ဆစ်ဒနီမြို့ရှိ Granvill Townhall တွင် ကျင်းပပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် ဟောပြောရေးအစီအစဉ်၊ ယဉ်ကျေးမှုအစီအစဉ်နှင့် ခေတ်ပေါ်တေးဂီတအစီအစဉ်များဖြင့် အစီအစဉ် ၃ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ကြသည်၊
အဆိုပါအခမ်းအနားသို့ ဆစ်ဒနီရှိ ကရင်အမျိုးသားများ၊ မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ သြစတြေးလျားနိုင်ငံသားများ၊ ဗစ်တိုးရီးယားပြည်နယ်မှ ကရင်ဒုံးယိမ်းအဖွဲ့များနှင့် ကွင်းစလန်း ပြည်နယ်မှ ကရင်အမျိုးသားများမှ တပျော်တပါးဖြင့် ဆစ်ဒနီကရင် နှစ်သစ်ကူးပွဲတော်ကို လာရောက်ဆင်နွဲခဲ့ကြသည်၊
ထို့အပြင် အထူးဧည့်သည်တော်အဖြစ် ဆစ်ဒနီကို ရောက်ရှိလာသည့် ကေအဲန်ယူကိုယ်စားလှယ် ပဒိုသူရဲမှ အမှာစကားများ ပြောကြားသွားခဲ့သည်၊
No comments:
Post a Comment