Monday, September 14, 2009

မိခင်ကေအဲန်ယူ အစည်းအရုံးသို့ ပြန်လာသော ဒီကေဘီအေ ရဲဘော်များကို ကရင်တမျိုးသားလုံးက နွေးထွေးစွာ ကြိုဆို။

ကြားဖြတ်သတင်း
၁၁ရက် စက်တင်ဘာလ ၂၀၀၉ ရက်နေ့ တွင် ဒီကေဘီအေ တပ်ရင်း(၇) တပ်ခွဲ(၂)မှ တပ်ဖွဲဝင် (၆)ဦးသည် AR စက်လတ်တစ်လက်၊ M79 တစ်လက်၊ AK47 (၄)လက် နှင့်၎င်းတို့ ၏မိသားစုဝင်များ မိခင်အစည်းအရုံး ကေအဲန်ယူ တပ်မဟာ(၇) သို့ ပြည်လည်ပူးပေါင်းကြောင်းသတင်းရရှိပါသည်။
မိခင်ကေအဲန်ယူ အစည်းအရုံးသို့ ပြန်လာသော ဒီကေဘီအေ ရဲဘော်များကို ကရင်တမျိုးသားလုံးက နွေးထွေးစွာ ကြိုဆိုပါသည်။
နအဖ စစ်ခွေးတွေ ခိုင်းသမျှ လိုက်လုပ်နေရတဲ့ဘ၀မှ မင်းတို့  ရုန်းထွက်နိုင်ခဲ့ပြီဖြစ်၍ ကရင်တမျိုးသားလုံးက မင်းတို့ အတွက် ၀မ်းသာမျက်ရည်ဖြင့် လက်ကမ်းကြိုလျက်ပါ…ကျန်ရှိနေသေးတဲ့  သူများလည်း…အမြင်မှန်ရလာစေရန် အတွက် ကရင်တမျိုးသားလုံး နားမလည်သူတွေကို စိတ်ရှည်စွာရှင်းပြပြီး ၀ိုင်းဝန်းဖိအားပေးကြ စေလိုပါသည် …ဒီလိုမှမဟုတ်ရင်…နအဖ စစ်ခွေးတွေ ရဲ့ တိုက်ခွေးတွေအဖြစ် ဆက်လက်အသက်ရှင်နေရင် သူတို့  (ဒီကေဘီအေ)ရဲ့ဘ၀သည် ကရင့်သမိုင်းမှာ ရာဇ၀င်ရိုင်းမယ်…..ဆိုဒါ….သိစေချင်ပါသည်။

No comments: