဲ့ ကိုယ်ဘဲပေါ့။
မန်းဒဲ့ ဒိုး
19/05/2012.
UNFC တောင်းဆိုချက်
RFA TV May 18, 2012
イタリアでM6.0の地震、6人死亡
イタリアでM6.0の地震、6人死亡
イタリア北部のボローニャ近郊で20日、マグニチュード6.0の地震があり、少なくとも6人が死亡しました。
 アメリカ地質調査所によりますと、現地時間の20日午前4時ごろ、イタリア・ボローニャの北西35キロを震源とする地震がありました。地震の規模を示すマグニチュードは6.0、震源の深さはおよそ5キロと推定されています。
 ロイター通信によりますと、ボローニャでは家屋や教会などが倒壊するなどの被害が出ていて、少なくとも6人が死亡しました。また、余震とみられるマグニチュード5程度の地震が相次いで起きていて、当局は住民に対し、引き続き警戒を呼びかけています。
 ボローニャには、多くの日本人観光客が訪れますが、これまでに日本人が被害にあったという情報は入っていません。(21日03:42)
Friday, May 18, 2012
ကဲစစ်အာဏာရှင် အဓမ္မ၀ါဒီ တဦးကတော့ - အမြင်မှန် ရပြီးဓမ္မဘက်ကို ခိုလှုံလိုက်ပြီ
အစိုးရအဖွဲ့  တင်းမာသူ ဦးတင်အောင်မြင့်ဦး သံဃာ့ဘောင်သို့  ခိုလုံ
Thursday, May 17, 2012
မြန်မာ အစိုးရ ဒုသမ္မတ ဟောင်း ဦးတင်အောင်မြင့်ဦး သည် ရာသက်ပန် သံဃာ့ဘောင်သို့ ဝင်သွားပြီ ဟု အစိုးရ အရာရှိ တစ်ဦးက AFP သို့  အတည် ပြု ပြောကြားသည်။
စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီးများသည် လဒ်စားမှုများ ချစားမှုများ တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစား နိုင်ငံအတွင်းမှာ လုပ်ငန်း အမြောက်အများ ပိုင်ဆိုင်ထားကြပြီး မိမိတို့ ဆွေမျိုး တစုသာ ချမ်းသာ စီးဇိမ်ရစ် ခဲ့ကြပြီး လုပ်ချင်သလို လုပ်လို့မရတော့ ကျမ်းမာရေး အကြောင်းပြ ခန္ဓာပျက်စီး လာတော့မှ ဘုရားတကာ ရာသက်ပန် သံဃာ့ဘောင်သို့ ဝင်သွားတိုင်း နိဗ္ဗာန်ကို မမြင်နိုင် အ၀ိဇ္ဇာ နှင့်တဏှာဖုံး၍ မိမိတို့ မိုက်မဲမှုကြောင့် ပြည်သူပြည်သားများ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲ ရောက်ခဲ့ ကြရပြီး ပြည်သူ့ မေတ္တာ စူးရှစေခဲ့ရလေမည်။နောင်တ နောင်မှရဆိုသည့်အတိုင်း သံသရာမကူးကင် ယခုဘ၀မှာပင် ဘ၀ငရဲ ပေးဆပ် ရမည်။ မတည်မြဲသော ရာထူးဂုဏ်ရှိန်တို့ ဖြင့် မောက်မာ သတ်ဖြတ် ခဲ့ကြသူတို့ ၏ နောက်ဆုံး သွားရာလမ်းသည် ငရဲမှအပ တခြားမရှိပေ။
သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။
ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်အဆင့်ထိရာထူးတိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ စက်တပ်ထားရတဲ့ သမ္မတ ဦးသိန်းစိန် မူးလဲတယ်ဆိုတဲ့သတင်းနဲ့ တဆက်ထဲ သမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဒီလိုမူးလဲတာဟာ ကျန်မာရေးအရ ဘယ်လောက် စိုးရိမ်စရာဖြစ်သလဲ ဆိုတာကို ဆရာဝန်တွေနဲ့ မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတော့ တင်ပြပေးထားပါတယ်။
အသက် ၆၈ နှစ်ထဲမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ အများသိကြတဲ့အတိုင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးရတဲ့စက် Pacemaker တပ်ထားရသလို Stent ထည့်ပြီး နှလုံးသွေးကြောကိုလဲ ချဲ့ထားရသူ ဖြစ်ပါတယ်။ ဆီးချိုရောဂါလဲ ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ခုလို ကျန်းမာရေး အခြေအနေရှိနေသူ တယောက်အနေနဲ့ မူးလဲတယ်ဆိုတာ ဘယ်လောက် စိုးရိမ်စရာ ဖြစ်သလဲဆိုတာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ယမုန်နာ အခမဲ့ဆေးခန်းက ဆရာဝန် ဒေါက်တာ တင့်ဆွေကို မေးကြည့်ပါတယ်။
"ကျန်းမာရေး နောက်ခံအရပေါ့လေ သူ့မှာ Pacemaker ခေါ်တဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့အချက်က အရေးကြီးတယ် ခင်ဗျ။ ဆီးချိုဆိုတာကတော့ ရေရှည် ထိန်းလို့ ရတယ်။ နောက် အသက်အရွယ်ကလည်း ၆၈ ဆိုတော့၊ အလွန်အအိုကြီးတော့ မဟုတ်ဘူးပေါ့လေ။ အဓိက နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဟာက အရေးကြီးတယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သူ့ရဲ့ နှလုံးက Pacemaker ဆိုတဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နှလုံးကိုယ်က အခြေခံ မကောင်းလို့ ဖြစ်တယ်။ နှလုံးခုန်နှုန်းမှာ
ပြဿနာ ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်း သူ ရာသက်ပန် ဒီစက်ကို တပ်ထားကြရတာ။ အဲဒီလို တပ်ထားတဲ့သူတွေဟာ အမြဲတမ်း ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်လျှောက် စစ်ဆေးမှုနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေက ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ အခုဖြစ်သွားနိုင်တာက ဒီ Pacemaker တပ်ထားတဲ့သူဟာ မူးသွားတယ်၊ အသက်ရှု ခက်သွားတယ်၊ ရင်ဘတ် အောင့်သွားတယ်၊ သတိရုတ်တရက် မကြည်မလင် ဖြစ်သွားတဲ့ဟာတွေက ဖြစ်တတ်တယ် ခင်ဗျ။
အဲဒီလို တပ်ထားတဲ့ ပုဂ္ဂိုလ် တယောက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဖိအားတွေကတော့ သာမှန်လူတွေနဲ့စာရင် သူက အဓိက ဆင်ခြင်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် သူ့မှာ ဆင်ခြင်စရာတွေရှိတယ်။ ဒီဆင်ခြင်စရာထဲက တခု လွဲချော်သွားလို့ ဒီလိုဖြစ်တာဆိုရင်တော့ မပြောနိုင်ပဲနဲ့ တကယ်လို့ နှလုံးရဲ့ အခံနဲ့ စိတ်ဖိအား၊ ရုပ်ဖိအား ပြင်းထန်လွန်းလို့ ဒီ စက်က မနိုင်တာ၊ နှလုံးက အလုပ် မလုပ်နိုင်တာ ဆိုရင်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်ပဲ ဖြစ်ပါတယ်။"
မေး။ အခုလိုမျိုး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ဒီ Stress သိပ်များတယ်ပေါ့လေ ဆရာပြောချင်တာကတော့၊ အဲဒီလို အခြေအနေမျိုးမှာ သမ္မတ အနေနဲ့ ရှေ့ဆက်ပြီးတော့ သူ့တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အလားအလာရော၊ ဆက်ပြီးတော့ ထမ်းဆောင်နိုင်ဖို့ရော ဖြစ်နိုင်သေးလား ဆရာ။
ဖြေ။
"ကျနော် ဆရာဝန်တယောက်အနေနဲ့ ခန့်မှန်းတာကတော့ သူ ဒီစက်ကီရိယာ တပ်ထားတာ ကလည်း နှစ်ရှည်နေပြီ။ သူလုပ်ကိုင်ရတဲ့ အလုပ်ကတော့ အရင်လည်းပဲ ကြီးကျယ်တဲ့၊ အရေးကြီးတဲ့ နေရာမှာ လုပ်ခဲ့ဖူးသား ဆိုတော့ အတွေ့အကြုံကတော့ ရင့်ကျက်ပြီးသားလို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော်လည်း ဖြစ်ပေါ်မှုတွေ အပေါ်မှာ စက်ကီရိယာက တပ်ထား၊ ကျန်းမာရေး ချို့ယွင်းနေတဲ့ လူတယောက်အနေနဲ့ ကတော့ လိုက်မှီအောင်ပေါ့လေ၊ ရုပ်ပိုင်း စိတ်ပိုင်း လိုက်မှီအောင် လုပ်နိုင်ရင်တော့
ကိစ္စမရှိဘူးပေါ့လေ။ သို့သော်လည်း ကျနော် ယူဆတာက ဒီလို ပုဂ္ဂိုလ်တယောက်ဟာ၊ ဒီလို အမျှော်အမြင် ကြီးကြီးနဲ့ ရှေ့လုပ်နိုင်အောင် သူ ပြင်ဆင်ထားပြီးသား ဖြစ်နိုင်ပါတယ်။"
ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ဇန်န၀ါရီလကုန်မှာ သွားခဲ့စဉ်တုန်းက နှလုံးခုန် နှုန်းထိန်းညှိုစက်ကို အသစ်လဲ တပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တက်လာချိန်ထဲက သမ္မတ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
ဒီအဖွဲ့ကို ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ခေါင်းဆောင်ပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာဆောင် ၁၇-၁၈ က ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နှလုံးဆေးကုဌာန တွဲဖက် ပါမောက္ခ ဒေါက်တာမြင့်စိုးဝင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးက နှလုံးဆေးကုသမှုတပ်မှုး ဗိုလ်မှုးချုပ် တင်မောင်အေး၊ ဆေးဝန်ထမ်းတပ်ဖွဲ့ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းတို့က သမ္မတဦးသိန်းစိန်ရဲ့ ကျန်မာရေးကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းကတော့
သမ္မတအိမ်တော်မှာကိုနေပြီး အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။
သမ္မတရဲ့ ကျန်းမာရေးသတင်းနဲ့ ပတ်သက်ပြီးတော့ - နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြန်ကြားခဲ့ပါတယ်။
"ဖြစ်စဉ်ကတော့ နေ့လည် (၃) နာရီဝန်းကျင်မှာ စထွက်လာတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့ဆီကိုလည်း အသိမိတ်ဆွေများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဖုန်း ဆက်ပြီး တောက်လျှောက် မေးကြပါတယ်။ အဖြစ်မှန်ကတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော့် FB Wall မှာလည်း ဒီ သတင်း မှားယွင်းကြောင်း တင်ထားပါတယ်။ အတော်များများက စိုးရိမ်တကြီး မေးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောကြားလိုတာကတော့ သမ္မတကြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဖုန်းဆက်၊ Message တွေ ပို့ပြီး စိုးရိမ်တကြီး မေးကြတဲ့သူတွေ အားလုံးကို နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးဇူးဥပကာရ အထူးပဲ
တင်ရှိကြောင်း ပြောကြားလိုပါတယ်" လို့ သမ္မတရုံး ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။
ပါရမီ ၂၃၂ ဂိတ်ရုံးအတွင်း လူသတ်မှုဖြစ်ပွားခဲ့၍ ၂၃၂ ပါရမီယာဉ်လိုင်းအား ဖျက်သိမ်း
Thursday, 17 May 2012 02:01
ယုဇနဥယျာဉ်မြို့တော်မှ မော်တင်သို့ ပြေးဆွဲလျက်ရှိသည့် ၂၃၂ ပါရမီ ယာဉ်လိုင်းအား မေလ ၁၆ ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါရမီ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မေလ ၁၂ရက်နေ့တွင် ယုဇန ဥယျာဉ်မြို့တော်ရှိ ပါရမီ ၂၃၂ ယာဉ်လိုင်းနှင့် ဈေးကြိုပို့ယာဉ်တို့ ယာဉ်ရှေ့တွင် ပိတ်ရပ်သည့်ကိစ္စဖြင့် စကားများသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂၃၂ ဂိတ်ရုံးအတွင်း စကားလာပြောသည့် ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့်အဖွဲ့မှ ဓားဖြင့် ၀င်ရောက်ဝိုင်းဝန်းထိုးခုတ်မှုကြောင့် ဈေးကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ပါရမီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က ''ယုဇနကနေ မော်တင်ကို ပြေးဆွဲနေတဲ့ ၂၃၂ ပါရမီ ယာဉ်လိုင်းတစ်ခုလုံးကို ဖျက်သိမ်းလိုက်ပြီဆိုတာ အမှန်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မေလ ၁၂ရက်နေ့က ၂၃၂ ပါရမီယာဉ်တစ်စီးနဲ့ ဈေးကြိုပို့ ယာဉ်တစ်စီးနဲ့ စကားများ ရန်ဖြစ်တာကစပြီးတော့ ပါရမီ ယာဉ်နောက်လိုက်တစ်ဦးရဲ့ ဖခင်နဲ့ ပါဝင်သူတွေက အဲဒီ ဈေးကြိုပို့ ယာဉ်မောင်းအဖွဲ့ထဲက တစ်ယောက်ကို ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်နေတဲ့အခါမှာ ကျွန်တော်တို့ဆီက ယာဉ်မောင်းတွေက အဲဒီလမ်းကြောင်းကို လုံးဝ မမောင်းရဲတော့ပါဘူး။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အများစုက နယ်ကလူတွေဖြစ်တယ်။ ယုဇနဥယျာဉ်ထဲမှာနေတဲ့ ယာဉ်မောင်းတချို့တော့ ပြေးဆွဲချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခွင့်မပြုတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထပ်ပြီး အလားတူ ဖြစ်စဉ်မျိုးတွေ ဖြစ်နိုင်လို့ ဖြစ်ပါတယ်။ မေလ ၁၅ ရက်နေ့မှာ ဖျက်သိမ်းဖို့ စာကိုတင်တယ်။ လူကြီးတွေက ဒီလိုအခြေအနေတွေ ရှိနိုင်တယ်ဆိုရင်လည်း ဖျက်သိမ်းပါလို့ ခွင့်ပြုချက် ကျလာပါတယ်။ ဒါနဲ့ ၁၆ ရက်နေ့ကစပြီး ဖျက်သိမ်းလိုက်ပါတယ်။ ပြန်ပြီးပြေးဆွဲတဲ့အခါမှာ ထပ်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ရင် ပါရမီယာဉ်လိုင်း နာမည်ပျက်မှာစိုးလို့ လုံးဝ ဖျက်သိမ်းလိုက်တာပါ''ဟု ပြောကြားခဲ့သည်။၂၃၂ ယာဉ်လိုင်း ဖျက်သိမ်းသွားသည့်အတွက် ယာဉ်လိုင်းအစားထိုး ပြေးဆွဲရန် မ.ထ.သဗဟိုမှ စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။
Karen Leader Zipporah Sein On Women's Rights in Myanmar
ဇိုရာဖန်း
နို့ဖိုးဒုက္ခသည်စခန်း ဆန္ဒပြသည့်ရုပ်သံ
မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး အတွက် ဒေသခံများကို DKBA ခေါ်ဆွေးနွေးမည်
Thursday, 17 May 2012
မေလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများကို ပူးပေါင်းတိုက်ဖျက်ရန် ရည်ရွယ်၍ ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်းရှိ ရွာများမှ တာဝန်ရှိ ပုဂ္ဂိုလ် ရွာသူကြီးများနှင့် ဒေသခံများကို ခေါ်ယူဆွေးနွေးမည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA က ပြော သည်။
ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း DKBA လှုပ်ရှားနယ်မြေများဖြစ်သည့် အထူးသဖြင့် ဆုံဆည်းမြိုင် အပါအ၀င် ဖလူး၊ ဝေါ်လေ၊ သေ့ဘောဘိုး၊ မေတ္တာလင်းမြိုင် ဒေသတလျှောက်ရှိ နေထိုင်သူများကို မေလ ၂၀ရက်နေ့တွင် ခေါ်ဆွေးနွေးမည်ဟု DKBA လက်အောက်ခံ ကလို့ထူးဘော ကရင်အစည်းအရုံး-KKO ၏ အတွင်းရေးမှူး စောဂုဏ်အောင်က ယခုလို ပြောသည်။
“DKBA ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေး သုံးစွဲသူဖြစ်ဖြစ်၊ ရောင်းဝယ်တဲ့သူဖြစ်ဖြစ် တွေ့ရှိရင် အကြောင်းကြားဖို့၊ ဖြစ်နိုင်ရင် ဖမ်းဆီး ပေးဖို့အတွက် ကျနော်တို့က ဒေသခံတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဓိကတော့ မူးယစ်ဆေးတိုက်ဖျက်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ပါ။”ဟု သူက ကေအိုင်စီသို့ ပြောသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေသခံရွာခံများကို အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း သူက ဆက် ပြောသည်။
ဧပြီလ ၂၀ရက်နေ့၌ ထိုင်းအစိုးရ၏ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး-ONCB အဖွဲ့မှ DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)အား မူးယစ်ရာဇာအဖြစ် သတ်မှတ်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ် ၁သန်း ထုတ်ပြန်ပြီးနောက် DKBA မှလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည်ဟု ယူဆသည့် နယ်မြေမှန်သမျှ လာရောက်စစ်ဆေးနိုင်ကြောင်း ထိုင်းအစိုးရ အား အကြောင်းကြားထားသည်။
စောဂုဏ်အောင်က “သူတို့(ထိုင်းအစိုးရ)ကို ဖိတ်ခေါ်ထားပေမယ့် မလာတာက သူတို့အပိုင်းပဲ။ ခုအချိန်က ကျနော်တို့ဒေသမှာ မူးယစ် ဆေးဝါး မလုပ်ရုံနဲ့ မလုံလောက်ဘူး။ ဘာဖြစ်လဲဆိုတော့ လုပ်တဲ့ ဒေသခံရှိရင် ဒါမှမဟုတ် အခြားဘယ်နေရာက လူပဲဖြစ်ဖြစ် လုပ်ပြီး ကျနော်တို့နယ်မြေကို ဖြတ်သန်းရင် စစ်ဆေးဖော်ထုတ်ဖို့အတွက် ဒီဆွေးနွေးပွဲကို ခေါ်ရတာ ဖြစ်ပါတယ်။”ဟု ဖြည့်စွက်ပြောဆိုသည်။
ထိုင်းအစိုးရဘက်က ဗိုလ်ချုပ်စောလားပွယ်အား ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်အဖမ်းခံခြင်းမှတပါး နည်းလမ်းမရှိဟု တုန့်ပြန်ထားသည့် အပြင် DKBA ထိန်းချုပ်နယ်မြေနှင့် ထိစပ်သည့် ထိုင်း-မြန်မာနယ်စပ်တလျှောက်လုံးကို ယခုအချိန်ထိ တပ်လှန့်ထားနေဆဲ ဖြစ်သည်။
DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်က ထိုင်းအစိုးရ၏ စွပ်စွဲချက်ကို တုန့်ပြန်သောအားဖြင့် ဆုံဆည်းမြိုင်ဒေသရှိ DKBA ကလို့ထူး ဘောဌာနချုပ်တွင် ထိုင်းနှင့် မြန်မာပြည်တွင်း သတင်းထောက်များ အပါအ၀င် ထိုင်း -မြန်မာနယ်စပ်သတင်းထောက်များကို ဖိတ်ခေါ်၍ မေလ ၁နေ့တွင်တကြိမ်၊ မေလ ၁၀ရက်နေ့တွင်တကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။