Sunday, February 22, 2009

ကလိုထူးမှပေးစာ

Thursday, February 19, 2009
ကလိုထူးမှပေးစာ၁၉ ဇန်န၀ါရီ ၂၀၀၉(စောကျော်ခွိ)ပြည်ပမှ ဘလော့များကို မြန်မာနိုင်ငံ ပြည်တွင်းမှဖတ်၍မရသောကြောင့်သတင်းရယူလိုသူများထံသို့ email မှတဆင့်ပို့ ပေးပြီး သတင်းဖလှယ်ရပါသည်။ "ဒီကေဘီအေ တပ်တွေ ကရင်ရွာက်ုမီးရှို့  "ကိုဖတ်ရသောကရင်တိုင်း ထိမ့်လန့်  အံသြ ယူကြုံးမရဖြစ်ခဲ့ရပါသည်။ကျွန်ုပ် emailမှတဆင့်ပို့ ပေးခဲ့သော ထိုသတင်းအား ကလိုထူး(ကရင်)မှ ဖတ်ပြီး ဤသို့ ခံစားမှုစာလွှာလေး အကြောင်းပြန်ခဲ့ပါသည်။"အခုလို သတင်းအချက်အလက်တွေ အတွက် ကျေးဇူးတင်ပါတယ်..ဒါပေမယ့် ဒါဟာ အဖြစ်မှန်ဆိုရင် ဘယ်လိုမှ ခံစားလို့ မရနိုင်တဲ့ အဖြစ်ဆိုးပါပဲ..ဒီကေဘီအေ အဖွဲ့ ကို မြန်မာပြည် ရွေးကောက်ပွဲပြီးရင်နယ်ခြားစောင့်တပ် အဖြစ် အမည်ပြောင်းပြီး ဖွဲ့ စည်းမယ်လို့ ကြားသိရပါတယ်..အရင်က ဒီအဖွဲ့ ဟာ ကရင်လူထု အတွက် အားဆေးတစ်ခွက်လို့ ယူဆရပေမယ့် နအဖ လက်ကိုင်တုတ်ဖြစ်ပြီးနောက်လူထုအတွက် အဆိပ်တစ်ခွက် ဖြစ်သွားရပါပြီ...ဒါပေမယ့် အဆိုးထဲမှာ မျှော်လင့်ရတာက ဒီကေဘီအေအဖွဲ့ ဟာ မြိုင်ကြီးငူဆရာတော်ရဲ့  သြ၀ါဒကို ဆက်လက်ခံယူပြီးဆက်လှမ်းမယ်ဆိုရင် အဆင်ပြေလိမ့်မယ်..ယုတ်စွအဆုံး ဆရာတော်ရဲ့  ပြည်သူဘက်က သြ၀ါဒကိုချိုးဖေါက်မယ်ဆိုရင် သူ့ တို့ လမ်းဟာ အမှောင်အတိပါပဲ..ဒီကေဘီအေ အရေးကို မြိုင်ကြီးငူဆရာတော် ကိုင်တွယ်လိမ့်မယ်လို့  တွေးမိပြီး ဖြေသာနေရပါတယ်...သူငယ်ချင်းရေ..."ဤစာလွှာပေးပို့ သူ ကလိုထူးအား အထူးကျေးဇူးတင်ရှိပါသည်။ကရင်တွေ ကရင်မှန်းသိကြပါစေ။

No comments: