Wednesday, October 7, 2009

စစ်ပြေးကရင်ဒုက္ခသည်(IDP)များအတွက် ရံပုံငွေရှာပွဲကျင်းပရန်ရှိခြင်း

အောက်တိုဘာလ ၇၊ ၂၀၀၉
စောကျော်ခွိ

မဟာလူမျိုးကြီးဝါဒ လက်ကိုင်ထားသော နအဖ စစ်ရာဇဝတ်ကောင်များ၏
ကရင်တိုင်းရင်းသားများအပေါ်မျိုးဆက်တုန်း၊ လူမျိုးတုန်း သတ်ဖြတ်စစ်ပွဲ
များကြောင့် မိမိတို့အိုးအိမ်၊ မြေယာများကိုစွန့်ပြေးရင်းအသက်လုထွက်ပြေး
လာခဲ့သောရွာသူ၊ ရွာသားများသည် ထိုင်း-မြန်မာနယ်စပ်များတွင်
ဒုက္ခရောက်လျက်ရှိကြပါသည်။

ရံပုံငွေရှာပွဲ လက်ကမ်းစာစောင်

ထိုင်း-မြန်မာနယ်စပ်၌ရှိသော မျှော်လင့်ချက်မဲ့ စစ်ပြေးကရင်ဒုက္ခသည်(IDP)များအတွက် အဝေးရောက်
ကရင်မျိုးချစ်များမှ AKO's October Fundraising ရံပုံငွေရှာပွဲတစ်ခုကို သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့ တွင်
အောက်တိုဘာ (၁၀)ရက်နေ့ ၌ ကျင်းပမည်ဖြစ်သည်။

ထိုပွဲကို Australian Karen Organisation(AKO)မှ ကျင်းပမည်ဖြစ်သည်။
ထို ရပုံငွေရှာပွဲကို ညနေ (၃) နာရီတိတိ၌စတင်မည်ဖြစ်ပြီး
ည (၇) နာရီတွင် ပြီးစီးမည်ဖြစ်သည်။ ထိုပွဲမှရရှိသော ရံပုံငွေများအားလုံးကို ထိုင်း-မြန်မာနယ်စပ်ရှိ
(IDP) ဒုက္ခသည်များအတွက် ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။

ကျင်းပမည့်နေရာ
Villawood Senior Citizen"s Hall
Villawood Road
Villawood NSW 2163

ဆက်သွယ်ရန်
စောလွင်ဦး-04 12 3440 09
ဒန်နရယ်ဇူး-04 34 0599 03

No comments: