Tuesday, August 4, 2009

ရိုသေကိုင်းရှိုင်းရာ ဘာသာတရားကို ထိပါးစော်ကားသော လုပ်ရပ်မျိုးကို လုပ်ဆောင်ခြင်းအား မည်သည့်အကြောင်းပြချက်နှင့်မျှ လက်မခံပါ။


စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်နီးလာချိန်နဲ့  လက်ရှိနိုင်ငံရေးအခြေအနေတွေအရ အရေးကြီးနေချိန်တွင် နအဖမှ သံဃာတော်တွေရဲ့  ဂုဏ်သိက္ခာများ ညှိုးနွမ်းစေရန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနေချိန်မှာ အင်တာနက်စာမျက်နှာပေါ်မှာ ရောက်ရှိလာခဲ့တဲ့ အောက်ဖေါ်ပြပါ ဓါတ်ပုံတစ်ပုံဟာ အတော့်ကို ဆိုးရွားလွန်းလှပါတယ်။


ဓါတ်ပုံထဲမှာ ပါဝင်သူတွေအနေနဲ့  ဘာသာတရားအရ ရိုသေလေးစားကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားနှင့် သားတော်များဖြစ်တဲ့ သံဃာတော်များ လွှမ်းခြုံရာ သင်္ကန်းတော်များကို ယခုလို ဆေးမှင်ကြောင်အတုတွေနဲ့ ဝတ်ရုံပြီး ဒီလိုမျက်နှာပေးများပေးကာ ဓါတ်ပုံရိုက်တာကတော့ အလွန်ကို မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မည်သို့ သော အကြောင်းပြချက်နှင့်မျှ မဆောင်ရွက်သင့်သော လုပ်ရပ်ဖြစ်ပါတယ်။ ဒီဓါတ်ပုံနဲ့  ဒီလုပ်ရပ်အတွက် ဓါတ်ပုံရိုက်သူကိုရော ဓါတ်ပုံထဲပါဝင်သူများ အားလုံးကို အထူး ရှုတ်ချလိုက်ပါတယ်။ နစ်နေမန်းဘလော့မှ ထပ်ဆင့်ဖေါ်ပြပါသည်။

No comments: