Thursday, April 30, 2009

ဝေါလေခီးကို မြန်မာစစ်တပ် သိမ်းပိုက်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဧပြီလ 28 2009 17:08 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ) ။ ။ မြန်မာစစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ စစ်အခြေစိုက် စခန်းတခု ဖြစ်သော ဝေါလေခီးကို ယနေ့ သိမ်းပိုက်လိုက်သည်။ကေအင်အယ်လ်အေ၏ တပ်မဟာ ၆၊ တပ်ရင်း ၂၀၁ ၏ အထိုင်စခန်းကို ဧပြီ ၁၂ ရက်နေ့ကတည်းက စစ်အစိုးရတပ်များက ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ပြီး ယခုတော့ သိမ်းပိုက် ရရှိသွားခြင်း ဖြစ်သည်။

No comments: