Saturday, May 2, 2009

ကေအဲန်ယူ လက်နက်ကြီးပစ်ချ

ကေအဲန်ယူ တပ်မဟာ ၅နှင့် တပ်မဟာ ၂ ပူးပေါင်းတပ်ဖွဲ့သည် တောင်ငူခရိုင်ရှိ နအဖစခန်းတခုကို လက်နက်ကြီး ၃လုံးပစ်ချလိုက်သဖြင့် နအဖစစ်သား ၂ယောက်သေဆုံးကာ ၄ယောက်ဒဏ်ရာ ရရှိသွားသည်ဟု ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဧပြီလ ၂၅ရက်နေ့ တွင် အဆိုပါ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး(၁၀၇)ဖြင့် တောင်ငူခရိုင်ရှိ နအဖ စကခ ၅ အခြေစိုက်ရာစခန်းကို ပစ်ချခြင်းဖြစ်ပြီး လက်နက်ကြီး သုံးလုံးအနက် နှစ်လုံးမှာ စခန်း တည့်တည့်ကျရောက်ပါက်ကွဲကာ အခြားတလုံး စခန်းပြင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု တောင်ငူခရိုင် ကေအဲန်ယူမှ သတင်းထုတ်ပြန်ထားသည်။ နအဖ ၂ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရ၊ လက်နက်ကြီးတလက်ဆုံးရှုံးကာ သေဆုံးသူများတွင် လက်နက်ကြီးတာဝန်ခံတဦး ပါဝင်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ကွယ်ကလူမှ ဆီလျှော်အောင် ဘာသာပြန်ဆိုထားသည်။အဲခေါင်သောင့်

No comments: