Wednesday, June 24, 2009

တပ်မဟာ ၇ထိုးစစ်ကြောင့် ထွက်ပြေးလာရသည့် ကရင်ဒုက္ခ သည်များ၏ လတ်တလော အခြေအနေ မှတ်တမ်းသတင်း ဓါတ်ပုံ

မိုးရေထဲမှာ အခုလို အစားအစာများအတွက် စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။
Photo-OKRSOဒီကေဘီအေနဲ့ နအဖတပ်တို့ရဲ့ တပ်မဟာ ၇အပြုတ်တိုက်ရေးရဲ့ နောက်ဆက်တွဲတွေပါပဲ။ Photo-OKRSO
အဆိုပါ နောက်ဆက်တွဲက အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်တဲ့ ကရင်ရွာသား ၄၀၀၀ကျော် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံရပါတယ်။ Photo-OKRSO

ယူအဲန်နဲ့ လူမှုအဖွဲ့အစည်းများက အကူအညီများ ပေးနေကြသော်လည်း လုံလောက်မှု၊ ပြည့်စုံမှုတော့ မရှိသေးပါဘူး။ Photo-OKRSO


နအဖစစ်အစိုးရကတော့ ထွက်ပြေးလာသူများဟာ ကေအဲန်ယူရဲ့ မိသားစုဝင်များလို့ သူတို့ အာဘော်သတင်း စာမှတဆင့် စွပ်စွဲပြောဆိုထားပါတယ်။Photo-OKRSO
ယခုအခါ နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသော်လည်း ထိုင်းအစိုးရမှ မြန်မာပြည်ဘက် ကမ်းအတင်းအကြပ် ပြန်ပို့မှာကို ကရင်ဒုက္ခသည်များက စိုးရိမ်လျှက်ရှိပါတယ်။Photo-OKRSO

မှတ်ချက်-ဒီဓါတ်ပုံတွေအားလုံးဟာ ဇွန်လ ၂၁ရက်နေ့က ရိုက်ယူထားတဲ့ ထိုင်းနိုင်ငံ ထာ့ဆောင် ရန်းမြို့နယ်၊ အူးသူးထယာယီဒုက္ခသည်စခန်းများမှ ဓါတ်ပုံများဖြစ်ပါတယ်။

ဓါတ်ပုံပေးပို့သူ OKRSOအဖွဲ့အား ကျေးဇူးအထူးတင်ရှိပါသည်။
အဲခေါင်သောင့်

No comments: