Tuesday, May 10, 2011

မလေးရှား NGO တို့၏ သတင်းစာရှင်းလင်းပွဲ

Monday, May 9, 2011



ယမန်နေ့ ၀၈-၀၅-၂၀၁၁၊ မွန်းလွဲ (၃)နာရီအချိန်တွင် ကွာလာလမ်ပူမြို့တော်ရှိ Center Market ၌
မလေးရှား NGO ခေါင်းဆောင်များက မလေးရှားရောက်နိုင်ငံအသီးသီးမှဒုက္ခသည်အဖွဲ့အစည်းခေါင်း ဆောင်များကိုတက်ရောက်စေပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် Bar Council ဥက္ကဋ္ဌ Mr. Lim Chee Wee ၊ Suaran NGO ကိုယ်စားလှယ် Ms.Cynthia နှင့် ရှေ့နေကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပြီး Mr.Lim Chee wee စကားပြောအပြီး
တွင် သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။

''ကျွန်တော်တို့တွေရဲ့ တောင်းဆိုတင်ပြမှုတွေဟာ နှစ်(၆၀)ကြာညောင်းပြီးသည့်တိုင် မလေးအစိုးရက
အကောင်အထည်မဖေါ်ပဲ မကြာခင်က ဘာကြောင့် သြစတြေးလျအစိုးရနဲ့ သဘောတူညီမှုရခဲ့တာ
လည်းဆိုတာ နားမလည်နိုင်ကြောင်း၊ ကျွန်တော်တို့တွေဟာ လူလူချင်း အခြေခံအခွင့်အရေးများညီတူ
ညီမျှ ရရှိနိုင်ဖို့ ဒုက္ခသည်တွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖေါ်ထုတ်ပေးနေရတာဖြစ်ကြောင်း၊ ဒုက္ခသည်တွေကို မလေးရှား အစိုးရက အသိအမှတ်မပြုသေးတဲ့အတွက် လက်ရှိ မလေးရှားမှာရှိနေတဲ့ ဒုက္ခသည်တွေရဲ့ဘ၀က အဓိပ္ပါယ် မရှိနိုင်ကြောင်း၊ ညှင်းဆဲ သတ်ဖြတ်ခံရမှာမို့ အိမ်ပြန်ဖို့မဖြစ်နိုင်တဲ့ ဒုက္ခသည်တွေရဲ့ အနာ ဂတ်နဲ့ပတ်သက်လို့ ကျွန်တော်တို့တွေဟာ အခြေခံလူ့အခွင့်အရေးတွေကို မလေးရှားအစိုးရကနေ မျှော်လင့်ကြောင်းနှင့် ဥပဒေကို ချိုးဖေါက်ပြီး တရားမ၀င် ၀င်ရောက်လာတာတွေကိုလည်း လူသားရဲ့ အခြေခံဥပဒေကို လေးစားရမှာဖြစ်ကြောင်း'' Mr. Lim ကပြောကြားသွားပါသည်။

ဆက်လက်၍ Mr. Lim က-
အရှေ့တောင်အာရှနိုင်ငံအနေဖြင့်လည်း လူ့အခွင်းအရေးများနှင့် ဒုက္ခသည်တို့၏ ရပိုင်ခွင့်များကို အသိအမှတ်ပြုပြီး နိုင်ငံတကာက သိရှိလက်ခံနိုင်ရန် တင်ပြရမည်ဖြစ်သည်။ UNHCR အသိအမှတ်ပြု
ကဒ်ကိုင်ဆောင်ထားကြသော ဒုက္ခသည်(၉၀၀၀၀)ကျော်အနေဖြင့် မလေးရှားမှာရှိသော နိုင်ငံသား
များနှင့် ခွဲခြားဆက်ဆံခံရခြင်းသည် မှန်ကန်သောနည်းလမ်းမဟုတ်ပေ။ သို့ဖြစ်၍ အပြည်ပြည်ဆိုင်
ရာအဖွဲ့အစည်းများ၊Bar Council၊ NGO အဖွဲ့အစည်းအသီးသီးကလည်း မလေးရှားအစိုးရကို တွန်း
အားပေးပြီး Convention ကို ပါဝင်လက်မှတ်ရေးထိုးစေရန်နှင့် မလေးရှားနိုင်ငံတွင် ဒုက္ခသည်များ
မည်သို့မည်ပုံ နေထိုင်စားသောက်ပြီး ဘာအကြောင်းကြောင့် ဒီနိုင်ငံတွင် ရောက်ရှိနေထိုင်ရသည့်
အရင်းအမြစ်များကို သတင်းမီဒီယာမှတစ်ဆင့် တင်ပြပြောဆိုရမည်ဖြစ်ကြောင်း ပြောကြားသွားပါ
သည်။

No comments: