Tuesday, February 24, 2009

အာဇာနည် ဖဒိုမန်းရှာလားဖန်း၏ တနှစ်ပြည့်အောင့်မေ့ဘွယ်ဆုတောင်းပွဲကိုဂျပန်နိုင်င်တွင်ကျင်းပ

အာဇာနည် ဖဒိုမန်းရှာလားဖန်း၏ တနှစ်ပြည့်အောင့်မေ့ဘွယ်ဆုတောင်းပွဲကိုဂျပန်နိုင်ငံရှိ အီခဲဘူခူရို
မြန်မာတိုင်းရင်းသားပေါင်းစုံခရစ်ယာန်မိတ်သဟာရ ( BCF )ဘုရားရှစ်ခိုးကျောင်းတွင်၂၂-၂-၂၀၀၉ရက် နေ့ လည် ၃း၃၀ မှည ၀၆း၀၀တွင်ဂျပန်ရှိကရင်များမှစည်းစည်းလုံးလုံးဖြင့်ပြုလုပ်ခဲ့ရာအခမ်း

အနားမှူးအဖြစ်စောကျော်ထင်ထူးမှဆောင်ရွက်၍တရားဒေတနာကိုသိက္ခာတော်ရဆရာလုံဘိ(ခ်)
ဆောင်ရွက်ပြီးဘုရားရှစ်ခိုးရခြင်း၏ရည်ရွယ်ချက်ကိုစောလွိုက်မှပြောကြားခဲ့သည်၊၊
ငါတို့ ပြည်နယ်ကိုပြန်ရအောငယူမည်ဆိုသောသီချင်းအားဂျပန်ရောက်ကရင်မောင်နှမများကလည်း
ရင်ထဲမှာခံစားချက်များစွါနှင့်သီဆိုခဲ့ကြသည်၊၊ဒီမိုကရေစီအဖွဲ့ အစည်းအသီးသီးတက်ရောက်၍အခမ်း
အနားအပြီးတွင်အကြွေးအမွှေးဖြင့်ဧည့် ခံပြီးတက်ရောက်သူစုစုပေါင်း၁၀၀နီးပါးတက်ရောက်ခဲ့သည်၊၊
ိမိတို ကရင်တမျိုးသားလုံးယူကြုံးမရသောနေ့ က၁၄-၂-၂၀၀၉ နေ့ မှာတနှစ်ပြည့်ခဲ့ပေမဲ့ကရင
မျိုးချစ်စိတ်ရှိသောသူတွေ၏ရင်ထဲ၌မနေ့ တနေ့ ကလိုပါပဲမိမိလူမျိုးအတွက်တိုက်ပွဲဝင်နေချိန်မှာ
မသာမာလူတစု၏မသမာနည်းကိုသုံးပြီးလုပ်ကြံခံခဲ့ရသည်၊၊ကရင် တိုင်းရင်းသား ခေါင်းဆောင် ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဒီမိုကရေစီ အင်အားစုများက သတိရနေကြဆဲ ဖြစ်သည်။ ထိုင်း မြန်မာ နယ်စပ်ဒေသ ဒီမိုကရေစီ
အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ အကြားတွင် ဖဒိုမန်းရှာ ကဲ့သို့ နိုင်ငံရေး ခေါင်းဆောင်မျိုး အလွန် ရှားပါးသည် ဖဒိုမန်းရှာသည် ကရင်တိုင်းရင်းသားထဲတွင်သာမက ဒီမိုကရေစီပေါ်ထွန်းရေး အတွက် လှုပ်ရှားသည့် အင်အားစုများ၊ တိုင်းရင်းသား အင်းအားစုများ အကြား လေးစား စံထားရသူ တဦးဖြစ်သည်၊၊ဒီတော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ကရင်တမျိုးသားလုံးတို့ သွားချင်တဲ့ ပန်းတိုင်ကိုလည်း မရောက်သေးပါဘူး။ ဒါကြောင့် ဒီ ပန်းတိုင် ရောက်တဲ့ အထိ ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ ကရင် လူငယ်တွေ အတူအကွ ဆက်လက် တိုက်ပွဲဝင် သွားစေချင်ပါသည်။ဖဒိုမန်းရှာသည် ရန်ကုန်တက္ကသိုလ်သို့ ၁၉၆၂ခုနှစ်တွင် စတင် တက်ရောက်ခဲ့သည်။ ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမှု နှင့်လည်း ကြုံခဲ့ရသည်။ ၁၉၆၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ ရရှိပြီးနောက် တောခိုကာ ကရင့်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ အသက် ၆၄ နှစ်တွင် လုပ်ကြံခံခဲ့ရသည်။ဖဒိုမန်းရှာသည်
နိုင်ငံရေးတပ်ပေါင်းစုကြီး ဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသား ကောင်စီ NCUB တွင်လည်း ခေါင်းဆောင် တဦး အဖြစ် တာဝန်ယူခဲ့သည်။ ရေဆန်ဟူသော ကလောင် အမည်ဖြင့်လည်း ကဗျာ နှင့် ဆောင်းပါးများ ရေးသားခဲ့သည်။ နောက် ပြီး တ ကယ့် အ ရေး ကြီး တာ က သူ ကို တ ကယ် ချစ် ရင် လေး စား ရင် သူ ရဲ့ မ ပြီး ဆုံး သေး တဲ့ လုပ် ငန်း တာ ၀န် တွေ၊ သူ လျှောက် ခဲ့ တဲ့ လမ်း ကို ပြီး ဆုံး တဲ့ အ ထိ ၀ိုင်း ပြီး ထမ်း ဆောင် လျှောက် လှမ်း ဖို့ လို ပါ တယ်။ သူ့ ရဲ့ စိတ် ဓါတ် သူ့ ရဲ့ ခေါင်း ဆောင် မှု ကို လက် ဆင့် ကမ်း ဖို့ လို ပါ တယ်။သူ လို အ မျှော် အ မြင် ကြီး စွာ နဲ့ ထက် မြက် ခေါင်း ဆောင် တွေ မှု တွေ ကို ပေး မဲ့ လူ ငယ် မျိုး ဆက် သစ် ကို မျှော် လင့် ပါ တယ်။













No comments: