Tuesday, December 30, 2008

ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း( ကိုရီးယား)

Monday, December 29, 2008
Posted by ကိုဝိုင်း (မိုးညှင်း) at 2:13 AM
ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပခြင်းဆောအူးလ် ၊ ဒီဇင်ဘာ ၂၈ ။ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ၊ တောင်ကိုရီးယားနိုင်ငံမြို့တော်ဖြစ်သော ဆောအူးလ်အထူး မြို့တော် ၊ မြေအောက်ရထားလိုင်း အမှတ် (၁) ချောန်ယန်းနီဘူတာ (청량리역) ထွက်ပေါက် အမှတ်( ၄ ) အနီး ရှိ ၊ DANCE ခန်းမဆောင် တတိယထပ် တွင် ၊ ကရင်အမျိုးသား မိတ်သဟာယအဖွဲ့(ကိုရီးယား) [Karen National Fellowship (Korea)] က ကြီးမှူး၍ ၊ ကရင် ကောဇာ သက္ကရာဇ် ၂၇၄၈ ခုနှစ် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည် ။အခမ်းအနားသို့ ၊ မြန်မာ့တိုင်းရင်းသားများအရေးနှင့် မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားကြ သည့် ကိုရီးယားပြည်သူများ ၊ ကရင် အမျိုးသားမိတ်သဟာယအဖွဲ့(ကိုရီးယား) အဖွဲ့ဝင်များ နှင့် မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စုစုပေါင်း အင်အား ၂၁၀ကျော်တို့ တက်ရောက်ခဲ့ ကြောင်းသိရသည် ။အခမ်းအနားမှူးအဖြစ် ၊ မင်္ဂလာ ကိုဇော်မိုးအောင်က ဆောင်ရွက်ပြီး ၊ အစီအစဉ်အရ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ၊ အခမ်းအနားစတင်ကာ ၊ ကရင်အမျိုးသားအလံတော် သယ်ဆောင်ခြင်း ၊ အမျိုးသား သီချင်းသီဆိုခြင်း ၊ အမျိုးသားအလံတော်အားအလေးပြုခြင်း၊ အဖွဲ့ဥက္ကဌ ဒေါ်နော်အက်စတာဖေါက အမှာစကားပြောကြားခြင်း ၊ အဖွဲ့ဒုတိယဥက္ကဌ ကိုကက်နက်မိုးက ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ရှင်းလင်းတင်ပြခြင်း တို့ကို ပြုခဲ့ကြ ကြောင်း သိရသည် ။ထို့နောက် အခမ်းအနားအစီအစဉ်အရ ၊ မြန်မာနိုင်ငံ အမျိုးသားရေး လှုပ်ရှားမှုမြှင့်တင်ရေး ကော်မတီ(ကိုရီးယား) ၊ မြန်မာ့အရေးလှုပ်ရှားမှု(ကိုရီးယား) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ ၊ ကိုရီးယား) ၊ ချင်းလူမှုရေးအသင်း(ကိုရီးယား) နှင့် မြန်မာအသင်း(ကိုရီးယား)တို့က ပေးပို့ခဲ့ကြသည့် ဂုဏ်ပြုသ၀ဏ်လွှာများကို ကိုယ်စားလှယ်အသီးသီးတို့က ဖတ်ကြားတင်ပြခဲ့ကြကြောင်းသိရသည် ။ဖျော်ဖြေရေးအစီအစဉ်တွင် ၊ ကရင်အမျိုးသားမိတ်သဟာယ အဖွဲ့ဝင်လူငယ်များ၏ ကရင်ဒုံးယိမ်းအက ၊ ရိန်းဘိုးဘင်မှ အဆိုကျော် ကိုစိုးမိုးသူက ပန်းထက်လှတဲ့လူသားအမည်ရှိ နာမည်ကျော် ကိုရီးယား သီချင်း ၊ ကရင်မောင်နှမ ၂ ဦးက ကရင်စုံတွဲသီချင်းစသည်ဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြရာ ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြကြောင်းသိရသည် ။ထို့ပြင် အစီအစဉ်အရ ၊ အဖွဲ့အတွင်းရေးမှူးကိုကျော်သက်ထူးက နှစ်ချုပ်အစီရင်ခံစာကို လည်းကောင်း ၊ ဘဏ္ဍာရေးမှူးကို စကျော်ကျော်က ဘဏ္ဍာရေးအစီရင်ခံစာကိုလည်းကောင်း အသီးသီး ဖတ်ကြား တင်သွင်းခဲ့ကြကြောင်း ၊ ၄င်းနောက် ဧည့်ခံရေးအစီအစဉ်တွင် ကရင်ရိုးရာအစားအစာဖြင့် ညနေစာကို မြိန်ယှက်စွာ အတူသုံးဆောင်ကြပြီး ၊ ညနေ ၄ နာရီခွဲအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည် ။

No comments: