Tuesday, December 15, 2009

ကရင်ပြည်နယ် သံတောင်မြို့ နယ် မော်ကိုးဒါးနှင့် ဘောဂလိကြီး ရွာကြား တိုက်ပွဲသတင်း


KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ကွန်မန်ဒို ခိုဖိုသူး တပ်ဖွဲ့ ဝင်တစ်ဦး
တောင်ငူခရိုင် - တပ်မဟာ(၂)

ကရင်ပြည်နယ် သံတောင်မြို့ နယ် ၁၁၊ ၁၂၊ ၂၀၀၉ ရက်နေ့  ၁၃း၄၅ နာရီ အချိန်၌ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် မတော် တပ်မဟာ(၂) တပ်ဖွဲ့ ဝင်များက နအဖ စစ်တပ်အား မော်ကိုးဒါးနှင့် ဘောဂလိကြီး ရွာကြားတွင် ပစ်ခတ်ရန် နအဖ စစ်တပ်မှ (၇)ဦးသေ၊ (၃)ဦးဒဏ်ရာ ရရှိကြောင်း သတင်းရရှိပါသည်။ သေဆုံးသူများထဲတွင် နအဖ တပ်မှ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ဦးပါဝင် ကြောင်း ကေအဲန်ယူ သတင်းထုတ်ပြန်ချက်မှ ဖေါ်ပြထားပါသည်။ သည့်ပြင် 9 mm ၁လက်၊ K-3 မော်တာ တလက်၊ K-3 ၃လက်၊ စုစုပေါင်း(၅)လက်၊ ကျဉ်ကပ် ၁၁ ကပ် နှင့် ကျည်တောင့် ၁၅၀ ကို ကေအဲန်အယ်လ်အေ ကရင့်အမျိုးသားလွတ် မြောက်ရေးတပ်မတော်မှ သိမ်းဆည်းရမိသည် ဟုဖေါ်ပြထားပါသည်။

မှတ်ချက်။ ။ ကေအဲန်ယူ ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြသည်။

No comments: