Sunday, July 19, 2009

မတူညီသော မေတ္တာရေစီးကြောင်းများ

Saturday, July 18, 2009
ဆောင်းပါး - ခစ်ရှော်ဖို
၁၉ ဇူလိုင် ၂၀၀၉

မြန်မာပြည်တွင် ဗုဒ္ဓ ဘာသာဝင်တွေ အများစုနေထိုင်သည့် နိုင်ငံ တစ်ခုဖြစ်သလို ကရင်လူမျိုး အများစုမှာလည်း ဗုဒ္ဓ ဘာသာ ကို ကိုးကွယ် ယုံကြည် ကြပါသည်။ မြန်မာ့နိုင်ငံ၏ သမိုင်းကြောင်းတွင်လည်း ဗုဒ္ဓ ဘာသာ ရဟန်း အရှင်သူ မြတ်တို့ သည် ကိုလိုနီခေတ် သူ့  ကျွန်ဘ၀မှအစ ယနေ့ စစ်အာဏာရှင် ခောတ်အဆုံး တိုင်းပြည် နှင့် လူမျိုးအတွက် အဓိက အခန်းဏဏ္ဍတွင် ဦးဆောင်ပါဝင်ခဲ့ကြသည်ကို တွေ့ ကြရမည်ဖြစ်သည်။
ယနေ့ နအဖ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ၂၀၀၇ ခုနှစ် စက်တင်ဘာ
ရျွှေဝါရောင် တော်လှန်ရေး ကြီး သည် ထင်ရှားသော ရဟန်း သံဃာတော် အရှင်သူမြတ်တို့ ၏ တိုင်းပြည် နှင့်လူမျိုး အတွက် လှုပ်ရှားမှု ကြီးတခုဖြစ်သည်။
ဦးဆောင်သူ ရဟန်းသံဃာတော် အများစု အနက် ဆရာတော်ဦးကေလာသ နှင့် ဆရာတော် အရှင်ဂမ္ဘီရ တို့  နှစ်ဦးမှာ ထင်ရှားသူများဖြစ်ကြသည်။ အဆိုပါ ဆရာတော်နှစ်ဦးသည် ဗုဒ္ဓ ဘာသာ သာသနာတော် ထွန်းကားရေး အတွက်သာမက
ဗမာပြည်တပြည်လုံး စစ်ကျွန် လက်အောက်မှ လွတ်မြောက် ရန်အတွက် ရျွှေဝါရောင် တော်လှန်ရေးကို တက်တက်ကြွကြွ ဦးဆောင်ခဲ့ကာ ယခုအခါတွင် နအဖ စစ်အစိုးရ ၏ နှစ်ရှည် ထောင်အဖြင့်အကျဉ်းကျခံနေကြရပါသည်။
ထိုဆရာတော်များသည် ဗုဒ္ဓ ဘာသာ ၀င်များအတွက်သာမက အများပြည်သူအားလုံး တို့ ကို အလုပ်အကျွေးပြုသော ကြည်ညိုစရာ ကောင်းသော ဆရာတော်များဖြစ်ကြပေသည်။
၂၀၀၇ စက်တင်ဘာ ရျွှေဝါရောင်တော်လှန်ရေး (၀ဲပုံ) နှင့် အရှင်ဂမ္ဘီရ (ယာပုံ)


ဓါတ်ပုံ။ အက်တာနက် သတင်းစာမျက်နှာများမှ

ထိုနည်းတူစွာ ကရင်လူမျိုးများ အကြားတွင်လည်း ဒီကေဘီအေ ဟုလူအများသိသော တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် ဟူ၍ ကမ္ဘာမှာ တစ်ကြိမ်တစ်ခါ မှ မပေါ်ပေါက်ခဲ့ဘူးသော ဗုဒ္ဓ ဘာသာ တပ် တစ်ခု ၁၉၉၅ တွင် ပေါ်ပေါက်ခဲ့ပါသည်။
ထိုဒီကေဘီအေ တပ်ကို မြိုင်ကြီးငူဆရာတော် ဦးသုဇန မှ ဦးဆောင်မွေးဖွားပေးခဲ့ ပါသည်။ ဒီကေဘီအေ ကနဦးအစ ပေါ်ပေါက်လာရခြင်း ၏ဇစ်မြစ် သည် မြန်မာနိုင်ငံ အုပ်စိုးသူအစိုးရ အဆက်ဆက်အား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းခွင့်ရရန်အတွက် တိုက်ပွဲဝင်နေသော KNU ကရင်အမျိုးအသားအစည်းအရုံး ၏ ထိပ်ပိုင်းခေါင်းဆောင်မှုနေရာများတွင် ကရင်ခရစ်ယန်အများစုသာ နေရာယူကြသည် ဟုစွပ်စွဲခြင်းဖြင့် ဦးသုဇန ဦးဆောင်သော ကရင် ဗုဒ္ဓ ဘာသာဝင် တပ်သားတချို့  သည် သူတို့ ၏ပင်မ မိခင် ကေအန်ယူမှ ခွဲထွက်ခဲ့ပါသည်။
အဆိုပါဒီကေဘီအေ ၏ ရည်ရွယ်ချက်သည် ကား အမျိုး ဘာသာ သာသနာ ကို အသက်ပေး ကာကွယ် စောင့်ရှောက်ရန် ဟုဆိုထားပါသည်။
ဦးသုဇန (၀ဲပုံ) နှင့် သူ၏ ကိုယ်ရံတော် DKBA ခေါ် တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်မတော် (ယာပုံ)


ဓါတ်ပုံ- ၀ဲ (အမည်မသိ)။ ယာပုံ (အင်တာနက်သတင်းစာမျက်နှာများမှ)
မည်သို့ ပင်ဖြစ် ယနေ့  ဒီကေဘီအေ ခေါ် တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်မတော် သည် ကရင်လူမျိုးတို့  ၏အသက်အိုးအိမ်စည်းစိမ် ကို အကာအကွယ်ပေးသည့်  အဖွဲ့ အစည်းလော သို့  မဟုတ် ဗုဒ္ဓဘာသာ သာသနာ ကို ကာကွယ် စောက်ရှောက်သည့် တပ်လော ဆိုသည်ကို ဆန်းစစ် ရန်
အချိန်တန်ပြီဖြစ်သည်။
အကယ်၍ ဗုဒ္ဓဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သည့် အဖွဲ့  မှန်ခဲ့လျှင် အဘယ် ကြောင့် ၂၀၀၇ စက်တင်ဘာ ရျွှေဝါရောင် တော်လှန်ရေးတွင် နအဖ စစ်အစိုးရ ၏ သံဃာထု အပေါ် အကြမ်းဖက်နိုမ်နင်း နေချိန်တွင် ဘာကြောင့် ဘုရားသားတော်တွေကို အကာအကွယ် မပေးခဲ့ ကြသနည်း။
ကရင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာ သာသနာထွန်းကားအောင် ဘာတွေ ကို ဒီကေဘီအေက လုပ်ဆောင်ခဲ့ပေးကြပြီးဖြစ်သနည်းဆိုဒါ မေးစရာ ဖြစ်လာပါသည်။ သည့်အပြင် နအဖ စစ်အစိုးရ၏ ညှင်းပမ်းနိုပ်စက်မှုကြောင့် ဒုက္ခပင်လယ်ဝေနေရသည့်  ကရင်လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရမည့် အစား နအဖ ဗမာ့စစ်အုပ်စုနည်းတူ ကရင် လူထုကို ညှင်းပမ်းနိုပ်စက်၊ ရွာတွေမှာ နည်းမျိုးစုံငွေကောက်ခံ၊ အတင်းစစ်သားစုဆောင်း၊ အပစ်မဲ့ရွာသားတွေ ကိုသတ်ဖြတ် စသည့် ရာဇ၀တ်မှုများကို ကျူးလွန်နေကြပါသည်။
ဇွန်လ ၂၀၀၉ တွင် ကေအန်ယူ တပ်မဟာ ၇ ကို ဒီကေဘီအေတို့  တိုက်စဉ်ကာလ ထိုင်းနိုင်ငံဖက်ခြမ်း ကမ်းနားတွင် နေထိုင်သော ရွာသား ဖါးအယ်ခလိန်(၀ဲပုံ) နှင့် ဖါးမော်ကလိုး(ယာပုံ) တို့ ကို ဒီကေဘီအေ တပ်တို့ က လာပစ်သတ်သွားသည့်ပုံ။ ဓါတ်ပုံ (ကေ၀ိုင်အို)



ကျန်ရစ်သူ မိသားစု များ - ဖါးအယ်ခလိန်း၏ ဇနီးနှင့် မွေးကင်းစ ကလေး(၀ဲပုံ) နှင့် ဖါးမော်ကလိုး ၏ ဇနီးနှင့်သားသမီးများ(ယာပုံ)။ ဓါတ်ပုံ-ကေ၀ိုင်အို


ယနေ့ ဖြစ်ပေါ်နေသော အရာများအားလုံးသည် နှောင်တချိန်မှာ သမိုင်းစာမျက်နှာမှာ ထင်ကျန်နေခဲ့မည့် အရာများဖြစ်သည်။ သမိုင်းဆိုသည်မှာ ခွင့်လွတ်၍ ရကောင်းရနိုင်ပါသည် သို့ သော် ဖုန်းကွယ်၍မရပါ၊ ဖျောက်ဖျက်ပစ်၍လည်းဘယ်တော့မှမရပါ။
နောင်တချိန်မှာ အရိုးတွေ ပြန်တွန်မည် ဆိုဒါကို ဗမာ့တပ်မတော် ခေါင်းဆောင်များနည်းတူ မြိုင်ကြီးငူဆရာတော် ဦးသုဇန လည်း သဘောပေါက်သင့်ပြီဖြစ်သည်။ ဆရာတော်ဦးသုဇန ကိုယ်တိုင် မူလ ရည်ရွယ်ချက် ဒီကေဘီအေ ကို ယခုကဲ့သို့  အမျိုးဘာသာ သာသနာ ကို ကာကွယ် ရမည့်အစား အမျိုးဘာသာ သာသနာ ကို ဂုဏ်သက္ခာငြိုးနွမ်းစေပြီး ဖျက်စီးနေသည့် အဖြစ်အပျက်များ ဤကဲ့သို့ မြင်တွေ့  လိုခြင်း ဖြစ်ချင်မှ ဖြစ်ပါမည်။
သို့ သော် ကရင်လူထုအတွင်း မီးတစ တစ နက်နက်ရှိုင်း ရှိုင်း လောင်ကျွမ်းနေလေပြီ။ ဤ မီးက ဆရာတော် ဦးသုဇန ကိုယ်တိုင် စတင်မွှေးခဲ့သော မီးဖြစ်ပါသည်။ ဆရာတော် ဦးသုဇန ကိုယ်တိုင်ပြန်ပြီး ငြိမ်းသတ်ရမည့် မီးဖြစ်ပါသည်။ အကယ်၍ ဦးသုဇန ထိုမီးကို ပြန်ပြီး မငြိမ်းသတ်နိုင် ခဲ့လျှင် သမိုင်းမှာ သူကိုယ်တိုင် ထိပ်ဆုံးမှ တရားခံဖြစ်မည်ဖြစ်သည်။
ဤနေရာတွင် အမျိုးဘာသာ သာသနာကို အသက်နှင့်လှဲပြီးကာကွယ်မည် ဟု ကမ္ဘာ ကြီးကို အံတုသော ပုဂ္ဂိုလ် တဦးနှင့်တွဲ၍ ဖေါ်ပြလိုပါသည်။
ထိုသူကား မွတ်ဆလင် ဘာသာဝင်တို့ အတွက်၊ အာလာအရှင်မြတ် ၏နိုင်ငံတော် အတွက် ဂျီဟတ် စစ်ပွဲကို ဦးဆောင် ဆင်နွဲ့ သူ အိုစမာဘင်လာဒင် ဖြစ်ပါသည်။ မြိုင်ကြီးငူဆရာတော် ဦးသုဇန နှင့် အိုစမာဘင်လာဒင် တို့ တူညီနေဒါ တစ်ခုသွား သတိထားမိပါသည်။ ၄င်းသည်ကား သူတို့ နှစ်ဦးစလုံးသည် လူတို့  ၏အသက်ဝိဥာဉ်ကို ချုပ်ငြိမ်းစေသည့် သေနတ် လက်နက်ကို ခုံမင်သဘောတွေ့  နေကြသည် ဆိုဒါ အောက်ပါ ပုံများက သက်သေခံနေပါသည်။ ဓါတ်ပုံ-အမည်မသိ
အိုစမာဘင်လာဒင်(ထိပ်-၀ဲပုံ)။ ဦးသုဇန (ဒီကေဘီအေ ကို တည်ထောင်သူ- ယာနှင့်အောက်ပုံများ)။

သမိုင်းမှာ ဂုဏ်ယူဝင်ကြွားစွာဖြင့် အမျိုး ဘာသာ သာသနာ အတွက် ပေးဆပ်ခဲ့သော ဆရာတော် များစွာရှိခဲ့ပါသည်။ ထိုဆရာတော်များ အနက် ရခိုင်အမျိုးသား ဆရာတော် ဦးဥတ္တမ ဟာထင်ရှားသူ တဦးဖြစ်ပါသည်။ ယနေ့ ထိထိုင် ဆရာတော်ကို အောက်မေ့ဖွယ် သတိရသောအနေဖြင့် နေ့ တစ်နေ့  ကို ရွေးချယ်ပြီး နှစ်စဉ် အများပြည်သူများက ဆရာတော်ဦးဥတ္တမကို အာဇာနည် အဖြစ် အသိအမှတ်ပြုကာ အခမ်းအနား ပွဲကိုကျင်းပလေ့ ရှိကြပါသည်။


ဓါတ်ပုံ။ အင်တာနက်စာမျက်နှာမှ
အထက်ပါ အကြောင်းအရာများကို ချုံငုံပြီးကြည့်လျှင် အားလုံးသော ထိုပုဂ္ဂိုလ် တို့ သည် အမျိုး ဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်သူများ အဖြစ်ကြွေးကြော် လုပ်ဆောင်သူများ ဖြစ်ကြသည်။ သို့ သော် ထိုပုဂ္ဂိုလ် ထူးတို့ ၏ မေတ္တာ ရေစီးကြောင်းများသည်တစ်ဦးနှင့်တစ်ဦး မတူညီကြ ပါလေတကား ဟုသုံးသပ် မိပါသည်။

Posted by Thaw Thi Kho

No comments: