Saturday, July 25, 2009

Friday, July 24, 2009
DKBA ကြောင့် ဒုက္ခသည်များ ထိုင်းသို့ ထပ်မံထွက်ပြေးလာ
ဗိုလ်ချုပ်မြသားငယ် နေစိုးမြ က တီမသေ၊ ဗိုလ်ထိန်မောင်တို့ နှင့်အတူ လိုက်သွားပြီးတဲ့နောက်ပိုင်း မကြာမီ ကာလအတွင်းမှာပင် ဗိုလ်ကြီးစောဌေးမောင် နှင့်အဖွဲ့ အလင်းဝင်လာ ကြောင်းလုပ်ကြံဇာတ် ဖန်တီးခဲ့ဘူးသည်။ ထိုအချိန် က ကေအန်အယ်လ်အေ စစ်ရုံးချုပ်မှဖြေရှင်းရာတွင် ဗိုလ်ကြီးစောဌေးမောင်ဆိုသူသည် KNLA ၂၀၁ တပ်တွင်မရှိကြောင်းဖြေကြားခဲ့သည်။ အမှန်စင်စစ

ဝေါလေခီးအရပ်မှ သူတို့ နှင့်နီးစပ်သူ ရွာသားများဖြစ်ကြောင်း နောက်ပိုင်းတွင် လေ့လာသိရှိရပါသည်။ ယခုတဖန် တပ်မဟာ ၆ တွင် DKBA နှင့် KPF တို့ က ကေအန်ယူ ဆီ တဖွဲဖွဲ ပြန်ဝင်လာသည်ကို မကျေနပ် ၍ လုပ်ကြံဇာတ်လမ်းထပ်ပြီးပြန်လုပ် ပြနေပါသည်။ ကရင်လူထုအတွင်း ထင်ယောင်ထင်မှားမျက်စိလည်အောင် တမင်လုပ်ကြံဖန်တီးခြင်းသာဖြစ်ပါသည်။ သူတို့  နှင့်နီးစပ်သော ဒီကေဘီအေ ကို အစားထိုး ပြဇာတ်တိုက်၍ ဖန်တီးထားခြင်းသာဖြစ်ပါ ကြောင်း နှင့် တပ်မဟာ ၆ မှ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်သားများ ပိုနေမြဲကျားနေမြဲ တည်ငြိမ် လျက်ရှိနေပါကြောင်း ကရင်လူထု ကို အသိပေးလိုက်ပါသည်။
Friday, 24 July 2009 17:04 သန်းထိုက်ဦး

ကရင်ပြည်နယ် ဘားအံ ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ကရင်ရွာသားများသည် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) က တပ်သားသစ် စုဆောင်းမှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးနေကြရ သည် ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုသည်။

Thailand Burma Border Consortium (TBBC)အဖွဲ့၏ ယမန်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ချက်၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယမ်းမြို့နယ် ဘက်သို့ ထွက်ပြေးလာသူပေါင်း ၂၀၀ ရှိသည်ဟု အဆိုပါကြေညာချက်တွင် ရေးသားထားသည်။

“DKBA တပ်များက တပ်သားသစ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးရိက္ခာ တောင်းခံခြင်းများ ပြုလုပ်နေသော သ တင်းများ ရရှိနေသည်” ဟု ထိုင်း မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)၏ ယမန် နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။


အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ အူးသူထ ဒုက္ခသည်စခန်းသို့ စုစုပေါင်း လူဦးရေ ၅၁၇ ဦး ထပ်မံ ရောက်ရှိလာကြောင်း လယ်ပေါ်ဟဲ စခန်း ဥက္ကဌ စောတာစူးညားက ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးလာသော ကရင်ရွာသား အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မဲ့လာအားခီး၊ ၀ါးမီးကလာနှင့် ကျော်ကေးထကျေးရွာဒေသခံများဖြစ်ပြီး အိမ်ထောင်စု ၈၀ ခန့် ရှိကြောင်း ၎င်း စောတာစူးညားက ဆိုသည်။

ယင်း ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန် လဆန်းပိုင်းမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နေရာ များလည်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစုပေါင်း ၄၀၀၀ ကျော်သည် မဲ့သဝေါနှင့် မဲ့သလေ မြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

KNLA တပ်မဟာ (၇) နယ်မြေအတွင်းရှိ စခန်းများကျဆုံးပြီးနောက်တွင် DKBA နှင့်မြန်မာစစ်တပ်သည် KNLA တပ်မဟာ (၅) နှင့် KNLA တပ်မဟာ (၆) ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အာရုံစိုက်လာသည်ဟုလည်း ထိုင်း-မြန်မာ နယ်စပ် မှလာသော သတင်းများနှင့် လေ့လာသူများ၏ အဆိုအရ သိရသည်။

မြန်မာစစ်အစိုးရသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမြန်မာနယ်စပ် တလျှောက်တွင်ရှိသော KNU လက် အောက်ခံ KNLA ထိန်းချုပ်ရာဒေသများကို အပြီးသတ်ရှင်းလင်းတိုက်ခိုက်ရန် ရည်ရွယ် ထားကြောင်း သိရသည်။

ထိုသို့ အပြီးသတ်ရှင်းလင်းခြင်းမှာ မြန်မာစစ်အစိုးရက တပ်ရင်းတရင်းတွင် တပ်ဖွဲ့ဝင် ၃၂၆ ဦးပါဝင်သည့် နယ်ခြားစောင့် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက်ဖြစ်ပြီး လက်ရှိတွင် DKBA က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် တပ်ဖွဲ့ဝင်အသစ်များ ကို အဓမ္မ စုဆောင်းမှုများပြုလုပ်နေ ကြောင်း သိရသည်။

ထို့အပြင် ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် မြန်မာ စစ်အစိုးရထံသို့ KNLA တပ်မဟာ ( ၆ ) တပ်ရင်း (၁၈ )မှ တပ်ခွဲ မှူး ဗိုလ်မှူး ၊ ဗိုလ်ကြီး အဆင့်ရှိ စောလေးကယ် အပါဝင် စုစုပေါင်း ၂၂ ဦး လက်နက်ငယ် ၈ လက်၊ ခဲယမ်း မျိုးစုံနှင့် အတူ လက်နက် စွန့်လွှတ်ပြီး ဥပဒေ ဘောင်အတွင်း ၀င်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက် နှင့် ပတ်သက်၍ KNU တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေကမူ ၎င်း၏ သက်ဆိုင်ရာ တာဝန် ရှိသူများကို လိုက်လံမေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ လက်နက်ချသည့် ဖြစ်စဉ် တစုံတရာ မရှိခဲ့ကြောင်း လုပ်ကြံဖန်တီးထား သည့် သတင်း ဖြစ်သည်ဟု အကြောင်းပြန်ကြားခဲ့သည်ဟု ပြောသည်။

“သူတို့ဘက်မှာလည်း လက်နက်ချတာတွေ ရှိတယ်ဆိုတဲ့အကြောင်းကို သူတို့ဖန်တီး လုပ်ယူတာဖြစ်တယ်”ဟု ၎င်း က ဆိုသည်။

နအဖ ထံသို့ သွားရောက်ပူးပေါင်းသူများသည် တဘက်နိုင်ငံ မယ်လ ဒုက္ခသည်စခန်း၌ နေထိုင်ကြသူများဖြစ်ကြောင်း ၎င်း တို့သည် ပြည်ပ အထောက်အပံ့များကိုယူ၍ အဆင်ပြေပြေနေထိုင်လျက်ရှိသော်လည်း လက်အောက်ခံတပ်ဖွဲ့ဝင်များမှာ ကိုယ့်ရိက္ခာ ကိုယ်ရှာဖွေ စားသောက်နေရပြီး အခက်အခဲများရှိသောကြောင့် ယခုကဲ့သို့ ဥပဒေဘောင် အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်းလည်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြပါရှိသည်။
Posted by Thaw Thi Kho

No comments: