၂၇၄၈ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲကို ဆစ်ဒနီမြို့ တွင် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၇ရက်နေ့ (ပြာသိုလလဆန်း ၁ရက်နေ့ )က စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။ ဆစ်ဒနီကရင်နှစ်သစ်ကူးပွဲကို ၃နေရာခွဲက ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ကရင်အဖွဲ့ အစည်းများက အသီးသီး ဦးဆောင်ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ ဆစ်ဒနီရှိ ကရင်အဖွဲ့ အစည်းများဖြစ်သည့် AKO, AKCO နှင့် KYO ကရင်အဖွဲ့ အစည်းများက သက်ဆိုင်ရာအဖွဲ့ အလိုက် ဦးစီးကျင်းပခဲ့ကြခြင်း ဖြစ်သည်။ KYOအဖွဲ့ က ဆစ်ဒနီမြို့ ပြင်တွင် သွားရောက်ကျင်းပခဲ့ပြီး ကျန်နှစ်ဖွဲ့ မှာမူ ဆစ်ဒနီမြို့ တွင်သာ ကျင်းပပြုလုပ်ခဲ့သည်။ ဆစ်ဒနီတမြို့ တည်းတွင် ကရင်နှစ်သစ်ကူးပွဲကို သုံးနေရာခွဲပြီး တရက်တည်း ကျင်းပခဲ့ကြသော်လည်း နှစ်သစ်ကူးပွဲတိုင်း စည်းကားစွာဖြင့် ကျင်းပနိုင်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ကျနော်ကတော့ တရက်တည်း ပြုလုပ်သည့် ဆစ်ဒနီကရင်နှစ်သစ်ကူးပွဲတော် ၃ပွဲစလုံးကို တက်ရောက်နိုင်ခြင်း မရှိပဲ AKCO မှ ဦးစီးကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲကိုသာ တက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ထိုနှစ်သစ်ကူးပွဲကိုသာ ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့သည်။

No comments:
Post a Comment