Monday, September 6, 2010

ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲအခမ်းအနား ကျင်းပရန်ရှိခြင်း

ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲ အခမ်းအနားတခုကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့တွင် အောက်တိုဘာလ (၉)ရက် စနေနေ့တွင် ညနေ(၄)နာရီမှ ည(၈)နာရီကျင်းပရန်ရှိပါသည်။

သြစတြေးလျားကရင်အမျိုးသားအဖွဲ့(AKO)ဆစ်ဒနီ၏ Youth Deparment မှစီစဉ်ကျင်းပသော ထို ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲအခမ်းအနားသည် မြန်မာပြည်အရှေ့ဖက်ခြမ်းရှိ ဒုက္ခသည်များအတွက် ရံပုံငွေရှာပွဲပင်ဖြစ်သည်။


ကျင်းပမည့်နေရာ
Granville Town Hall
10 Carlton St
Graville NSW 2142

ထိုအခမ်းအနားတွင် အစားအစာ ဈေးရောင်းချခြင်းများ ပါဝင်မည်ဖြစ်သည်။
ဈေးရောင်းချခြင်းအစီအစဉ်ကို ညနေ(၃)နာရီ တိတိတွင် စတင်မည်ဖြစ်ပါသည်။

ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို ဆုများ အသီးသီးချီးမြင့်သွားမည်ဖြစ်သည်။

အသက်(၁၂)နှစ်အောက်မှအပ လူတဦးလျှင်ဝင်ကြေး (၅)ဒေါ်လာ သတ်မှတ်ထားပြီး ပြိုင်ပွဲပါဝင်ဆင်နွဲလိုသူများ နော်ဂရေ့စ်(Grace Elwinu)ထံတွင် စာရင်းပေးသွင်း ထား ရမည်ဖြစ်သည်။

ဆက်သွယ်ရန်
Saw Lwin Oo - 0412 344 009 end_of_the_skype_highlighting
Daniel Zu - 0434 059 903
Grace Elwinu -0422 851 007

No comments: