Sunday, October 26, 2008

ဂျပန် ခြေစိုက်တိုင်းရင်းသားအဖွဲ့များတောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွါ

ဂျပန်အခြေစိုက်တိုင်းရင်းသားအဖွဲ့ များမြန်မာနိုင်ငံတိုင်းရင်းသားဒေသ
များ၌ လူအခွင့်အရေးချိုးဖောက်ခံနေရမှုများကိုသက်သေနှင့်တကွ
ဆွေးနွေးတင်ပြရန် တောင်ကိုရီးယားနိုင်ငံသို့ထွက်ခွါ


၂၅-၁၀-၂၀၀၈နေ့၌တောင်ကိုရီးယားနိုင်ငံတွင်ပြုလုပ်မည်ဖြစ်သော

( ၅ ) ကြိမ်မြောက်နိုင်ငံတကာအမတ်များသမဂ္ဂအဖွဲ့ညီလာခံ၏ ဖိတ်ကြားချက်အရ
မဆိုင်းဘူ
မစင်(န်)ဟိန်း KACHIN NATIONAL ORGANIZATION-JAPAN

( KNO-JAPAN )


စောဘလှသိန်း KAREN NATIONAL LEAGUE-JAPAN

( KNL-JAPAN )


စိုင်းစီဝမ်း SHANNATIONALTTIES FOR DEMOCRACY-JAPAN

( SND-JAPAN )


ဦးဇော်မင်းခိုင် ARAKAN LEAGUE FOR DEMOCRACY-EXILE -JAPAN

( ALD-EXILE-JAPAN )


မင်းမျိုးချစ် PONNYAGARI MON NATIONAL SOCIETY-JAPAN

( PMNS-JAPAN )


မိုင်ကျော်ဦး
စောဥမ္မာ PALAUNG NATIONAL SOSIETY-JAPAN

( PNS-JAPAN)

တို့သည် ၂၄-၁၀-၂၀၀၈နေ့တွင် တောင်ကိုရီးယားနိုင်ငံသို့

ထွက်ခွါသွားသည်။ အရှေ့တောင်အာရှနိုင်ငံများမှလူအခွင့်အရေးချိုး ဖေါက်ခံနေရမှုများကို အဓိကထားတွေးနွေးမည့် အဆိုပါညီလာခံတွင် မြန်မာနိင်ငံတိုင်းရင်းသားများနှင့်တိုင်းရင်းသားဒေသများအားစစ် အုပ်စု၏လူ့အခွင့်အရေးချိုးဖေါက်မှုမျာနှင့် ပတ်သက်ပြီးသက်သေနှင့်တကွတင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျပန်အချေစိုက် တိုင်းရင်းသားအဖွဲ့မှပြောကြားသွားပါသည်။ယင်းညီလာခံသို့
မြန်မာနိုင်ငံအမတ်များသမဂ္ဂအဖွဲ့မှတိုင်းရင်းသားအမတ်တဦးဖြစ်သူ
ဦးတယ်ဒီဘူရီ (ကယား)လည်းတက်ရောက်မည်ဟုသတင်းရရှိပါသည်။
၎င်းညီလာခံသို့နိုင်ငံ ( ၅၀ )မှလွှတ်တော်အမတ်များတက်ရောက်မည်ဖြစ်သည်
ထိုညီလာခံတွင်တင်ပြဖြန့်ဝေသွားမည့်ကရင်ပြည်နယ်မှသတင်းအချက်
အလက်များအချို့ကိုလည်းစောစတီ(ဗ်)CIDKP၊စောကျော်ထင်ထူးနှင့်
နော်ဖောလင်း KNL-JAPAN တို့မှစုစည်းကောက်နှုတ်ပေးပို့ပါသည်။

တောင်ကိုရီးယားနိုင်ငံသို့ထွက်ခွါသွားသောဂျပန်အခြေစိုက်တိုင်းရင်းသားအဖွဲ့

များအားလိုက်လံပို့ ဆောင်သူ၊သတင်းပေးပို့သူများနှင့် အတူတွေ့ရစဉ်

သတင်းပေးပို့သူစညီညီလွင် ( KNL-JAPAN )

No comments: